Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

0
By Editor on February 7, 2023 Headline

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ဟာ နိုင်ငံရေးပါတီအများစု ပျက်ပြယ်သွားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်ပြီး သို့သော်လည်း ယခုကဲ့သို့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ စစ်ကောင်စီကပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်ဟာ ပါတီအများစု ပျက်ပြယ်သွားနိုင်မယ့် အနေအထားမှာရှိနေတာလို့ CNLD ပါတီဥက္ကဌ ဦးငိုင်ဆာခ်က ခိုနူမ်းသုန်သတင်းဌာနကို ပြောပါတယ်။

“အမှန်တိုင်းပြောရရင် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာက ဒီမိုကရေစီရဲ့ကျင့်စဉ်၊ ပါတီအားလုံးလည်း ယှဉ်ပြိုင်နိုင်ခွင့်ကို ဒီအခြေအနေမှာဖန်တီးပေးရမယ် ဒါဟာ နိုင်ငံရေးနည်းလမ်းကိုအားပေးတာ၊ ဆိုတော့ ပါတီတွေကို ကန့်သတ်လိုက်တာက ပုံမှန်အနေအထားမဟုတ်တဲ့အတွက်ကြောင့် ပါတီတွေအနေနဲ့ အကုန်အများစုက ပျက်ပြယ်သွားနိုင်တယ်၊ ပျက်ပြယ်သွားပြီဆိုရင် ရွေးကောက်ပွဲလုပ်ချင်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အလိုအလျောက်ကန့်သတ်ပြီးတော့ ဘောင်ကျဉ်း စေတာရောက်တယ်” လို့ ဦးငိုင်ဆာခ်ကပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်တုန်းက ပြဌာန်းထားတဲ့ဥပဒေတွေထက် ကန့်သတ်ချက်တွေပိုများတယ်ဆိုပြီး ဝေဖန်ခံနေရတာလည် းဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ ယခုဥပဒေအသစ်မှာတော့ တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားရမှာဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တစ်ခုခုမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ ပါတီဝင်အရေအတွက် ၁,၀၀၀ နဲ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ရှိထားဖို့လိုအပ်ကြောင်း ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။

“ပြည်ထောင်စုအဆင့်ဆိုရင် ဒါပါတီဝင် တစ်သိန်း ပေါ့၊ ပြည်နယ်ဆိုရင် တစ်ထောင်စသဖြင့် ဒါတွေသတ်မှတ်လိုက်တာဟာ ပုံမှန်တိုင်းပြည်ကောင်းနေတဲ့အချိန်၊ ပုံမှန်အချိန်တွေမှာတော့ ပြဿနာမရှိဘူး၊ အခက်အခဲမရှိနိုင်ဘူး၊ ဒါပေမယ့်ဒီလိုမျိုး တိုင်းပြည်ငြိမ်သက်အောင် အခုပဲ မာရှယ်လောထုတ်ပြန်တဲ့နေရာ ၃၇ မြို့နယ်ရှိတယ်ဆိုတော့ ဒီလိုမျိုးရှိတဲ့အနေအထားမှာ ဒီလိုမျိုးဥပဒေသွားပြဌာန်းလိုက် တော့ ကျွန်တော်တို့ ဥပမာအားဖြင့်- ချင်းပြည်နယ်လိုမျိုးဆိုရင် ဘယ်လိုမှပါတီကို မှတ်ပုံတင်မယ်ဆိုရင် ပါတီဝင်အင်းအား ကို စည်းရုံးနိုင်တဲ့အနေအထားကိုမရှိဘူး၊ ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ ဦးငိုင်ဆာခ် ကပြောပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီအားလုံးဟာ ဥပဒေသစ် ပြဌာန်း လိုက်တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကစလို့ ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်အသစ် ပြန်တင်ရမှာဖြစ်ပြီး အဲဒီစည်းကမ်းကို မလိုက်နာရင် နိုင်ငံရေးပါတီ အဖြစ်ကနေ အလိုအလျောက်ဖျက်သိမ်းပြီးသားဖြစ်တယ်လို့ အဲဒီဥပဒေသစ်မှာ ဖော်ပြထားပါ တယ်။

ဒီလိုအခြေအနေတွေကြောင့် ပါတီအများစုကတော့ ပျက်ပြယ်သွားမယ့်အနေအထားမှာရှိနေတာလို့ ချင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဌကပြောဆိုခဲ့တာဖြစ်ပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဟာ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) စတဲ့ ချင်းနိုင်ငံရေးပါတီ ၃ ခုတို့မှ ပူးပေါင်းဖွဲ့စည်းထားတဲ့ ချင်းတမျိုးသားလုံးကို ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၃၇ နေရာ၊ စစ်ကိုင်း၊ မကွေး နဲ့ ရခိုင် ပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၂၀ စုစုပေါင်း ၅၇ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် CNLD ပါတီဟာ မဲဆန္ဒနယ်မြေ ၁ နေရာမှာသာ အနိုင်ရရှိခဲ့ပါတယ်။

