မီဇိုရမ်ပြည်နယ်ရှိ ယက္ကန်းသမား လျှော့နည်းလာ

0

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်ရှိ ယက္ကန်းသမား များ သိသိ သာသာ လျှော့နည်းလာကြောင်း သိရသည်။

အခုလိုယက္ကန်းသမား လျှော့နည်းလာခြင်းမှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာခြင်း၊ ငွေလှဲနှုန်းကျဆင်းခြင်း နှင့် မြန်မာနိုင်ငံအတွင်း ယက္ကန်း လုပ်ငန်းများ ပိုမိုဖြစ်ထွန်း ကောင်းမွန်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြ သည်။

“ ဟုတ်ပါတယ်၊ ယက္ကန်းသမား တသုတ်ပြီးတသုတ် ပြန်ကုန်ကြပြီ၊ နောက်ထပ်ပြန်မဲ့သူတွေလည်း ရှိနေသေး တယ်။ ယခင် Zuangtui ရက်ကွက်မှာ ယက္ကန်းသမား ၈၀၀ ကျော်ရှိတဲ့ဟာ ခုဆိုရင် ၅၀၀ ဝန်းကျင် လောက် ပဲရှိတော့တယ်” ဟု မီဇိုရမ်ပြည်နယ်တွင် ၁၀ နှစ်ကျော် နေထိုင်သူ ယက္ကန်းသမား တဦးက ပြောသည်။

ယက္ကန်းသမားများ လျှော့နည်းလာခြင်းအားဖြင့် ယက္ကန်းပိုင်ရှင် နှင့် ယက္ကန်းသမားအကြား ဆက်ဆံ မှုများ ပိုမို ကောင်းမွန်လာကာ အထည်လက်ခများလည်းတိုးလာကြောင်း သိရသည်။

အစိုးရသစ်တက်လာတဲ့ နောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ စစ်ကိုင်းတိုင်း၊ မုံရွာ နှင့် ကလေးမြို့ နယ်များ တွင် ယက္ကန်းလုပ်ငန်းကို သိသိသာသာ တိုးချဲ့လာကြပြီး ယက္ကန်းဈေး ကွက်စီးပွားရေးလည်း အလွန် ကောင်းမွန် ကြောင်း ကလေးမြို့တွင် နေထိုင်သူ ယက္ကန်းပိုင်ရှင် တဦးက ယခုလိုပြောပါတယ်။

“ ကျနော်တို့ ယက်လုပ်တဲ့ အထည်ကို ကလေးမြို့၊ တာဟန်း အထည်ဆိုင်တွေမှာ ပေးတယ်။ အထည်တွေကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော် ကို တင်ပို့တယ်” ဟု ပြည်တွင်း ယက္ကန်းပိုင်ရှင် တဦးက ပြောသည်။

ဆက်လက်ပြီး “ကလေးမြို့နယ်တွင် တနေ့ပြီးတနေ့ ယက္ကန်းစင်တိုးလာတယ်၊ ကလေးမြို့ နယ် တောင်သာ ရပ်ကွက်ဆိုရင် အိမ်တိုင်းလိုလို ယက္ကန်းကိုယ်စီရှိနေပြီ၊ ယက္ကန်းမရှိတဲ့ အိမ်ဆိုရင် ခပ်ရှားရှားဖြစ်မှာပါ” လို့ ထပ်မံပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ယက္ကန်းလုပ်ငန်းကို လုပ်ကိုင်နေသူများမှာ မုံရွာ၊ ရွှေဘို၊ ကလေး နှင့် ချင်းပြည် နယ်မှ ဒေသခံ များဖြစ်ကြသည်။

Share.

About Author

Comments are closed.