Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် သင့်မြတ်တဲ့ပတ်ဝန်းကျင် ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖြစ်စေချင်တယ်”

“ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် သင့်မြတ်တဲ့ပတ်ဝန်းကျင် ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖြစ်စေချင်တယ်”

0
By Editor on August 19, 2022 Featured

ချင်းပြည်နယ်မှာ အကြီးဆုံးဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) အနေနဲ့ ချင်းပြည်နယ်သူများအတွက် ဥပဒေအထောက်အကူပြုအစီစဉ်ကို ပြီးခဲ့တဲ့ ဧပြီလကစပြီး လာမည့် ၂၀၂၃ ခုနှစ် မတ်လအထိ လုပ်နေပြီလို့ သိရပါတယ်။

ဘာကြောင့် ခုလိုလုပ်ဆောင်လာရတာပါလဲ။ အဓိက ဘာတွေလုပ်ဆောင်ပေးမှာပါလဲ။ ဘယ်လိုဥပဒေအထောက်အကူပြုမျိူးတွေလုပ်ဆောင်ပေးမှာလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ဥပဒေဆိုင်ရာ အထောက်အကူပြုမှု လိုအပ်နေသူတွေကို ကူညီဆောင်ရွက်နိုင်ဖို့ ဥပေဒအထောက်အကူပြုအစီစဉ်စပြီးလုပ်ဆောင်နေတယ်လို့သိပါတယ်။ အဲဒီအခြေအနေကို ရှင်းပြစေချင်ပါတယ်။

ဖြေ။ ကျွန်တော်တို့ အစပဲရှိသေးတယ်ပေါ့ လုပ်ငန်းကတော့ စနေပါပြီနောက်ဒီဟာကိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ က UNDP နဲ့ပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ပရောဂျက်အနေနဲ့လုပ်တာဖြစ်တယ်၊ လုပ်တယ်ဆိုတဲ့အခါမှာ ပထမအဆင့် အနေနဲ့ ကျွန်တော်တို့ လူထုတွေကို ဥပဒေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ လက်လှမ်းမှီသလောက် ပညာပေးလုပ်ငန်းတွေလုပ်တယ် ပညာပေးဝေစာလေးတွေကအစ၊ နောက်တစ်ခုက အကယ်၍ ထိတွေ့အဖမ်းအဆီး တွေရှိတဲ့အခါကြရင်လည်း အကျိုးအကြောင်းမေးမြန်းတာပေါ့လေ၊ နောက်လိုအပ်ရင် ရှေ့နေတွေနဲ့ အထောက်အကူလိုတဲ့ ဖမ်းဆီးခံတဲ့ပုဂ္ဂိုလ်များရဲ့အနေအထားကဘာများဖြစ်မလဲပေါ့လေ ဒါလည်း ရှေ့နေတွေနဲ့ လက်လှမ်းမှီ သလောက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်၊ အခုကတော့ စလုပ်ဖို့ အဆင့်ပဲရှိပါသေးတယ်။

မေး။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ အဓိက ဘာတွေကို ဘယ်လိုကူညီပြီး လုပ်ဆောင်ပေးသွားမှာလဲ။

