Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျနော်တို့ ဒီအချိန်မှာ ကြားနေရတဲ့ ပအဖ၊ ပလဖတွေ ၊ PDF တွေ၊ သူတစ်လူ၊ ငါတစ်မင်း ဖြစ်နေတာ၊ Chain of Command မမိတာ၊ သူ့နယ် ငါ့နယ်ခွဲနေတာ တဖြည်းဖြည်းနဲ့ စစ်ဘုရင်ပုံစံ ၊ ဘယ်သူကိုမှ အမိန့် မနာခံတဲ့ လုပ်ချင်ရာ လုပ်မဲ့ ပုံစံလေးတွေ မဖြစ်လာ အောင်ပေါ့နော်၊ နိုင်ငံရေးအားဖြင့်ကော၊ အုပ်ချုပ်ရေးအားဖြင့်ကော ထိန်းကျောင်း မှုပေးဖို့ပါ”

“ကျနော်တို့ ဒီအချိန်မှာ ကြားနေရတဲ့ ပအဖ၊ ပလဖတွေ ၊ PDF တွေ၊ သူတစ်လူ၊ ငါတစ်မင်း ဖြစ်နေတာ၊ Chain of Command မမိတာ၊ သူ့နယ် ငါ့နယ်ခွဲနေတာ တဖြည်းဖြည်းနဲ့ စစ်ဘုရင်ပုံစံ ၊ ဘယ်သူကိုမှ အမိန့် မနာခံတဲ့ လုပ်ချင်ရာ လုပ်မဲ့ ပုံစံလေးတွေ မဖြစ်လာ အောင်ပေါ့နော်၊ နိုင်ငံရေးအားဖြင့်ကော၊ အုပ်ချုပ်ရေးအားဖြင့်ကော ထိန်းကျောင်း မှုပေးဖို့ပါ”

0
By Editor on August 10, 2023 Featured

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်မှာ စစ်အာဏာရှင်ကို ခုခံတော်လှန်မှု အားကောင်းသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဩဂုတ်လ ၆ ရက်က စတင်ဖွဲ့စည်း လိုက်သည်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဘယ်လိုရည်ရွည်ချက်နှင့် ဖွဲ့စည်းရတာပါလဲ။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး – ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကို စတင်ဖွဲ့စည်းကြောင်း ဩဂုတ်လ ၆ ရက်က ထုတ်ပြန်ထားတာ တွေ့ပါတယ်။ ချင်းအမျိုးသားကောင်စီ -မင်းတပ်က ဘယ်သူတွေနဲ့ ဘယ်လို ဖွဲ့စည်းထားပါသလဲ။

ဖြေ –    ကျနော်တို့အနေနဲ့ Federal Chapter တွေ ရေးဖို့ ရှိမယ်။ ဘယ်သူတွေနဲ့ ဘယ်လို ဖွဲ့စည်းထားတယ်။ ဘယ်လိုတွေ တာဝန်ပေးတယ်ဆိုတာတွေကို နောက်ထပ် စာထွက်လာဖို့ ရှိပါတယ်။ အခုက အကြမ်းဖျင်း ပြောပြတာပါ။

မေး – ဒီအဖွဲ့အစည်းက မင်းတပ်မြို့နယ်အတွင်းမှာပဲ လွှမ်းခြုံဆောင်ရွက်မှာလားခင်ဗျာ။ သူက ဘယ်လောက်အထိ လွှမ်းခြုံမှု ရှိပါသလဲ။


ဖြေ –    မင်းတပ်မြို့နယ်ဒေသအတွင်းပေါ့နော်။ မင်းတပ်မြို့နယ်အတွင်းပဲ လွှမ်းခြုံတာာဖြစ်ပါတယ်။

မေး – ဒီကောင်စီက ဘာတွေ လုပ်ဆောင်သွားမှာပါလဲခင်ဗျာ။ သူ့ရဲ့ တာဝန်တွေက ဘာတွေပါလဲခင်ဗျာ။

