Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
ပုံစာ - ခဝဲကျေးရွာနှစ်ခြင်းအသင်းတော် သင်းအုပ်ပါစတာ သိက္ခာတော်ရ ဆရာ ဦးလိုဒိန်း

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

0
By Editor on May 30, 2025 Featured

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီလက်ထဲကနေအလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် အာရက္ခအစိုးရအုပ်ချုပ်ရေးလည်ပတ်နေတာ ခုဆိုရင် ၁ နှစ် ကျော်ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီ ကင်းစင်ပြီဖြစ်တဲ့ ပလက်ဝမြို့နယ်မှာ ULA/AA က အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ပလက်ဝဒေသခံပြည်သူတွေဟာ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရပြီး ယနေ့ချိန်ထိ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရဆဲလို့ ပလက်ဝမြို့နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် ULA/AA ဟာ ပလက်ဝမြို့နယ်မှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်တာ၊ ခရစ်ယာန်ဘုရားကျောင်းဝတ်ပြုမှုဆိုင်ရာ ကိစ္စတွေကို ကန့်သတ်တာ၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးတယ်ဆိုပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာအပြင် ဒေသခံအမျိုးသမီးတွေကို မုဒိမ်းပြုကျင့်တာနဲ့ တရားခံမပေါ်တဲ့ သုံးလောင်းပြိုင် လူသတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် MBC က အသိအမှတ်ပြုထားတဲ့ အမှုတော်ဆောင်ဆရာလည်းဖြစ်၊ ပလက်ဝမြို့နယ် ခဝဲကျေးရွာနှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ပါစတာတစ်ပါးဖြစ်သူ သိက္ခာတော်ရ ဆရာ ဦးလိုဒိန်းကို ULA/AA ဗိုလ်ကြီးတစ်ဦးဆိုသူက အပြင်းအထန် ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သိက္ခာတော်ရဆရာ ဦးလိုဒိန်းကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ဆရာက ခဝဲကျေးရွာမှာ ဘယ်လိုပုံစံမျိုးနဲ့ အမှုတော်ဆောင် တာလဲ? ဘယ်လောက်ကြာပြီလဲ?

ဖြေ။ ကျွန်တော်က ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်း ချုပ် ဓမ္မဝန်ဆောင်ကဒ်အမှတ်- ၁၂၁၂၄ ကို ကိုင်ဆောင်တဲ့ သိက္ခတော်ရ ပါစတာတစ်ပါးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ကျမ်းစာ ကျောင်းဆင်းပြီးကတည်းက အမှုတော်ထဲမှာပါဝင်ပြီး ကြားကာလမှာလဲ ကျမ်းစာကျောင်း ဆက်တက်တာလည်းရှိတော့။ ခဝဲနှစ်ခြင်းအသင်းတော်မှာ တာဝန်ထမ်းဆောင်တာကတော့ ၂၀၁၈ – ၂၀၂၅ ထိ သင်းအုပ်ပါစတာ အဖြစ် အမှုတော်မှာ ပါဝင်ခဲ့ပါတယ်။

မေး။ ပလက်ဝမြို့နယ်မှာ အမှုတော်ဆောင်ခြင်းနဲ့ပါတ်သက်ပြီး အရင် အာဏာမသိမ်းခင်ကနဲ့ အခု အာဏာသိမ်းပြီး ဘယ်လိုကွာခြားမှုရှိပါသလဲ။

ဖြေ။ အမှုတော်ဆောင်ခြင်းနှင့်ပတ်သက်ပြီး‌ အာဏာမသိမ်းခင်မှာတော့ ကျွန်တော့်အတွက်ဆိုရင် အခက်ခဲဆိုလို့ သိပ်ပြီး မသိရပါ။ အခုမှာမှ ကျွန်တော်တို့ ပလက်ဝမှာ ဘာသာရေးကိစ္စတွေမှာလည်း အကန့်အသက်များစွာနဲ့ လုပ်ဆောင်‌နေရ တယ်။ နှစ်စဥ်ပုံမှန်ပြုလုပ်တဲ့ အသင်းတော်ဆိုင်ရာ အစည်းအဝေးတို့၊ ဘာသာရေးသင်တန်းတို့ကိုလည်း လွတ်လပ်စွာ ပြုလုပ်လို့မရ ဖြစ်နေတယ်။

မေး။ အခု ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ပြီးတဲ့နောက်မှာ ဘာသာရေးလွတ်လပ်ခွင့်၊ ဘာသာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိပါလဲ?