ဖြေ။ ဥပမာ ဖမ်းဆီးခံတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ သူတို့ဘယ်မှာရှိလဲ၊ နောက် ဘယ်ပုဒ်မ၊ ဘယ်လိုကိစ္စနဲ့ ဖမ်းဆီးခံရတယ်။ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာကနေ ဘာတွေကူညီနိုင်တာရှိမလဲပေါ့၊ ဥပမာ ရှေ့နေဌားပေးတာက အစပေါ့ ကျွန်တော်တို့ ဘယ်လောက်အထိပံ့ပိုးနိုင်တဲ့ဟာဖြစ်မလဲ၊ လက်လှမ်းမီတဲ့ဟာ ဘာရှိမလဲ စသည်အားဖြင့် နောက်ပြီးတော့ မိသားစုတွေ ထောင်ဝင်စာတွေ တွေ့မယ်ဆိုရင်လည်း တရားဝင်ပေါ့ ဒီဟာက လျှိ့ဝှက်ပြီး တော့ ဘာမှလုပ်စရာမရှိဘူး။ တရားဝင်ပဲ ကျွန်တော်တို့က ထောင်ဝင်စာတွေ့တဲ့အခါမှာလည်း မိသားစုတွေကို ဘာတွေ ကူညီပေးနိုင်မလဲ အသေးအမွှားကအစ ကျွန်တော်တို့ တရားဝင် ဥပဒေဘောင်အတွင်းကနေ ဘာတွေကူညီဆောင်ရွက်ပေး နိုင်တာရှိမလဲဆိုတာကို ဆက်ပြီးတော့သွားရမယ့်ခရီး စတာပဲရှိပါသေးတယ် အဲ့တာတွေတော့ ကြိုပြီးတော့ ပြင်ဆင်ထားပါတယ်။

မေး။ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ခုလိုမျိုး ဥပဒေအထောက်အကူ ပြုအစီစဉ်တွေလုပ်ဆောင်လာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ။ အဓိကတော့ ပြည်သူထုတွေကို တနည်းမဟုတ်တစ်နည်းနဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သဘောပဲ ဘာသာရေးဆိုတာက ကျွန်တော်တို့က ပါတီနိုင်ငံရေးလည်းမလုပ်သလို လက်နက်ကိုင်လုပ်ငန်းလည်းမလုပ်သလို အစိုးရလုပ်ငန်းလည်း မလုပ်ဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ အကျိုးပြုဖို့ ဘာသာရေးဖြစ်ရင်လည်းပဲ မိမိရဲ့လူမှုပတ်ဝန်းကျင်တစ်ခုကို အကျိုးပြု ဖို့လိုတယ်လေ။ အုတ်တစ်ချပ်သဲတပွင့်ပေါ့ အဲဒီသဘောပါပဲ ဘာရယ်မဟုတ်ဘူး။ မိမိပတ်ဝန်းကျင်မှာ ဥပဒေ ပညာပေးလုပ်ငန်းတွေလုပ်ဖို့ အဲ့သဘောပါပဲ။ သဘာဝပတ်ဝန်းကျင်၊ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုပြီးတော့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် ကျွန်တော်တို့ သင့်မြတ်တဲ့ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖြစ်စေချင်တယ်ဆုလည်းတောင်းတယ်။

ဖြေ။ အခု ဒီဥပဒေပြုအထောက်အကူပြုအစီစဉ်က ချင်းပြည်နယ်ထဲပဲလား။ ဘယ်လောက်ထိလွှမ်းခြုံပါသလဲ။

မေး။ ယေဘုယျအားဖြင့် ကျွန်တော်တို့ချင်းပြည်နယ်တပြည်နယ်လုံးနောက် ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းရော ဒါပေမယ့် ကျွန်တော်တို့ လက်လှမ်းမီတဲ့ဟာက ချင်းဒေသတခွင်ပေါ့၊ အထူးသဖြင့် ချင်းဒေသ တခွင်ကိုတော့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် အဲ့လိုပြောတဲ့အခါမှာ တခြား တိုင်းရင်းသားညီကိုတွေကို ချန်ထားတဲ့သဘောမဟုတ်ပါဘူး။ ဒေသအလိုက် ခြုံငုံနိုင်တဲ့ ဒေသအလိုက်ကျွန်တော်တို့ လက်လှမ်းမှီတဲ့နေရာ အားလုံးအားလုံးပဲ ကျွန်တော်တို့ တိုင်းရင်းသားပေါင်းစုံ လက်လှမ်းတာမှီမယ်ဆိုရင်ဖြစ်ပါတယ်။ ချင်းပြည်နယ်ရယ် ချင်းပြည်နယ်နဲ့ ထိစပ်တဲ့ ဒေသတွေမှာရှိတဲ့ ညီကိုတွေအတွက်ပေါ့ ဒါလည်းပဲ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျယ်ပြန့်သလောက်လည်း ကျွန်တော်တို့ရဲ့ အလုပ်ကဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့်သွားအုံးမလဲမသိဘူး။ ပြောလို့မရသေးဘူး။ လောလောဆယ်တော့ အစပဲရှိသေးတယ်။