‌ဖြေ –    ကျနော်တို့ မြေပြင်မှာ အုပ်ချုပ်ရေး ကောင်းကောင်း လည်ပတ်တယ်။ အုပ်ချုပ်ရေး ဆိုတာ ပညာရေး၊ ကျန်းမာရေးပါတယ်၊၊ ရပ်ရွာ၊ တိုက်နယ်၊ အုပ်စုအုပ်ချုပ်ရေး၊ လူသားချင်စာနာထောက်ထားရေး၊ တရားရေး ၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ CDM ထောက်ပံ့ရေး၊ ပြည်သူ့ရင်ခွင် စတဲ့ ဌာနတွေ ကောင်းကောင်း လည်ပတ်တဲ့ အုပ်ချုပ်ရေးတွေ ရှိတယ်။ CDF – မင်းတပ်၊ ကာကွယ်ရေးလည်းရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးမပါတဲ့ တော်လှန်ရေး က အဆင်မပြေဘူးလေ။ အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လိုသွားကြမယ်။ NUG နဲ့ ဘယ်လိုစကားပြောမယ်။ ပြည်နယ်အစိုးရ ပေါ်လာခဲ့ရင် ပြည်နယ်အစိုး ရနဲ့ ဘယ်လိုချိတ်ဆက် မယ်ဆိုတာကို ကာကွယ်ရေးကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ပအဖကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ကာကွယ်ရေးနဲ့ပအဖ နဲ့လည်း လက်ဝါးချင်းရိုက်ပြီး လုပ်လို့ မရဘူး။ ဒီတော့ ချင်းအမျိုးသားကောင်စီ ဆိုတာ CDM အစုအဖွဲ့ရော၊ ကာကွယ်ရေးရော၊ ပအဖရော၊ ပြည်ပက တတ်သိပညာရှင်တွေ၊ တော်လှန်ရေးကို ကူညီနေတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီး၊ ပြည်တွင်းပြည်ပ အကုန်လုံးစုပေါင်းထားတဲ့ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်တယ်။ နိုင်ငံရေးလမ်း စဉ်တွေ ချမှတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးတွေပေါ့နော်။ အဲလိုမျိုးတွေကို ဦးဆောင်ဖို့ပေါ့ လေ။ အဲဒါတွေအတွက် မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်မဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ပါ။


မေး – အခုလက်ရှိ မင်းတပ်ကောင်စီကို စတင်ဖွဲ့စည်းဆောင်ရွက်တာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိပါသလဲခင်ဗျာ။

