Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အခက်အခဲရှိမယ်ဆိုတာ သိထားပြီးသား၊ ဘယ်လောက် အခက်အခဲကြုံကြုံ စိတ်လျှော့လိုက်တာ နောင်တရတာမျိုး ဘာမှမရှိဘူး”

“အခက်အခဲရှိမယ်ဆိုတာ သိထားပြီးသား၊ ဘယ်လောက် အခက်အခဲကြုံကြုံ စိတ်လျှော့လိုက်တာ နောင်တရတာမျိုး ဘာမှမရှိဘူး”

0
By Editor on December 28, 2021 Featured

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့နွေဦးတော်လှန်ရေး စတင်လာပြီးတဲ့နောက်မှာတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားသူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို သတင်းယူနေတဲ့ သတင်းမီဒီယာသမား အမြောက်အများကိုလည်း ဖမ်းဆီးထောင်ချခံခဲ့ကြရပါတယ်။

တချိူ့ သတင်းမီဒီယာသမားတွေကတော့ တော်လှန်ရေးနယ်မြေထဲကိုရောက်ရှိသွားပြီး ကလောင်တံကိုင်တဲ့လက်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်လာခဲ့ကြပါတယ်။ အဲဒီထဲမှာ ချင်းလူငယ်သတင်းသမား ဆလိုင်းဘင်နဇာလည်း ပါဝင်ပါတယ်။

ဆလိုင်းဘင်နဇာဟာ ပြည်မမီဒီယာတွေဖြစ်တဲ့ Eleven၊ DVB စတဲ့ သတင်းဌာနတွေအပြင် ချင်းသတင်းဌာနတွေဖြစ်တဲ့ The Chinland Post, Chin World, Khonumthung သတင်းဌာနတွေမှာလည်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ နွေးဦးတော်လှန်ရေးဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ သတင်းသမားဘဝကို စွန့်လွှတ်ပြီး ချင်းအမျိုးသား တပ်ဦး (CNF/CNA) လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။

သူအနေနဲ့ သတင်းသမားဘဝကို ဘာကြောင့်စွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဘာကြောင့်ရွေးချယ်ရတာပါလဲ။ သူ့ရဲ့ အနာဂတ်ရည်မှန်းချက် အိမ်မက်တွေက ဘာတွေပါလဲ။ ဆလိုင်းဘင်နဇာကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ သတင်းထောက်ဘဝကနေပြီးတော့ လက်နက်တော်လှန်ရေးလမ်းစဉ်ကို ဘာကြောင့် ရွေးချယ်ဖြစ်ရတာလဲ။

ဖြေ။ ။ အဓိကတော့ အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ သတင်းတွေ တောက်လျှောက်လိုက်ရတယ်။ လိုက်ရတဲ့အချိန်မှာ ကျွန်တော်အနေနဲ့ နကိုယ်ကတည်းက ဒီစစ်အာဏာရှင်ကို လုံးဝအလိုမရှိတဲ့သူ ဖြစ်တဲ့အတွက် သတင်း ထောက်လုပ်နေရင်းနဲ့ အဲ့သတင်းတွေကို လိုက်ရတဲ့အခါမှာ၊ ပြီးတော့ ဆန္ဒပြတဲ့သူတွေကို တွေ့ရတဲ့အခါမှာ စိတ်က ဘယ်လိုမှ မခံစားရနိုင်ဘူးပေါ့။ ကျွန်တော်ကိုယ်တိုင် ဝင်ပါချင်တဲ့စိတ်က အမြဲတမ်းဖြစ်ပေါ်တယ်။ ဒါပေမယ့် အစပိုင်းမှာက ကျွန်တော်က ဒီကျွန်တော်တို့သတင်းထောက်အနေနဲ့ လုပ်နိုင်တဲ့အပိုင်းတွေရှိမယ်ဆိုပြီးတော့ ကျွန်တော်ကြိုးစားပြီးတော့ ဒီသတင်းတင်ဆက်တဲ့အပိုင်းမှာ တာဝန်ယူခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ ဒီတော်လှန်ရေး ထဲမှာ ကိုယ်တိုင်ဝင်ရောက်ချင်စိတ်၊ ဒီစစ်အစိုးရကို၊ စစ်ကောင်စီကို တော်လှန်လိုစိတ်ကို အရမ်းပြင်းပြတဲ့အတွက်ကြောင့် ကျွန်တော်ဒီသတင်းလောကကနေ နှုတ်ထွက်ပြီးတော့ ဒီတော်လှန်ရေးလောကထဲ ဝင်ရောက်ရခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီလိုမျိုး တော်လှန်ရေးလောကထဲကို ဝင်ရောက်လာရတဲ့အခါမှာ နောင်တရခဲ့တာမျိုးရောရှိလား။

ဖြေ။ ။ နောင်တရခဲ့တာတော့မရှိဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်ကိုယ်နှိုက်ကိုယ်က ဒီတော်လှန်လိုစိတ်ပြင်းပြတဲ့အတွက် ဝင်ရောက်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်သတင်းထောက်အလုပ်ကို အရမ်းသံယောစဉ်ရှိပေမယ့် ဒီစစ်အစိုးအရကို တော်လှန်မယ်ဆိုတဲ့ဆန္ဒတခုထဲရှိတဲ့အတွက် နောင်တရတာမျိုးမရှိပါဘူး။

