Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်းဟု AA ပြော

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်းဟု AA ပြော

0
By Editor on November 29, 2022 Headline

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်ဆောင်ရွက်မှုကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်ရပ်စဲခြင်းဖြစ်သည်ဟု ယနေ့ နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းကပြုလုပသော သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ဝ နာရီတွင်တွင် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား အပစ်ခတ်ရပ်စဲမှုနှင့်ပတ်သက်၍ ဦးခိုင်သုခက ထိုကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန နိရဉ္စရာကဖော်ပြသည်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စ ဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တကျော့ပြန်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကို နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နှစ်ဘက်နားလည်မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စတာဆာဆာကာဝါသည် ယခင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တုန်းကလည်း စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်စဲရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သည့်အတွက် အပစ်ရပ်စဲနိုင်ခဲ့ကြသည်။

အသက် ၈၃ နှစ်အရွယ်ရှိပြီးဖြစ်သည့် မစ္စတာ ဆာဆာကာဝါသည် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သလို ဂျပန်ပြည်တွင်းနှင့် ပြည်ပတွင် လူသားချင်းစာနာမှုအထောက်အပံ့များပေးနေသည့် နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.