မင်းတပ်မြို့တွင် အိမ်ရှင်တွေမရှိခိုက် အိမ်နှစ်အိမ်မီးလောင်

0

ယနေ့ နေ့ခင်း ၁၁ နာရီ ခန့်က ချင်းပြည်တောင်ပိုင်းမင်းတပ်မြို့ စံပြရပ်ကွက် ကွက်စိပ် (၃) နေ ဦး လိန်းရွှေ နှင့် ဒေါ် ဂီးရောင် တို့ အိမ် မီးလောင်ပြာကျသွားကြောင်း သိရသည်။

“ အိမ်ရှင်တွေ တောင်ယာသွားကြတယ်၊ ကလေးတွေ ကျောင်းသွားကြတယ်၊ အိမ်မှာ ဘယ်သူမှ မရှိ ဘူး၊ အိမ်သုံးပစ္စည်း အကုန်ပါ သွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။

မင်းတပ်မြို့ပေါ်တွင် မီးသတ်ဌာန ရှိသော်လည်း ရေ အခက်အခဲကြောင့် အဆိုပါ အိမ် အကုန် လုံး လောင် သွားခြင်း ဖြစ် ကြောင်းလည်း ထပ်ဆိုသည်။

လက်ရှိအထိ အိမ်ရှင်တို့သည်တောင်ယာမှ မရောက်ရှိကြသေးသဖြင့် အိမ်မီးလောင်မှန်း မသိ ကြသေးကြောင်း ၊ အတွင်းပစ္စည်း ဘယ်လောက်တန်ဖိုး ပါသွားမှန်း မသိရသေးကြောင်း သိရသည်။

“ အိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်တွေပါ၊ မီးဖိုက စလောင်တာဖြစ်မယ်လို့ ပြောကြတယ်၊ အကြောင်းက လျှပ်စစ်မီးက မလာဘူးလေ” ဟု ပြောသည်။

ချင်းပြည်နယ်သည် တောင်လေ တိုက်မှု များသဖြင့် ဆောင်းရာသီ၊ နွေရာသီများတွင် မီးလောင်မှု ပိုမို များပြား ရှိသည်။

Share.

About Author

Comments are closed.