ဖြေ။ ဘာသာရေးနှင့်ပတ်သက်ပြီး သူတို့ (အေအေ) ပြောလေ့ရှိတာက ဘာသာရေးခေါင်းဆောင်များ ကိုလည်းကောင်း ၊ဘာသာတရားကိုလည်း‌ကောင်း၊ လေးစားတယ်ဆိုပြီး ပြောကြသော်လည်းပဲ နယ်ပြင်လက်တွေ့မှာတော့ အတားဆီး၊ အဟန့်အတားများရှိနေတယ်။ ဘာသာရေးခေါင်းဆောင်‌တွေအပေါ်လည်း မယုံသင်္ကာမှုနှင့် အမြဲစောင့်ကြည့်နေတဲ့ သဘောရှိတယ်။ မြေပြင်လက်တွေ့မှာ အတားအဆီး၊ အဟန့်အတားဆိုတာက ဘာသာရေးလွတ်လပ်မှု ကန့်သတ်ခံရခြင်း၊ ဘာသာရေးအစည်းအဝေး၊ သင်တန်းတွေကို ရက်အကန့်အသတ်၊ လူအကန့်အသတ်နဲ့ AA ရဲ့ ခွင့်ပြုချက်ရမှပဲ လုပ်ခွင့်ရှိတာ ကို ဆိုလိုတာပါ။ မယုံ၊ မသင်္ကာဆိုတာက ရှင်းရှင်း ပြောရရင် ULA/AA တို့က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်။

မေး။ ဆရာ့ကို အေအေအရာရှိတစ်ဦးက ရိုက်နှက်ခဲ့တယ် လို့ကြားသိရတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးဘယ်တုန်းက ဘာကြောင့် ရိုက်နှက်ခံရတာလဲကအစ ခံစားခဲ့ရတဲ့အခြေအနေကို ပြောပြပေးပါအုံး။

ဖြေ။ ပြီးခဲ့တဲ့ ဧပြီလ ၁၄-၁၆ ရက်နေ့အထိ ဘာသာရေးသင်တန်းပြုလုပ်ခဲ့တယ်။ သင်တန်းအပြီး ၁၇ ရက်‌နေ့ည ဘုရား‌ ရှေ့ခိုးပြီး အိမ်အပြန်၊ ရွာလယ်ရောက်တော့ AA တပ်သားတစ်ယောက်ကခေါ်လို့ လိုက်သွားတာ စခန်းရောက်တော့ ထိုးနှက်တော့တာပဲ။ ဘာကြောင့်ထိုးတာလဲဆိုတာလဲ မပြောဘဲ ဗမာအားကိုးတဲ့သူ၊ CDF ဘယ်နှစ်ဖွဲ့ရှိလဲလို့မေးတယ်။ မသိဘူး‌ဖြေတော့လဲ မရဘူး ထိုးတာဘဲ၊ ရခိုင်ပြည်မှာ လေယာဥ်ကဗုံးကြဲတာသိလားတဲ့ မသိဘူးဆိုလည်း ထိုးတာပဲ၊ ခေါင်းဆောင်ကဘယ်သူလဲတဲ့ ခေါင်းဆောင်မသိဘူးဆိုလည်း ခင်များပဲ‌ပေါ့တဲ့ စသဖြင့် မစီမဆိုင်တဲ့အရာတွေကို မေး၊ အပြစ်ရှာပြီး ဆဲတယ်၊ ထိုးတယ်၊ ခြေထောက်နဲ့ကန်တယ်။ သေနတ်နဲ့ပစ်ဖို့လည်းပြောတယ် ပစ်တော့မပစ်ဘူး‌၊ ဒါပေမဲ့ကျွန်တော့်မှာ စဥ်းစားလေ‌လေ၊ ကြောက်စိတ်ဝင်လာလေလေ ဖြစ်တော့တာပေါ့‌နော်။ စိတ်ဒဏ်ရာရနေပြီလေ၊ အိပ်လည်းမပျော်၊ စားလို့လည်းမဝင်တော့ဘူး တော်ကြာပြန်ခေါ်လာမလားဆိုပြီး ကြောက်စိတ်ကအမြဲရှိတော့တာပဲ။

မေး။ အခုလို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေခံ‌စားရတော့ ဆရာ့အနေနဲ့ ဘယ်လိုကျော်လွှားလာခဲ့ရလဲ။

ဖြေ။ ကျွန်တော့်ကို စောင့်ကြည့်နေတယ်လို့ပြောတော့ နောက်ထပ် အပြစ်မရှိအပြစ်ရှာပြီး ထိုးနှက်ခံရမှာကြောက်တယ်။ ကျွန်တော်တို့ပြည်သူဘက်ကနေ ရပ်တည်ပေးမဲ့သူလဲမရှိတော့ သူတို့ဆီကနေ လုံခြုဲ့တဲ့နေရာ ထွက်လာခဲ့ရတယ်။ ပလက်ဝ နယ်က AA ရှိတဲ့နေရာမှာ လုံးဝလုံခြုံမှုမရှိတဲ့အတွက် ထွက်ပြေးလာရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ကို အပြစ်မရှိ အကြောင်း မဲ့သက်သက် အပြစ်ရှာနေအုံးမှာ ဖြစ်လို့ တရားဥပဒေမရှိ၊ အကာအကွယ်လည်းမရှိတဲ့အပြင် လူ့အခွင့်အရေး၊ ဘာသာရေး အခွင့်အရေးလဲ မရှိတဲ့အတွက် ထွက်ပြေးလာရခြင်းဖြစ်ပါတယ်။