ဖြေ –    ဒီဟာဖွဲ့စည်းဖို့ ၂၀၂၁ နှစ်ကုန်ကတည်းက အဲတုန်းက ပအဖမှာ ဒီပညာရေး၊ ကျန်းမာရေး၊ CDM ဌာနတော့ ရှိပြီးပေါ့နော်။ အဲတုန်းက CDF မင်းတပ်က ကာကွယ်ရေးဌာနဖြစ်တယ်။ အဲဒီကနေ နိုင်ငံရေး အရွေ့အပြောင်းတွေ ဖြစ်လာတော့ ကာကွယ်ရေးသည် သူ့ဟာနဲ့သူ ဘဏ္ဍာငွေ ရှာဖွေတယ်။ သူ့ဟာနဲ့ သူ ရပ်တည်လာတယ်ဆိုတော့ ကာကွယ်ရေးသည် ရှေ့တန်းက၊ ပအဖသည် နောက်တန်းက တော်လှန်ရေးကို အဲလို အရှေ့နဲ့ အနောက်က သွားလာ ကြတဲ့ ပုံစံဖြစ်လာတယ်။ အဲဒီ ၂၀၂၁ နှစ်ကုန်မှာကတည်းက Political Wing ဆိုပြီး ကျနော်တို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ကာကွယ်ရေးကလည်းပဲ တပ်ရင်း၊ တပ်ဖွဲ့နဲ့ ၊ သင်တန်းနဲ့ ကျင့်ဝတ်နဲ့ စနစ်ကျဖို့၊ အသားကျဖို့ ကြိုးစားလာတယ်။ ဒီဘက်မှာလည်း ပအဖကို တမြို့နယ်လုံး လွှမ်းခြုံပြီးတော့မှ အုပ်ချုပ်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားတယ်။ အဲဒီလိုမျိုးတွေနဲ့ ကာကွယ်ရေးကလည်း ကာကွယ်ရေး ဥပဒေနဲ့ တစ်ဆင့်ချင်းပေါ့နော်၊ နိုင်ငံရေး ဦးဆောင်အဖွဲ့အောက်မှာရှိဖို့၊ နောက်ပြီးတော့ ကာကွယ်ရေးသည် အရပ်သား ဦးဆောင်မှု၊ ဒီနိုင်ငံရေး ဦးဆောင်မှုဆိုတာလည်း Collective Leadership ပဲလေ၊၊ ပြည်တွင်း ပြည်ပနဲ့ မြေပြင်ကရော အကုန်လုံး ဝိုင်းပါတဲ့ Collective Leadership လည်းဖြစ်တယ်။ အရပ်သားဦးဆောင်မှု အောက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ ၊၊
ကျနော်တို့ ဒီအချိန်မှာ ကြားနေရတဲ့ ပအဖ၊ ပလဖတွေ ၊ PDF တွေ၊ သူတစ်လူ၊ ငါတစ်မင်း ဖြစ်နေတာ၊ Chain of Command မမိတာ၊ သူ့နယ် ငါ့နယ်ခွဲနေတာ တဖြည်းဖြည်းနဲ့ စစ်ဘုရင်ပုံစံ ၊ ဘယ်သူကိုမှ အမိန့် မနာခံတဲ့ လုပ်ချင်ရာ လုပ်မဲ့ ပုံစံလေးတွေ မဖြစ်လာအောင်ပေါ့နော်။ ကာကွယ်ရေးဘက်က ခေါင်းဆောင်တွေ၊ ဗဟိုကော်မတီ ဝင်တွေ ကိုယ်တိုင်၊ တပ်ရင်းမှူးတွေ ကိုယ်တိုင် အားလုံးက လိုလိုလာလာနဲ့ စုပေါင်းထားတဲ့ ကာကွယ်ရေးကို နိုင်ငံရေး အားဖြင့်ကော၊ အုပ်ချုပ်ရေးအားဖြင့်ကော ထိန်းကျောင်းမှုပေးဖို့၊ ဘဏ္ဍာရေးအားဖြင့်ကော ထိန်းကျောင်းပေးမဲ့ အဖွဲ့အစည်းဖြစ်ဖို့ ၊ ဒီ၂၀၂၁ ကနေ စပြီးတော့ ၂၀၂၂ နဲ့ ၂၀၂၃ ဒီအထိပေါ့နော်၊ ပအဖဘက်ကလည်း မြို့နယ်လုံးဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူး၊ တိုက်အုပ်တွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင်တွေ အကုန်လုံး၊ အုပ်ချုပ်ရေးညီလာခံ နှစ်ကြိမ်/ သုံးကြိမ်လောက် လုပ်ပြီးမှ အဆင့်ဆင့် အကြံဥာဏ် တောင်းခံလွှာတွေနဲ့ ပြည်ပကိုသော်လည်းကောင်း၊ ပြည်တွင်းကိုသော်လည်းကောင်း၊ မင်းတပ်မြို့နယ် အဖွဲ့အစည်း တွေကို အကြံဥာဏ် တောင်းခံလွှာနဲ့ တဖြည်းဖြည်း၊ အချိန်ယူတယ်၊ အများကြီး ဆွေးနွေး ငြင်းခုံကြရင်နဲ့ အခုမှ ပေါ်ပေါက်လာတာ ပေါ့နော်။ အခက်အခဲတွေကပေါင်းစုံပါပဲ။ အမျိုးမျိုးဖြတ်သန်းရတာပေါ့။ ၂ နှစ်နီးပါး အကြားမှာ ပေါ်ပေါက်လာ တဲ့အဖွဲ့ပေါ့။