မေး။ ။ တော်လှန်ရေးထဲမှာဝင်လာပြီဆိုတော့ အနာဂတ်မှာရော ဘယ်လိုမျိုးမျှော်လင့်ထားတာမျိုးရှိလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ ဒီတော်လှန်ရေးထဲကို ဝင်ရောက်ပြီဆိုကတည်းကတော့ အနာဂတ်ကိုတော့ သိပ်မျှော်လင့်မထားတော့ဘူးပေါ့။ ဘာလို့လဲဆိုရင် အချိန်မရွေးအသက်လည်း သေနိုင်တယ်။ တခုခုလည်း ဖြစ်ရင်ဖြစ်နိုင်တယ်။ အဲ့တော့ အနာဂတ်ကို ကြိုတင်တွေးထားတာတော့မရှိဘူး။ ဒါပေမယ့် ကျွန်တော် ရည်မှန်းထားတဲ့ဟာကတော့ ဒီစစ်အစိုးရ၊ စစ်ကောင်စီကို တော်လှန်ပြီးတော့ ကျွန်တော့်အနေနဲ့ ချင်းတယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ချင်းအမျိုးသားရေးအတွက်လည်း သက်ဆုံးတိုင်အောင် အလုပ်လုပ်သွားဖို့ ကျွန်တော်ဆုံးဖြတ်ထားတာဖြစ်တယ်။

မေး။ ။ ဒီတော်လှန်ရေးကြီး မပေါ်ပေါက်ခဲ့ဘူးဆိုရင် ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်နေမယ်လို့ ထင်လဲ ဒီအချိန်မှာ။

ဖြေ။ ။ အဓိကတော့ ကျွန်တော်က သတင်းထောက်တစ်ယောက်ဆိုတော့ အဲ့သတင်းလုပ်ငန်းနဲ့ ပက်သက်တဲ့ဟာတွေပဲ တောက်လျှောက်လုပ်သွားဖို့ ကျွန်တော့်အနေနဲ့ရည်မှန်းတာတော့ရှိခဲ့တယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ ချင်းမီဒီယာအတွက် ကိုယ်ပိုင်မီဒီယာတစ်ခု ဖြစ်မြောက်နိုင်ဖို့လည်း ကျွန်တော်တွေးထားတာ၊ ရည်မှန်းထာတာရှိခဲ့တယ်။ ဒါပေမယ့် အခုလက်ရှိအနေနဲ့တော့ တော်လှန်ရေးထဲဝင်ပြီဆိုတော့ ကျွန်တော်အရင်တုန်းက ရည်မှန်းထားတဲ့ဟာတွေလည်း မရှိတော့ ဘာမှမရှိတော့ဘူး။

မေး။ ။ အခု တော်လှန်ရေးထဲ စတင်ဝင်ရောက်တဲ့အခါမှာရော ကြီးကြီးမားမား စွန့်လွတ်ခဲ့ရတာတွေရောရှိလား။

ဖြေ။ ။ ကြီးကြီးမားမား စွန့်လွတ်ခဲ့ရတာတော့ အဓိကတော့ မိသားစုကလည်း ပြောရမယ်ဆိုရင်တော့ လုံးဝ သဘောမတူဘူးဆိုတာတော့ ဒီမိဘတိုင်း၊ မိသားစုတိုင်းက ကိုယ့်ရဲ့သွေးချင်းတယောက် ဒီလိုမျိုး ဖြစ်တဲ့ဟာမျိုးကို ဘယ်သူမှ လိုချင်တာမျိုးမဟုတ်ဘူးလေ။ အဲ့တာမျိုးတွေရှိခဲ့တယ်။ ပြီးတော့ စွန့်လွတ်ရတဲ့ ကြီးကြီးမားမားတစ်ခုကတော့ ကျွန်တော့်ရဲ့ Professional အလုပ်တစ်ခုဖြစ်တဲ့ သတင်းလောကကို လုံးဝစွန့်လွတ်ပြီးတော့ ဒီတော်လှန်ရေးထဲ ဝင်ပါတယ်ဆိုတော့ အဲ့တာ လုံးဝ အကြီးမားဆုံး စွန့်လွတ်မှုပါပဲ။

မေး။ ။ လက်နက်ကိုင်တော်လှန်ရေးထဲဝင်တဲ့အခါမှာ လေ့ကျင့်ရေးတွေရှိမှာပဲလေ အဲ့မှာရော ဘာတွေ အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲကတော့ ကျွန်တော့်အနေနဲ့ ငယ်စဉ်ကတည်းက ဒီအားကစားလုပ်ခဲ့တဲ့သူလည်းမဟုတ်ဘူး၊ လေ့ကျင့်ခန်းတွေလည်း သိပ်လုပ်ခဲ့တဲ့သူလည်း မဟုတ်တဲ့အခါကျတော့ ဒီတော်လှန်ရေးလုပ်တဲ့အခါမှာ သင်တန်းတက်ရတဲ့အချိန်တို့၊ ပြေးရ၊ လွှားရတယ်၊ လေ့ကျင့်ခန်းတွေ လုပ်ရတဲ့အခါမှာ အဲ့တာမျိုးတွေ၊ ဒီအခက်အခဲတချို့ တော်တော်လေးတော့ ပင်ပန်းတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီးတော့ မရရအောင် ကျွန်တော်ကြိုးစားခဲ့ပါတယ်။

