Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ရေလမ်းကြောင်းပိတ်ထားသော ပလက်ဝမြို့တွင် ဆန်နှင့်စက်သုံးဆီများ ပြတ်လပ်

စစ်ကောင်စီက ရေလမ်းကြောင်းပိတ်ထားသော ပလက်ဝမြို့တွင် ဆန်နှင့်စက်သုံးဆီများ ပြတ်လပ်

0
By Editor on October 17, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် စစ်ကောင်စီမှ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းအသုံးပြုမှုကို ပိတ်ထားဆဲဖြစ်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့်အတွက် ပလက်ဝမြို့ပေါ်တွင် ဆန်များပြတ်လပ်သည့်အပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်သူများ နေထိုင်းစားသောက်ရေးအပိုင်းတွင် ပိုမိုခက်ခဲလာသည်ဟု သိရသည်။

ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက “ဆန်ကလည်း ဈေးထဲမှာကို မရောင်းဘူး ကြာပြီ ဒီလမ်းပိတ်ကတည်းက တလလောက်ရှိပြီ။ ဆန်ကပြတ်ကျတယ် ဈေးကြီးကြီးပေးပြီး ဝယ်ဖို့တောင်မှ မရှိဘူး၊ ဒီပလက်ဝဖက်ကို အဝင်မရှိတာ အဓိက ဆန်တွေ၊ ဆေး၊ ဆေးပစ္စည်းတွေဆို ၂ ဆတောင် တက်တာ၊ နောက်ပြီး ခုန မျှစ်ရောင်းတဲ့အစ်မတယောက်ဆို ဒီညနေစာ မရှိတော့ဘူးလို့ပြောတယ် လက်လုပ်လက်စားသမားတွေ ပိုပြီးအခက်အခဲဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပလက်ဝမြို့ဆက်သွယ်သည့် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖက်မှ လုံးဝပိတ်ထားခဲ့သည်မှာ တလခန့်ကြာမြင့်ပြီဖြစ်ပြီး မည်သည့်ကုန်ပစ္စည်များကိုမှ သယ်ယူတင်သွင်းခွင့်မပြုခဲ့ခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်းက ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်လာခြင်းဖြစ်သည်။

ထို့အပြင် ပလက်ဝမြို့ပေါ်တွင် စက်သုံးဆီများ ပြတ်လပ်လာပြီး ပလက်ဝမြို့တစ်မြို့ ပုံမှန်လျှပ်စစ်မီးဖြန့်ဝေပေးနေသော EPC က အောက်တိုဘာ ၁၂ ရက်နေ့ညစတင်ကာ မီးပေးဝေမှု ရပ်နားထားရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့ခံတစ်ဦးက “EPC ကပေးတဲ့မီးက မနေ့ကတည်းကပြတ်ပြီ ပေးဖို့ဆီကမရှိတော့တဲ့သဘောပါ့ ဖယောင်းတိုင် ဈေးကကြီးတော့မယ့်ပုံပဲ” ဟုပြောသည်။

ပလက်ဝမြို့ပေါ်တွင် EPC မှ လျှပ်စစ်မီးဖြန့်ဝေပေးမှုတွင် ရွာမရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ရိပ်ခါရပ်ကွက်အသီးသီးတွင် တရက်ခြားဖြင့် ၄ နာရီခန့်ဖြန့်ဝေခဲ့ကာ ယခုကဲ့သို့ မီးဆက်မပေးနိုင်တော့သည့်အတွက် မီးစက်၊ ဆိုလာပြားမရှိသော ပြည်သူများအတွက် ခက်ခဲမှုများကြုံနေရကြောင်း သိရသည်။

၎င်းအပြင် ပလက်ဝမြို့ပေါ်တွင် ပြည်သူများသည် အနည်းငယ်စုဆာင်းထားသည့် ဆန်တို့ကို အပြန်အလှန် ဝေမျှစားသုံးနေကြရသည်အထိ ဖြစ်လာသည့်အပြင် လက်ရှိဆန်ဈေးနှုန်းမှာလည်း ဆန်ရှည်တအိတ်လျှင် ကျပ် ၈ သောင်းကျော်၊ ပေါ်ဆန်းမွှေးဆန်တအိတ်တွင် ကျပ် တစ်သိန်းကျော်နှင့် ကြက်သွန်နီ၊ ငါးခြောက်၊ငပိ၊ စားသုံးဆီတို့မှာလည်း ဈေးနှုန်းမြင့်တက်ကာ ဝယ်ယူရန်လည်းခက်ခဲနေကြောင်း သိရသည်။

ဆန်ပြတ်လပ်မှုကြုံတွေ့နေရသည့် ပလက်ဝမြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့၊ ထွေအုပ်နှင့် စည်ပင်သာယာရေးတို့ပူးပေါင်းကာ ပေါ်ဆန်းမွှေးဆန် နို့ဆီဗူး ၁၆ ဗူးတွင် ငွေ (၆၇၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့သည်ဟုသိရပြီး ဒုတိယအကြိမ် ဆန်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့အပြင် ဆမီးမြို့တွင်လည်း ဆန်ပြတ်လပ်နေသည်မှာ ၂ လ နီးပါးရှိနေပြီး မြို့ခံများသည် ကျေးရွာဖက်မှဝင်လာသည့် ဆန်များကို အဓိက ဝယ်ယူစားသုံးနေကြကာ ဆန်တအိတ်လျှင် ခြောက်သောင်းကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.