Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

0
By Editor on September 21, 2023 Featured

(003PT)

ချင်းပြည်နယ်မြောက်ဖျားပိုင်းမှာအခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-တွန်းဇံ (CDF-Tonzang) ကို ဩဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က တိုက်ခိုက် ခဲ့ရာမှာ CDF-Tonzang ဘက်က ရဲဘော် ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်းတွေလည်း အမြောက်အများဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်။

Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့ဟာ ယခင်ကလည်း တီးတိန်၊ တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်တပ်စွဲထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို ဖျက်ဆီးသိမ်းပိုက်တာတွေ လုပ်ခဲ့သလို ချင်းအမျိုးသားတပ်မတော် CNA၊ CDF တပ်ဖွဲ့တွေနဲ့လည်း ထိတွေတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ဒီလိုအခြေအနေတွေကြောင့် Zomi Revolutionary Army (Eastern Command) ဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ်သဖွယ် ဆောင်ရွက်နေပြီဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ZRA EC အနေနဲ့ ဘာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေရတာဘာလဲ၊ စစ်ကောင်စီနဲ့တကယ်ပဲ ပူးပေါင်းနေပြီလား၊ သူတို့တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ဘာပါလဲ၊ Zomi Revolutionary Army (Eastern Command) ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဆရာတို့ ZRA (Eastern Command) ကိုဘယ်ခုနှစ်တုန်းက ဘယ်လို ဖွဲ့စည်းတည်ထောင်ထားပါသလဲခင်ဗျာ။ သမိုင်းကြောင်းကို အတိုချုပ် ရှင်းပြပေးနိုင်မလားခင်ဗျာ။

ဖြေ။ ။ သမိုင်းကြောင်းကတော့ ဆရာတို့လည်း သိထားတဲ့အတိုင်းပဲ Pu Zo Thang ကနေ ဦးစီးပြီးတော့ ၂၀၁၃ ခုနှစ်မှာ ZRA အရှေ့ပိုင်းတိုင်းဆိုပြီးတော့ မြန်မာနိုင်ငံတွင်းမှာပဲနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေထဲက ဇိုမီး လူမျိုးတွေနဲ့စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ Eastern Command တစ်ခုတည်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်မဟုတ်ပဲနဲ့ ZRA ရဲ့ ရည်မှန်းချက်က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်စတဲ့ နိုင်ငံ ၃ နိုင်ငံမှာနေထိုင်ကြတဲ့ Zo Suan (ဇိုမျိုးနွယ်စု) တွေကို စုစည်းနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်ကြောင့် Eastern Command မှာလည်း ZRA ရှိသင့်တယ်ဆိုတဲ့ ခံယူချက် နဲ့ ZRA – Eastern Command ကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ပေါ်လစီတွေကတော့ ကျွန်တော်တို့ Zogam Charter ဆိုပြီးတော့၊ အဲ့ဒီ Charter ထဲမှာပဲ Policy သွားရမယ့်လမ်းကြောင်းတွေအကုန်လုံး ပါပြီးသားဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် ZRA- EC ဆိုတာ ZRA အဖွဲ့အစည်းရဲ့ လက်အောက်ထဲက အဖွဲ့တစ်ခုပေါ့နော်။ ZRA နဲ့ ZRA EC က ဘယ်လိုကွာခြားချက်ရှိပါလဲ။

ဖြေ။ ။ တစ်ခုတည်းပါပဲခင်ဗျာ။ Eastern Command ဆိုတာက မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့အတွက်ကြောင့် ပေါ့နော်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ချင်းလူမျိုးတွေစီမှာရှိတဲ့ ရိုးရာ တစ်ခုလိုပေါ့၊ ဘယ်လိုပြောရမလဲဆိုရင် မိဘအိမ်ကနေ အိမ်ခွဲနေသလိုပေါ့နော်၊ အဲ့လိုမျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ Headquarter အချို့ကတော့ ZRO/ZRA ရဲ့ လက်အောက်မှာပဲရှိတာပါ။