ဒီနှစ်စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ CNLD ပါတီက နိုင်ငံရေးပါတီအနေနဲ့ပြန်လည်မှတ်ပုံပြီး ရွေးကောက်ပွဲ ဝင်မယ်မဝင်ဘူးဆိုတာကတော့ ပါတီတွင်းမဆုံးဖြတ်ရသေးဘူးလို့ ဦးငိုင်ဆာခ်ကပြောပါတယ်။

“အခုက ပါတီမှတ်ပုံမတင်ဘူးဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ပျက်ပြယ်မယ်ပေါ့အလိုအလျောက် မတ်လ ၂၈ လောက်ဆိုရင် ပါတီက အလိုအလျောက်ပျက်ပြယ်သွားမယ် ကျန်တဲ့မျိုးနွယ်စုပါတီလေးတွေတော့ရှိနိုင်တယ်။ ဒါပေမယ့် ချင်းအမျိုးသားတခုလုံးကို ကိုယ်စားပြုတဲ့ပါတီက CNLD ပဲရှိတယ်၊ ဆိုတဲ့အခါကျတော့ CNLD ကမှတ်ပုံမတင်တဲ့ အခါကျ ရင် ကျွန်တော်တို့အလိုအလျောက်ပျက်ပြယ်သွားမယ် ဒါဆိုရင် လူမျိုးတမျိုးအနေနဲ့ ဘယ်နိုင်ငံရေးအကျပ်အတည်း မျိုးမှာမဆို ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ၊ ဘယ်လောက်ပဲချောမွေ့နေပါစေ လူမျိုးတမျိုးအနေနဲ့ ပါတီနည်းလမ်းကနေ၊ နိုင်ငံရေးနည်းလမ်းကနေ လူမျိုးတမျိုးကို ဦးဆောင်မှုပေးဖို့ ဆွေးနွေးတိုင်ပင်ဖို့၊ ပြည်သူကို လှမ်းစကားပြောဖို့က ပါတီတခု လိုကိုလိုတာဆိုတော့ မရှိလို့မဖြစ်ဘူး။ ဆိုတော့မှတ်ပုံတင်ဥပဒေအရ ပျက်ပြယ်သွားမယ်ဆိုရင် ချင်းလူမျိုးမှာ ပါတီမရှိဘူး၊ နိုင်ငံရေးပါတီမရှိရင် ဦးဆောင်မယ့် ချင်းလူမျိုးကိုယ်စားပြောမယ့် တရားဝင်လမ်းကြောင်းမရှိသလိုဖြစ်သွားမယ် ဒါကို တော့အလေးအနက်စဉ်းစားရမှာဖြစ်တယ်၊ ဒါပေမယ့် မှတ်ပုံတင်ဖို့၊ မတင်ဖို့ကတော့ မဆုံးဖြတ်ရသေးပါဘူး’’ လို့ CNLD ပါတီဥက္ကဌကပြောပါတယ်။

ရွေးကောက်ပွဲဝင်းခြင်းမဝင်ခြင်းဆိုတာထက် ချင်းလူမျိုးတွေကို နိုင်ငံရေးအရဦးဆောင်မှုပေးနိုင်မယ့် တရားဝင်ရပ်တည်တဲ့ ပါတီတစ်ခုတော့ ရှိကိုရှိဖို့လိုအပ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

“ဒီမှာက ထည့်စဉ်းစားရမှာက ရွေးကောက်ပွဲဝင်တာ၊ မဝင်တာနဲ့ မသက်ဆိုင်ပါဘူး၊ ပါတီတခုဆိုတာက ရွေးကောက်ပွဲ ဝင်ပြီးတော့အမတ်ဖြစ်မှ လူမျိုးအတွက် အမျိုးသားရေးအတွက် လုပ်နိုင်တာမဟုတ်ဘူး၊ ရွေးကောက်ပွဲမဝင်ဘဲနဲ့ တရားဝင်ရပ်တည် နိုင်တယ်ဆိုရင် အမျိုးသားရေးကိစ္စ၊ လူမျိုးရေး ကိစ္စ၊ ပြည်ထောင်စုအတွင်းကိစ္စကို ပါတီအားကေ နပြောဆိုနိုင်တဲ့ အခွင့် အလမ်းတွေရှိမှာဖြစ်တဲ့အတွက်ကြောင့် ပါတီကေ တာ့ ချင်းလူမျိုးအတွက် အမျိုးသားဦးဆောင်ပါတီ ကတော့ လိုကိုလို တယ်လို့ပြောချင်တယ်” ဦးငိုင်ဆာခ်က ပြောပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကို ကြေညာနိုင်ခြင်းမရှိသေးသလို ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်နေ့မှာ နောက်ထပ် ၆ လ အာဏာသက်တမ်းထပ်တိုးလိုက်ပြီး စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်အပါအဝင် မြို့နယ် ၃၇ မြို့နယ်မှာ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က Martial Law လို့ခေါ်တဲ့ စစ်အုပ်ချုပ် ရေးကြေညာလိုက်ပါတယ်။

ခုခံတော်လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်မှာတော့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF တွေက ချင်းပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်စိုးမိုးထားနိုင်ပြီလို့ပြောဆိုထားပြီး စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအစီစဉ်ကိုလည်း အပြင်းအထန်ကန့်ကွက်ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားကြပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.