မေး။ ။ အဲ့လိုအခြေအနေမျိုးမှာရော အိမ်ကိုလွမ်းတာတွေ စိန်ခေါ်မှုတွေကြုံခဲ့ရလား။

ဖြေ။ ။ ကျွန်တော်က သွားကတည်းက ဆုံးဖြတ်ထားတာက အခက်အခဲရှိမယ်ဆိုတာ သိထားပြီးသား။ အဲ့တော့ ကျွန်တော့်အနေနဲ့ ဘယ်လောက်အခက်အခဲကြုံကြုံ စိတ်လျှော့လိုက်တာမျိုး၊ ဒါမဟုတ် တခုခု နောင်တရတာမျိုးတော့ ဘာမှမရှိဘူး။

မေး။ ။ ကိုဆလိုင်းဘင်နာဇာလို တော်လှန်ရေးလုပ်နေတဲ့ သူငယ်ချင်းတွေလည်းရှိမယ်။ သတင်းသမားတွေလည်းရှိမယ်။ လူမှုအဖွဲ့အစည်းထဲကသူတွေရောရှိမယ်။ သူတို့ကိုရော ဘယ်လိုမျိုးအားပေးစကားပြောချင်လဲ။

ဖြေ။ ။ အဓိက ကတော့ ကျွန်တော်တို့တော်လှန်ရေးလုပ်တယ်ဆိုတာက စစ်အာဏာစသိမ်းပြီးတော့ ဘယ်သူမှ စစ်အာဏာရှင်စနစ်ကို မလိုချင်တော့တဲ့အခါမှာ တော်လှန်ရေးတိုက်ပွဲဝင်ဖို့ လာတဲ့သူတွေအများကြီးရှိတယ်။ အဲ့တော့ အဓိကတော့ အရင်ကတည်းက ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကြိုတင်မမျှော်လင့်ထားတဲ့သူတွေကြီးပဲ။ အဲ့တော့ ကြုံရတဲ့ အခက်အခဲတွေကတော့ မျိုးစုံရှိမယ် ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဘယ်လောက်ပဲအခက်အခဲကြုံရကြုံရ၊ ဘယ်လောက်ပဲ စိတ်ဓာတ်ကျကျ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို မမေ့ဖို့လိုတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်ကို ဖြုတ်ချရေး၊ ကျွန်တော်တို့ အနာဂတ်ကို ဖယ်ဒရယ်ပြည်ထောင်စု ပြန်လည်တည်ဆောက်ဖို့၊ ကျွန်တော်တို့အနေနဲ့ အသက်ပဲစွန့်ရစွန့်ရဆိုပြီး ဒီလိုမျိုးဝင်လာတဲ့သူတွေကြီးပဲဖြစ်တယ်။ ဒါကြောင့် ဒုက္ခဘယ်လောက်ပဲကြုံကြုံ ကျွန်တော်တို့အနေနဲ့ အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ ဒုက္ခဘယ်လောက်ပဲကြုံကြုံ ကျွန်တော်တို့အနေနဲ့ သည်းခံဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲအာရုံစိုက်ပြီးတော့ အားလုံးတိုက်ပွဲဝင်ကြမယ်လို့ ကျွန်တော်က တိုက်တွန်းချင်ပါတယ်။

မေး။ ။ ဒီတော်လှန်ရေးပြီးသွားပြီဆိုရင် ဘာလုပ်ဖို့ရည်မှန်းချက်ရှိလဲ၊ အိမ်မက်ရှိလဲ။

ဖြေ။ ။ ကျွန်တော်အနေနဲ့ တော်လှန်ရေးပြီးသွားရင် မျှော်မှန်းချက်များများစားစားမရှိဘူး၊ ကျွန်တော်ရဲ့ ခံယူချက်က အခု ဒီတော်လှန်ရေးအတွက် ကျွန်တော်ပေးဆပ်တဲ့ဟာ တသက်လုံးစာအတွက် ပေးဆပ်တယ်လို့ ကိုယ့်ဟာကိုယ်ခံယူတယ်၊ ဒါကြောင့် တော်လှန်ရေးပြီးသွားရင်လည်း ချင်းအမျိုးသားရေးနဲ့ ပတ်သက်တဲ့ဟာတွေပဲ ကျွန်တော်က တောက်လျှောက်လုပ်သွားဖို့ လိုအပ်တဲ့နေရာမှန်သမျှ ကျွန်တော်တတ်နိုင်သမျှ ချင်းအမျိုးသားရေးအတွက်လုပ်သွားဖို့ ကျွန်တော် စဉ်းစားထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.