မေး။ ။ ZRA- EC ဟာ ဘယ်လို ရပ်တည်ချက်ရှိပါသလဲ။ ဘယ်ဒေသတွေမှာ အခြေပြု တိုက်ပွဲဝင်နေကြပါသလဲခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ အခြေပြုလုပ်ရှားတဲ့နေရာကြတော့ ကျွန်တော်တို့ ဇိုမီး (Zomi) လူမျိုးစုတွေ   အများစုနေထိုင် တဲ့ တီးတိန်ခရိုင်ပေါ့နော်။ အခုစစ်ကောင်စီက သတ်မှတ်ထားတာ တီးတိန်ခရိုင်၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ကလေးကဘော် ဒါက ကျွန်တော်တို့ အများစုနေထိုင်တဲ့နေရာကိုအခြေပြုပြီးတော့ ကျွန်တော်တို့ လှုပ်ရှားကြ ပါတယ်။ ပြီးတော့ တိုက်ပွဲအခြေနေကတော့ ကျွန်တော်တို့ကို အနှောက်ယှက် မပေးတဲ့လူတွေကို သွားပြီး တော့ မတိုက်ခိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လမ်းကြောင်းကို အနှောက် ယှက်ပေး တဲ့ ဘယ်အဖွဲ့စည်းမဆို ကိုတော့ ကျွန်တော်တို့ လက်နက်ကိုင် လမ်းစဥ်ကို ဦးစားပေး လှုပ်ရှားတဲ့ အဖွဲ့စည်း မဟုတ်ပဲနဲ့ ကျွန်တော် တို့က တတ်နိုင်သမျှ ညှိနှိုင်းပြီးတော့ လှုပ်ရှားတဲ့အဖွဲ့စည်းဖြစ်တဲ့ အတွက်ကြောင့်မို့ ညှိနှိုင်းလို့မရတဲ့အဆုံးမှာပဲ ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီလက်နက်ကိုင်တဲ့ ရည်ရွယ်ချက်ကတော့ အခုတလော ခေတ်စားနေတဲ့ ဖက်ဒရယ် (Federal) ပေါ့နော်၊ အခုမှ ဗမာလူမျိုး အများစုက ပါးစပ်ထဲမှာ ခေတ်စားလာတယ်ဖြစ်ပေမဲ့၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဒေသ ကိုယ့်နယ်မြေကို ကိုယ့်လူမျိုးတွေက အုပ်ချုပ်ခွင့်ရမယ့် ဖက်ဒရယ် (Federal) လိုပေါ့နော်၊ အဲ့ဒါကို အခြေခံပြီးတော့ လှုပ်ရှားနေတာဖြစ်ပါတယ်။ လက်နက်ကိုင်ရတဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒါပါပဲ။ ဒါပေမဲ့ လက်နက်ကိုင်ဆိုပေမဲ့ တိုက်ပွဲတွေပဲတိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်တော့မရှိပါဘူး။ ကျွန်တော်တို့က လက်နက်ကိုင်မှပဲ ကျွန်တော်တို့ပြောတဲ့စကားက သူများနားထဲဝင်တယ်ဆိုတော့ အဲ့ဒါကြောင့် လက်နက်ကိုင်ရ ခြင်းဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် ZRA- EC ရဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်က ဘာဖြစ်မလဲ။

ဖြေ။ ။ နိုင်ငံရေးရည်မှန်းချက်ကတော့ ကျွန်တော်အခုနပြောထားတဲ့အတိုင်းပဲ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေကို ကိုယ့် လူမျိုးကပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်၊ မြန်မာနိုင်ငံကို ဖက်ဒရယ် (Federal) စနစ်နဲ့သွား မယ်ဆိုရင် ဖက်ဒရယ် ယူနစ် (Federal Unit) တစ်ခုအဖြစ်ရပ်တည်နိုင်အောင်လို့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို မျက်နှာမငယ်ရအောင်ပေါ့နော် အဲ့လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိ ထားမှဖြစ်မယ်ဆိုတဲ့။ နိုင်ငံ‌ရေး ရည်မှန်ချက်ကတော့ အခုနပြောထားတဲ့အတိုင်းပါပဲ ကျွန်တော်တို့က ကိုယ်အုပ်ချုပ်ခွင့်ရ အနည်းဆုံး အဲ့ဒါတော့ ကျွန်တော်တို့ ဇိုနယ်မြေဒေသ (Zogam) Charter ထဲမှာ ပါပြီးသားပါပဲ။

မေး။ ။ ဖေဖော်ဝါရီလ ၅ ရက်က Zomi Political Coordination Committee နဲ့ ZRA-EC အဖွဲ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ကို လက်ခံရရှိပြီး ဇိုမီးပြည်နယ် ရရှိရေး တိုက်ပွဲဝင်နေတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။ အဲဒီအကြောင်းကိုလည်း ရှင်းပြပေးနိုင်မလားခင်ဗျာ။ တကယ်ဟုတ်ပါသလား။