မေး။ လက်ရှိမှာရော ထိုးနှက်ခံခဲ့ရတဲ့ ဒါဏ်ရာအခြေအနေ ဘယ်လိုရှိပါသလဲ။ ဘယ်လိုကုသမှုခံယူခဲ့ရလဲ။

ဖြေ။ ရိုက်နှက်ခံရပြီး ရွာမှာ ၅ ရက် နေခဲ့ပါတယ်။ ဒဏ်ရာလို့ပြောရမှာပေါ့၊ ထိုးကြိတ်ခဲ့တဲ့ဒဏ်ကို ကိုယ့်နည်းကိုဟန်နဲ့ လူသူမသိအောင် ဆေးထိုးတတ်တဲ့သူကိုခေါ် ပြီး ကုသခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့ကို ထိုးကြိတ်ခဲ့ တဲ့ဟာကို ဘယ်သူ့ကိုမှမပြောနဲ့ ပြောတာသိရင်မလွယ်ဘူးလို့ ခြိမ်းခြောက်ထားတယ်ဆိုတော့ ကြောက်ရတယ်လေ။ နည်းနည်းသက်သာပြီဆိုမှ ရွာကနေထွက်လာလိုက်ရတာပါ။ အဲဒီတုန်းက မျက်နှာကအစ တစ်ကိုယ်လုံးမှာ ထိုးနှက်ဒါဏ်ကြောင့် အကုန်လုံးညိုမဲကုန်တာပေါ့နော်၊ အခုကတော့ အဲဒါတွေ သက်သာပါပြီ။ ဒါပေမဲ့ ကျွန်တော့ ရင်အုပ် အထိုးခံလိုက်ရ‌တုန်းက နံရိုးထိထားတာရှိတယ်၊ နှိပ်တတ်တဲ့သူပြောတာတော့ အရိုးကျိုးမသွားဘူး ဒါပေမဲ့ အလေးမလို့မရသေးဘူး၊ အခုထိ နာနေတုန်းပဲ။

မေး။ ရိုက်နှက်ခံရပြီးနောက်ပိုင်း အေအေဘက်က အကျိုး အကြောင်း ရှင်းပြတာ၊ ‌တောင်းပန်တာကအစ ဒါဏ်ရာနဲ့ ပါတ်သက်လို့ တာဝန်ယူ ကုသပေးတာမျိုးရှိလား။ ရှိရင် ပြောပေးပါအုံး။

ဖြေ။ သူတို့ဘက်ကတော့ အခုထိ ဘာအကျိုးအကြောင်းမှ ရှင်းပြတာ မရှိသေးသလို၊ တောင်းပန်တာလည်းမရှိတဲ့အပြင် ဆေးကုသမှုနဲ့ပါတ်သက်လို့လည်း တာဝန်ယူတာလုံးဝမရှိပါဘူး။

မေး။ အခုလို ခရစ်ယာန်အမှုတော်ဆောင်တစ်ပါးကို AA က ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အပေါ်မှာကော ဘာများပြောချင်လဲ?

ဖြေ။ အခုလို ခရစ်ယာန်အမှုတော်ဆောင်တစ်ပါးကို ဘယ်လိုအပြစ် တစ်စုံတစ်ခုမှလည်းမရှိဘဲနဲ့ ဒီလိုလုပ်ရဲတာကို အံသြလို့မဆုံးဘူးဗျာ။ သူတို့မှာ လူစိတ်ရော ရှိသေးသလား။ ဒါမှမဟုတ် ဆေးကြောင့်များလားလို့‌တောင် တွေးမိပါတယ်။ ဘာလို့‌ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော့်အနေနဲ့တော့ ကိုယ်တိုင်ကြုံဖူးတာမရှိပေမဲ့ အရင်ကလဲ သူတို့ ဆေးသုံး တယ်ဆိုပြီး ကောလဟာလတွေ ကြားဖူးတယ်။ အခုကျွန်တော့်ကို ဘာမှန်းမသိ ရိုက်နှက်တာကြည့်ရင် ဆေးများသုံးသလားလို့ တွေးမိတဲ့သဘောပါ။

မေး။ ‌ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပေးပါအုံး။

ဖြေ။ ယနေ့ ကျွန်တော်တို့ ပလက်ဝဒေသခံတွေအနေနဲ့ နောက်ထပ် လူ့အခွင့်အ‌ရေး ချိုးဖောက်မခံရတော့‌ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ဒေသအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေကို မျက်ခြေမပျက် စောင့်ကြည့်ဖို့ လိုသလို အမှန်ကို အမှန်အတိုင်း ပြောရဲကြဖို့လဲ လိုအပ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ပလက်ဝနယ်မှာ နောက်ထပ် မဖြစ်ရလေအောင် လူတိုင်းမှာတာဝန်ရှိပါတယ်။ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့အရာကို နှုတ်ပိတ်မနေဘဲ အမှန်ကိုအမှန်တိုင်း ပြောရဲဖို့လိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.