Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်ရင်း (၇) ရက်သားအရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၆၀) ရွယ် အမျိုးသမီးတစ်ဦးသေဆုံး
Photo - Mindat Township IDPs Camp Management Committee

စစ်ဘေးရှောင်ရင်း (၇) ရက်သားအရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၆၀) ရွယ် အမျိုးသမီးတစ်ဦးသေဆုံး

0
By Editor on June 12, 2023 Headline

(01RB)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်မှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြသော စစ်ဘေးရှောင်ထဲမှ (၇) ရက်သားအရွယ်ကလေးငယ်နှင့် အသက် (၆၀) ရွယ်အမျိုးသမီးတို့ နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်ဟု သိရသည်။ 

မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့သည် မတူပီ-မင်းတပ်လမ်းမကြီးဘက်သို့ ဇွန်လဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးလာခြင်းကြောင့် မင်းတပ်-မတူပီလမ်းမကြီးပေါ်ရှိ မိုင်တိုင်(၉၀) ခြမ်းပြန်းရွာ၊ မိုင်တိုင် (၈၄) ရမ်တိန်းရွာ နှင့် မိုင်တိုင် (၈၁) မွှန်တုန်းရွာတို့မှ ဒေသခံပြည်သူများသည် မင်းတပ်မြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ကြသည်ဟု သိရသည်။ 

ထိုကဲ့သို့ စစ်ဘေးတိမ်းရှောင်နေကြစဉ်တွင် ဇွန်လ (၅) ရက်နေ့က အသက် (၆၀) ရွယ် အမျိုးသမီးတစ်ဦးနှင့် ဇွန်လ ၉ ရက်နေ့က (၇) ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့သည် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်ဟု Mindat Township IDPs Camp Management Committee က ထုတ်ပြန်သည်။ 

စစ်ဘေးရှောင်ပြည်သူများသည် အဝတ်အစားအချို့နှင့် အစားအသောက်အနည်းငယ်များသာ ယူဆောင်လာကြသည့်အတွက် အရေးပေါ်အစားအသောက်နှင့် ဆေးဝါးများလည်း လိုအပ်သည်ဟု သိရသည်။ 

Mindat Township IDPs Camp Management Committee အနေဖြင့် ဇွန်လ ၉ ရက်နေ့က အဆိုပါစစ်ဘေးရှောင်များထံ ဆိုးရွားလှသည့် ရာသီဥတုကြားမှ သွားရောက်ကာ ဆန်အိတ် (၆၁) အိတ်နှင့် ဆီ ဗူး(၄၀) တို့ကို ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.