မေး။ အခုဆရာတို့ဆီကို ဥပဒေအထောက်အကူပြုလိုအပ်တယ်ဆိုပြီး ဆက်သွယ်လာတဲ့သူ ဘယ်နှစ်ဦးများရှိပြီလဲ။ ဆက်သွယ်လာတဲ့သူတွေက ဘယ်လိုအမှုမျိုးတွေလဲ။

ဖြေ။ ရှိပါပြီ အဖမ်းဆီးခံရတဲ့သူတွေကတော်တော်များများလည်းရှိနေပြီဆိုတော့ ပြန်ပြီးတော့ လွတ်ပေးတာရှိသလို၊ ပြန်မလွတ်သေးတဲ့သူတွေလည်းရှိတော့ အဲ့စာရင်းဇယားတွေလည်း ကျွန်တော်တို့ ယေဘုယျရရှိထားတယ်။ တချို့ကြတော့ ဘာမှမဆောင်ရွက်ပေးခင် ပြန်ပြီးတော့သတင်းကြားတယ် ဆုံးသွားတဲ့သူတွေလည်း ရှိတယ်အဲ့လိုမျိုးသူတွေလည်းရှိတယ်။

မေး။ ဥပဒေအထောက်အကူပြုဆိုတဲ့နေရာမှာ ဘယ်လိုမျိုးအမှုကိစ္စကို အဓိက လုပ်ဆောင်မှာလဲ ကျနော်သိချင်တာက စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြောင်းအမျိူးမျိုးကြောင့် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူတွေအတွက် အဓိက လုပ်ဆောင်ပေးမှာလားဆိုတာပါ။ ဘယ်အတိုင်းအတာထိ လွှမ်းခြုံသလဲ။

ဖြေ။ ကျွန်တော်တို့က စတာမကြာသေးဘူးဆိုတော့ ဒါကဟိုးအရင်ကတည်းကလုပ်လာခဲ့တဲ့ဟာမဟုတ်ဘူးဆိုတာ သေချာပါတယ် သို့သော်ငြားလည်း Case အမှုပုံစံနဲ့လည်း လိုက်ပေးရတဲ့အနေအထားမျိုးဘာမှမစသေးပါဘူး။ အခုမှစတာပါ။ ဆိုတော့ နောက်နောင်မှာ ရှိရင်လည်း ဆက်သွယ်လာတဲ့အခါမှာ ကျွန်တော်တို့လက်လှမ်းမီသလောက် တတ်နိုင်သလောက် ပံပိုးပေးနိုင်ဖို့လည်း အစီအစဉ်တော့ရှိပါတယ်။ အဲ့လိုပြောတဲ့အခါမှာ တရားဝင်ပေါ့ တရားရုံးမှာ ရင်ဆိုင်စရာတွေရှိတဲ့ အခါမှာလည်း ဥပဒေလမ်းကြောင်းအရ လုပ်ဆောင်ပေးနိုင်ဖို့အထိ ရည်ရွယ်ချက်တွေတော့ရှိပါတယ်။

မေး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိချင်းပြည်နယ်ရဲ့အခြေအနေအပေါ်မှာ ဆရာ့အမြင်ဘယ်လိုရှိလဲ ဆိုတာသိချင်ပါတယ်။

ဖြေ။ အဲ့တာတွေကျတော့ ကျွန်တော်တို့နဲ့ အလှမ်းဝေးတယ်။ ဘာမှသိပ်ထူးခြားတဲ့ မှတ်ချက်မျိုးပြောစရာမရှိပါဘူး။ သိတာလည်းအရမ်းနည်းပါတယ်။ ထည်ထည်ဝင်ဝင်သိတာလည်းနည်းတော့ အပြင်က မီဒီယာတွေစီကနေကြားရ မြင်ရတာကတဆင့်ကလွဲလို့ သိတာတော်တော်လည်း နည်းပါတယ်။