မေး – နောက်တစ်ခုက ချင်းပြည်နယ်မှာ ချင်းလဲန်းကောင်စီ ပေါ်ပေါက်လာဖို့လည်း ကြိုးစားကြတယ်လို့သိရ တယ်ပေါ့လေ၊ ဆိုတော့ ပေါ်ပေါက်လာမဲ့ ချင်းလဲန်းကောင်စီနဲ့ရော ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်သွားမှာလဲခင်ဗျာ။

ဖြေ –    ချင်းပြည်နယ်မှာ ICNCC ရှိတယ်။ ဒါက ချင်းပြည်နယ်အစိုးရပေါ်ပေါက်ရေးအဖွဲ့ပေါ့နော်။ ဒါက ၂၀၂၁ ဖေဖော်ဝါရီ/ မတ်လ လောက်ကတည်းက ပေါ်လာတာလေ၊ ခုချိန်ထိ မြေပြင်မှာရော ဘာမှလုပ်ငန်း အကောင်အထည်ဖော် မဆောင်ရွက်နိုင်တဲ့ အခြေအနေရှိတယ်။ ဒီကြားထဲမှာ CJDC ဘက်ကနဲ့ ချင်းပြည် Chapter ရေးတယ်။ CNA/ CNF ဘက်က Chapter ရေးတယ်။ Chinland Government လုပ်ဖို့ ကြိုးစားတယ်။ ချင်းပြည်ကောင်စီဆိုရင် ကျနော်တို့က မြေပြင်မှာလည်း အများကြီးဆွေးနွေးကြတာ ရှိတယ်။ ဘယ်လိုတွေ ပါဝင်မှာလဲ၊ ဘယ်လိုဖွဲ့မှာလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊၊ NUG နဲ့ ဘယ်လို ချိတ်ဆက်ကြမှာလဲဆိုတဲ့ ပုံစံပါ၊၊ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် အပေါ်မှာ ကောင်းကောင်းမွန်မွန် စဖွဲ့စည်းပြီးတော့မှ မြေပြင်အထိ ဖွဲ့စည်းဖို့က ဒီတော်လှန်ရေးကာလမှာ အဆင်မပြေလို့ ကျနော်တို့က မြေပြင်က တကယ့် Township Level Unit ကနေ ကျစ်ကျစ်လစ်လစ် စုစည်းပေါင်းစည်းဖို့လည်း ကျနော်တို့က လမ်းခင်းတဲ့ သဘောပေါ့နော်။ အဲလိုမျိုးလည်း ပါပါတယ်။

မေး – ဘာကြောင့် ဒီလိုဖွဲ့စည်းဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ ကျနော် မမေးမိတာဖြစ်ဖြစ် ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပါခင်ဗျာ။

