Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးအတွက် ပူပေါင်းပါဝင်သူများ မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန် CDF-Kanpetlet သတိပေး

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးအတွက် ပူပေါင်းပါဝင်သူများ မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန် CDF-Kanpetlet သတိပေး

0
By Editor on October 3, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးနှင့် အာဏာတည်တန့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သူများအနေဖြင့် မိမိအသိစိတ်ဖြင့်နှုတ်ထွက်ကြရန် CDF-Kanpetlet တပ်ဖွဲ့က သတိပေးလိုက်သည်။

စစ်ကောင်စီအနေဖြင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရားနှင့် အာဏာတည်တန့်ရေးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် အကြောင်းပြချက် ၅ မျိူးကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းလျှက်ရှိပြီး ယင်းအတွက် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိ/ရပ်ဖအဖွဲ့ဝင်များအား အသုံးပြုထားသည်ဟု CDF-Kanpetlet တပ်ဖွဲ့၏ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကန်ပက်လက်မြို့နယ်ထဲမှ ကျေးရွာအုပ်စု တာဝန်ခံများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများစုစုပေါင်း ၁၉ ဦး၊ အရံမီးသတ် ၇ ဦး၊ ပြည်သူ့စစ်မှ ၇ ဦး၊ ကြက်ခြေနီမှ ၇ ဦး၊ ရပ်မိရပ်ဖ ၇ ဦးနှင့် အခြားအဖွဲ့များမှ ၆ ဦး စုစုပေါင်း ၅၃ ဦးဖြင့် ဆောင်ရွက်လျှက်ရှိကာ လိုအပ်ပါက လက်နက်များလည်း တပ်ဆင်နိုင်ရန်အထိ ညွန်ကြားထားပြီးဖြစ်ကြောင်း အတိအကျသိရှိပြီးဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပုဂ္ဂိုလ် ၅၃ ဦးအနေဖြင့် မိမိအသိစိတ်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြရန် အကယ်၍ နှုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီယန္တရား လည်ပတ်ရေးအတွက် ဆက်လက်ပါဝင်ပူးပေါင်းနေပါက ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး တွေ့သည့်နေရာတွင် ရှင်းလင်းအရေးယူသွားမည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.