Zawgyi

“ ျငိမ္းခ်မ္းတဲ့ ပတ္ဝန္းက်င္ သင့္ျမတ္တဲ့ပတ္ဝန္းက်င္ ေကာင္းမြန္တဲ့ပတ္ဝန္းက်င္ ျဖစ္ေစခ်င္တယ္”

ခ်င္းျပည္နယ္မွာ အႀကီးဆံုးဘာသာေရးအဖြဲ႔အစည္းျဖစ္တဲ့ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ (Chin Baptist Convention) အေနနဲ႔ ခ်င္းျပည္နယ္သူမ်ားအတြက္ ဥပေဒအေထာက္အကူျပဳအစီစဥ္ကို ၿပီးခဲ့တဲ့ ဧၿပီလကစၿပီး လာမည့္ ၂၀၂၃ ခုႏွစ္ မတ္လအထိ လုပ္ေနၿပီလို႔သိရပါတယ္။

ဘာေၾကာင့္ ခုလိုလုပ္ေဆာင္လာရတာပါလဲ။ အဓိက ဘာေတြလုပ္ေဆာင္ေပးမွာပါလဲ။ ဘယ္လိုဥပေဒအေထာက္အကူျပဳမ်ဴိးေတြလုပ္ေဆာင္ေပးမွာလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမွဴး သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ေလာဟာလိန္းကို ခိုႏူမ္းသုန္သတင္းဌာနက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္အေနနဲ႔ ဥပေဒဆိုင္ရာ အေထာက္အကူျပဳမႈ လိုအပ္ေနသူေတြကို ကူညီေဆာင္ရြ က္ႏိုင္ဖို႔ ဥေပဒအေထာက္အကူျပဳအစီစဥ္စၿပီးလုပ္ေဆာင္ေနတယ္လို႔သိပါတယ္။ အဲဒီအေျခအေနကို ရွင္းျပေစခ်င္ပါတယ္။

ေျဖ။ ကြ်န္ေတာ္တုိ႔ အစပဲရွိေသးတယ္ေပါ့ လုပ္ငန္းကေတာ့ စေနပါျပီေနာက္ဒီဟာကုိလုပ္တဲ့အခါမွာ ကြ်န္ေတာ္တုိ႔ က UNDP နဲ႔ပူးေပါင္းျပီးေတာ့ ပူးတြဲျပီးေတာ့ ပေရာဂ်က္အေနနဲ႔လုပ္တာျဖစ္တယ္၊ လုပ္တယ္ဆုိတဲ့အခါမွာ ပထမအဆင့္ အေနနဲ႔ ကြ်န္ေတာ္တုိ႔ လူထုေတြကို ဥပေဒနဲ႔ဆုိင္တဲ့ ပညာေပးလုပ္ငန္းေတြ၊ ကြ်န္ေတာ္တို႔ လက္လွမ္းမွီသေလာက္ ပညာေပးလုပ္ငန္းေတြလုပ္တယ္ ပညာေပးေဝစာေလးေတြကအစ၊ ေနာက္တစ္ခုက အကယ္၍ ထိေတြ႔အဖမ္းအစီး ေတြရွိတဲ့အခါၾကရင္လည္း အက်ဳိးအေၾကာင္းေမးျမန္းတာေပါ့ေလ၊ ေနာက္လုိအပ္ရင္ ေရွ႕ေနေတြနဲ႔ အေထာက္အကူလုိတဲ့ ဖမ္းဆီးခံတဲ့ပုဂၢဳိလ္မ်ားရဲ႕အေနအထားကဘာမ်ားျဖစ္မလဲေပါ့ေလ ဒါလည္း ေရွ႕ေနေတြနဲ႔ လက္လွမ္းမွီ သေလာက္ ေဆာင္ရြက္ဖုိ႔ ျဖစ္ပါတယ္၊ အခုကေတာ့ စလုပ္ဖုိ႔ အဆင့္ပဲရွိပါေသးတယ္။