ဖြေ –    အဓိကက ကျနော်တို့အနေနနဲ့ အများကြီး ရှည်ရှည်ဝေးဝေးတွေးပြီး အတွေးများဖို့တော့ မဟုတ်ဘူးပေါ့နော်။ ဒီတော်လှန်ရေးကို ဦးဆောင်ဖို့ နိုင်ငံရေးဘက်ကသော်လည်းကောင်း၊ အာဏာရှင်အမြစ်ဖြတ်ရေး၊ တော်လှန်ရေး အောင်မြင်ရေးကို နံပါတ် (၁) ဦးဆောင်မှုပေးရမယ်။ အဲဒီကနေတဆင့် အသွင်ကူးပြောင်းရေး ကာလတွေမှာ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးကို အပြည့်အဝပေးဖို့အတွက် လူ့အခွင့်အရေးသော်လည်းကောင်း၊ ကိုယ့်ကံကြမ္မာကို ပြဌာန်းခွင့်ဖက်ဒရယ် ဒီမိုကရေစီအရေးကို အာမခံချက်ပေးမဲ့ နိုင်ငံရေး အခင်းအကျင်း ပုံစံကို ဒုတိယအဆင့်သွားမယ်။ အဲဒီကမှ ပြန်လည်ထူထောင်ရေးတွေ သွားမှာပေါ့နော်။ အဝေးကြီးတော့ ကျနော်တို့ မစဉ်းစားသေးဘူး။ ဒီကြားထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေသည် အရပ်သားတွေရဲ့ စုပေါင်းခေါင်းဆောင်မှု အောက်မှာရှိတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ တော်လှန်ရေးအောင်မြင်အောင် လုပ်ဖို့ကို အရင်အာရုံစိုက် ကြမယ်။ အမြဲတမ်းအဆင့်တိုင်း၊ အဆင့်တိုင်းမှာ စုပေါင်းခေါင်းဆောင်မှုရှိတယ်။ အမြဲတမ်းဆွေးနွေးတိုင်ပင်ကြမယ်။ လျော့သင့်တာလျော့၊ တင်းသင့်တာတင်း၊ ပြည်သူလူထုရဲ့ တောင်းဆိုမှု၊ မြေပြင်လိုအပ်ချက်အရ လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေပေါ့နော်။ အထိုက်အလျောက်ပုံမှန် လုပ်သွားပြီးမှ ရှေ့ဆက်သွားဖို့ ဖြစ်မှာပေါ့။ အဲလိုမျိုးပါ။

အဲလိုမျိုးအတွက် ရည်ရွယ်ထားတဲ့အဖွဲ့ဖြစ်တယ်။ ဒီကာလမှာ တစ်ခုခုဖွဲ့လိုက်တယ်ဆိုရင် သို့လော၊ သို့လော။ ဒီအဖွဲ့ ဖွဲ့လိုက်ရင် ပအဖက ရှိဦးမှာလား၊ CDF မင်းတပ်ကော ရှိဦးမှာလားပေါ့လေ။ ရှင်းရှင်းပြောရရင် ဒီတော်လှန်ရေး ကာလကိုက Uncertain Time လေ၊၊ နောက်လကြရင် ဘာဖြစ်လာမလဲ၊၊ နောက်သုံးလ၊ ၆ လကြာရင် နိုင်ငံရေး အခင်းအကျင်း ဘယ်လိုဖြစ်လာမလဲဆိုတာ မသိကြဘူးလေ။ လူတွေက စိုးရိမ်စိတ်များတာရော၊ သံသယစိတ်များ တာရော၊ ကြောက်ရွံ့စိတ်တွေ များတာရော၊ တစ်ခုခုဆိုရင် ဒီတော်လှန်ရေးကာလမှာ Stress တွေ များတယ် ပြောရမှာပေါ့။ အကြောက်အကန် ငြင်းတာ၊ စိုးရိမ်ကြီးတာ အဲလိုမျိုးတွေ ဖြစ်တယ်။ လိုအပ်ချက်အရ ကျနော်တို့ ဖွဲ့စည်းကြတယ်။ အမြဲတမ်းပြည်သူလုထုရဲ့ အသံကို မြေပြင်မှာ ရှိတဲ့ လူတွေနဲ့ အများနဲ့ တိုင်ပင်တယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်။ အလျော့အတင်းတွေ လုပ်မယ်။ အခြေအနေပေါ် မူတည်ပြီမှ တိုင်တိုင်ပင်ပင်နဲ့ အလုပ်လုပ်သွားဖို့၊ နိုင်ငံရေးလမ်းစဉ်ချမှတ်ဖို့၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး အကုန်လုံးကိုဦးဆောင်မှု ပေးမဲ့ အဖွဲ့ဖြစ်မှာပါ။

ဒီလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.