ေမး။ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္အေနနဲ႔ အဓိက ဘာေတြကို ဘယ္လိုကူညီၿပီး လုပ္ေဆာင္ေပးသြားမွာလဲ။

ေျဖ။ ဥပမာ ဖမ္းဆီးခံတဲ့အခါမွာ ကြ်န္ေတာ္တုိ႔ လက္လွမ္းမွီသေလာက္ေပါ့ သူတုိ႔ဘယ္မွာရွိလဲ၊ ေနာက္ ဘယ္ပုဒ္မ၊ ဘယ္လုိကိစၥနဲ႔ ဖမ္းဆီးခံရတယ္။ ကြ်န္ေတာ္တုိ႔ ဥပေဒပုိင္းဆုိင္ရာကေန ဘာေတြကူညီႏုိင္တာရွိမလဲေပါ့၊ ဥပမာ ေရွ႕႔ေနဌားေပးတာက အစေပါ့ ကြ်န္ေတာ္တုိ႔ ဘယ္ေလာက္အထိပံ့ပိုးႏုိင္တဲ့ဟာျဖစ္မလဲ၊ လက္လွမ္းမီတဲ့ဟာ ဘာရွိမလဲ စသည္အားျဖင့္ ေနာက္ျပီးေတာ့ မိသားစုေတြ ေထာင္ဝင္စာေတြ ေတြ႔မယ္ဆုိရင္လည္း တရားဝင္ေပါ့ ဒီဟာက လွ်ိ႕ဝွက္ျပီး ေတာ့ ဘာမွလုပ္စရာမရွိဘူး။ တရားဝင္ပဲ ကြ်န္ေတာ္တုိ႔က ေထာင္ဝင္စာေတြ႔တဲ့အခါမွာလည္း မိသားစုေတြကုိ ဘာေတြ ကူညီေပးႏုိင္မလဲ အေသးအမႊားကအစ ကြ်န္ေတာ္တုိ႔ တရားဝင္ ဥပေဒေဘာင္အတြင္းကေန ဘာေတြကူညီေဆာင္ရြက္ေပး နုိင္တာရွိမလဲဆုိတာကုိ ဆက္ျပီးေတာ့သြားရမယ့္ခရီး စတာပဲရွိပါေသးတယ္ အဲ့တာေတြေတာ့ ၾကိဳၿပီးေတာ့ ျပင္ဆင္ထားပါ တယ္။

ေမး။ ဘာသာေရးအဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္အေနနဲ႔ ခုလိုမ်ဳိး ဥပေဒအေထာက္အကူ ျပဳအစီစဥ္ေတြလုပ္ေဆာင္လာရတဲ့ ရည္ရြယ္ခ်က္ကို သိပါရေစ။

ေျဖ။ အဓိကေတာ့ ျပည္သူထုေတြကို တနည္းမဟုတ္တစ္နည္းနဲ႔ လူမႈပတ္ဝန္းက်င္ကို အက်ဳိးျပဳတဲ့သေဘာပဲ ဘာသာေရးဆုိတာက ကြ်န္ေတာ္တုိ႔က ပါတီႏုိင္ငံေရးလည္းမလုပ္သလုိ လက္နက္ကုိ္င္လုပ္ငန္းလည္းမလုပ္သလုိ အစုိးရလုပ္ငန္းလည္း မလုပ္ဘူးေလ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ရဲ႕ လူမႈပတ္ဝန္းက်င္၊ သဘာဝပတ္ဝန္းက်င္ကုိ အတုိင္းအတာတစ္ခုအထိ အက်ဳိးျပဳဖို႔ ဘာသာေရးျဖစ္ရင္လည္းပဲ မိမိရဲ႕လူမႈပတ္ဝန္းက်င္တစ္ခုကုိ အက်ဳိးျပဳ ဖုိ႔လုိတယ္ေလ။ အုတ္တစ္ခ်ပ္သဲတပြင့္ေပါ့ အဲဒီသေဘာပါပဲ ဘာရယ္မဟုတ္ဘူး။ မိမိပတ္ဝန္းက်င္မွာ ဥပေဒ ပညာေပးလုပ္ငန္းေတြလုပ္ဖုိ႔ အဲ့သေဘာပါပဲ။ သဘာဝပတ္ဝန္းက်င္၊ လူ႔ပတ္ဝန္းက်င္ကုိ အက်ဳိးျပဳျပီးေတာ့ ျငိမ္းခ်မ္းတဲ့ ပတ္ဝန္းက်င္ ကြ်န္ေတာ္တုိ႔ သင့္ျမတ္တဲ့ပတ္ဝန္းက်င္၊ ေကာင္းမြန္တဲ့ပတ္ဝန္းက်င္ ျဖစ္ေစခ်င္တယ္ဆု လည္းေတာင္း တယ္။

ေမး။ အခု ဒီဥပေဒျပဳအေထာက္အကူျပဳအစီစဥ္က ခ်င္းျပည္နယ္ထဲပဲလား။ ဘယ္ေလာက္ထိလႊမ္းျခံဳပါသလဲ။

ေျဖ။ ေယဘုယ်အားျဖင့္ ကြ်န္ေတာ္တုိ႔ခ်င္းျပည္နယ္တျပည္နယ္လုံးေနာက္ ခ်င္းျပည္နယ္နဲ႔ ထိစပ္ေနတဲ့ မေကြးတုိင္း၊ စစ္ကုိင္းတုိင္းေရာ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔ လက္လွမ္းမီတဲ့ဟာက ခ်င္းေဒသတခြင္ေပါ့၊ အထူးသျဖင့္ ခ်င္းေဒသ တခြင္ကုိေတာ့ ကြ်န္ေတာ္တို႔ အာရုံစုိက္ထားပါတယ္။ ဒါေပမယ့္ အဲ့လုိေျပာတဲ့အခါမွာ တျခား တုိင္းရင္းသားညီကုိေတြကုိ ခ်န္ထားတဲ့သေဘာမဟုတ္ပါဘူး။ ေဒသအလုိက္ ျခဳံငုံႏိုိင္တဲ့ ေဒသအလုိက္ကြ်န္ေတာ္တုိ႔ လက္လွမ္းမီွတဲ့ေနရာ အားလုံးအားလုံးပဲ ကြ်န္ေတာ္တုိ႔ တုိင္းရင္းသားေပါင္းစုံ လက္လွမ္းတာမွီမယ္ဆုိရင္ျဖစ္ပါတယ္။ ခ်င္းျပည္နယ္ရယ္ ခ်င္းျပည္နယ္နဲ႔ ထိစပ္တဲ့ ေဒသေတြမွာရွိတဲ့ ညီကုိေတြအတြက္ေပါ့ ဒါလည္းပဲ ကြ်န္ေတာ္တုိ႔ရဲ႕ ရည္ရြယ္ခ်က္က က်ယ္ျပန္႔သေလာက္လည္း ကြ်န္ေတာ္တုိ႔ရဲ႕ အလုပ္ကဘယ္ေလာက္ထိက်ယ္က်ယ္ျပန္႔ျပန္႔သြားအုံးမလဲမသိဘူး။ ေျပာလုိ႔မရေသးဘူး။ ေလာေလာဆယ္ေတာ့ အစပဲရွိေသးတယ္။

ေမး။ အခုဆရာတို႔ဆီကို ဥပေဒအေထာက္အကူျပဳလိုအပ္တယ္ဆိုၿပီး ဆက္သြယ္လာတဲ့သူ ဘယ္ႏွစ္ဦးမ်ားရွိၿပီလဲ။ ဆက္သြယ္လာတဲ့သူေတြက ဘယ္လိုအမႈမ်ဳိးေတြလဲ။

ေျဖ။ ရွိပါျပီ အဖမ္းဆီးခံရတဲ့သူေတြကေတာ္ေတာ္မ်ားမ်ားလည္းရွိေနျပီဆုိေတာ့ ျပန္ျပီးေတာ့ လြတ္ေပးတာရွိသလုိ၊ ျပန္မလြတ္ေသးတဲ့သူေတြလည္းရွိေတာ့ အဲ့စာရင္းဇယားေတြလည္း ကြ်န္ေတာ္တုိ႔ ေယဘုယ်ရရွိထားတယ္။ တခ်ဳိ႕ ၾကေတာ့ ဘာမွမေဆာင္ရြက္ေပးခင္ ျပန္ျပီးေတာ့သတင္းၾကားတယ္ ဆုံးသြားတဲ့သူေတြလည္း ရွိတယ္အဲ့လုိမ်ဳိးသူ ေတြလည္းရွိတယ္။

ေမး။ ဥပေဒအေထာက္အကူျပဳဆိုတဲ့ေနရာမွာ ဘယ္လိုမ်ဳိးအမႈကိစၥကို အဓိက လုပ္ေဆာင္မွာလဲ က်ေနာ္သိခ်င္တာက စစ္အာဏာသိမ္းမႈေနာက္ပိုင္း အေၾကာင္းအမ်ဴိးမ်ဳိးေၾကာင့္ စစ္ေကာင္စီက ဖမ္းဆီးသြားတဲ့သူေတြအတြက္ အဓိက လုပ္ေဆာင္ေပးမွာလားဆိုတာပါ။ ဘယ္အတိုင္းအတာထိ လႊမ္းျခံဳသလဲ။

ေျဖ။ ကြ်န္ေတာ္တုိ႔က စတာမၾကာေသးဘူးဆုိေတာ့ ဒါကဟုိးအရင္ကတည္းကလုပ္လာခဲ့တဲ့ဟာမဟုတ္ဘူးဆုိ
တာ ေသခ်ာပါတယ္ သုိ႔ေသာ္ျငားလည္း Case အမႈပုံစံနဲ႔လည္း လုိက္ေပးရတဲ့အေနအထားမ်ဳိးဘာမွမစေသးပါဘူး။ အခုမွစတာပါ။ ဆုိေတာ့ ေနာက္ေနာင္မွာ ရွိရင္လည္း ဆက္သြယ္လာတဲ့အခါမွာ ကြ်န္ေတာ္တုိ႔လက္လွမ္းမီသေလာက္ တတ္ႏိုင္သေလာက္ ပံပိုးေပးႏုိင္ဖုိ႔လည္း အစီအစဥ္ေတာ့ရွိပါတယ္။ အဲ့လုိေျပာတဲ့အခါမွာ တရားဝင္ေပါ့ တရားရုံးမွာ ရင္ဆုိင္စရာေတြရွိတဲ့အခါမွာလည္း ဥပေဒလမ္းေၾကာင္းအရ လုပ္ေဆာင္ေပးႏုိင္ဖုိ႔အထိ ရည္ရြယ္ခ်က္ေတြေတာ့ရွိပါတယ္။

ေမး။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္ရွိခ်င္းျပည္နယ္ရဲ႕အေျခအေနအေပၚမွာ ဆရာ့အျမင္ဘယ္လိုရွိလဲ ဆိုတာသိခ်င္ပါတယ္။

ေျဖ။ အဲ့တာေတြက်ေတာ့ ကြ်န္ေတာ္တုိ႔နဲ႔ အလွမ္းေဝးတယ္။ ဘာမွသိပ္ထူးျခားတဲ့ မွတ္ခ်က္မ်ဳိးေျပာစရာမရွိပါဘူး။ သိတာနည္းအရမ္းနည္းပါတယ္။ ထည္ထည္ဝင္ဝင္သိတာလည္းနည္းေတာ့ အျပင္က မီဒီယာေတြစီကေနၾကားရ ျမင္ရတာကတဆင့္ကလြဲလုိ႔ သိတာေတာ္ေတာ္လည္း နည္းပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.