ဖြေ။ ။ အဲ့ဒါတော့ တကယ်မဟုတ်ပါဘူးခင်ဗျာ။ စစ်ကောင်စီနဲ့လည်း အခုချိန်ထိ ကျွန်တော်တို့ Eastern Command စတင်ဖွဲ့စည်းကတည်းကပေါ့နော် အဲ့ဒီကတည်းကလည်း တစ်ခါမှ လူချင်းတွေ့ပြီးတော့ စကား ပြောဆိုထား ခြင်းမရှိသလို၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားပြောဆိုထားခြင်းမရှိသေးပါဘူး၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရ ပဲဖြစ်ဖြစ် ပူးပေါင်းတာလည်းမရှိသေးသလို နောက်နှောင်လည်း ပူးပေါင်းမှာမဟုတ်သလို အခုပြောတဲ့ အဲ့ဒီထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်ဘာညာဆိုတာတွေကလည်း ကျွန်တော်တို့ မကြိုက်ပါဘူး။ ကျွန်တော်တို့က Zomi တော်လှန်ရေးတပ်မတော်ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ လူမျိုးကို ကိုယ်စားပြု ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့လက်ခံနိုင်ခြင်းမရှိတဲ့ ဘယ်အဖွဲ့စည်းမဆို  ကျွန်တော်တို့ နောက် နောင်လည်း ပါးစပ်နဲ့ပြောလို့မရရင် လက်နက်နဲ့ပြောမှာဖြစ်ပါတယ်။ အဲ့ဒီ အကိုပြောတဲ့ဟာတွေတော့ သူများတွေ Fake အကောင့်နဲ့ လုပ်ထားခြင်းပဲဖြစ်ပါတယ်ဗျ။ ကျွန်တော်တို့ စစ်ကောင်စီနဲ့တော့ နိုင်ငံရေး ပဲဖြစ်ဖြစ် အပစ်ခတ်စာချုပ်နဲ့ပဲဖြစ်ဖြစ် တစ်ခုမှလည်း ထိုးထားခြင်း မရှိသေးပါဘူးခင်ဗျာ။

မေး။ ။ နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ZRA- EC တပ်ဖွဲ့တွေ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားတာတွေရှိပါတယ်။ ဘာကြောင့် ဘာလဲ။

ဖြေ။ ။ အဲ့ဒါတော့ ရှင်းရှင်းလေးပါပဲ ကျွန်တော် အခုနပြောသလိုပါပဲ။ ကိုယ့်နယ်မြေ ကိုယ့်ဒေသမှာပဲ အေးအေး ဆေးဆေးနေတယ်ဆိုရင်တော့ ဖြစ်စရာမရှိပါဘူးပေါ့နော်။ အခုက နယ်မြေကျူးကျော်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့နယ်မြေထဲကို အခြားလက်နက်ကိုင်အဖွဲ့စည်းမှမရှိစေချင်ဘူး ကျွန်တော်တို့ကလွဲပြီးမှ ဘယ်အဖွဲ့ စည်းမှ မရှိစေချင်းဘူးဆိုပြီးမှ ၂၀၂၁ နွေဦးတော်လှန်ရေး စတင်ကတည်းက ကျွန်တော်တို့ စာထုတ်ထားပါ တယ်။ ထုတ်ပြန်ချက်တွေလည်း တွေ့ရမှာပါ။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကတော့ အများကြီးပါပဲ၊ အဲဒါ အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသမှာ စတင်တိုက်ခိုက်ချင်တဲ့ ရည်ရွယ် ချက်နဲ့ တိုက်ခိုက်တာမဟုတ်ပါဘူး။ အခု ဖြစ်ထားတဲ့ တိုက်ပွဲတွေကတော့ CNA နဲ့ အပေါင်းအပါအများစု ကနေပြီးတော့ ကျွန်တော်တို့ နယ်မြေထဲမှာ လာရောက်ပြီးတော့ တပ်စွဲထား တယ်။ အဲ့တပ်စွဲထားတာ တစ်ခုတည်းမဟုတ်ပဲနဲ့ ကျွန်တော်တို့ စခန်းကို လာရောက်တိုက်ခိုက်တဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ ခုခံရခြင်းဖြစ်တယ်။ ကျွန်တ်ောတို့ နယ်မြေထဲမှာ ကျွန်တော်တို့ ခွင့်ပြုချက်မရပဲနဲ့ပေါ့နော် လာရောက်တပ်စွဲ ထားတဲ့အတွက်ကြောင့် အများစုတိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်။ 

ထိတွေ့တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်ကတော့ သူတို့က ကျွန်တော်တို့  စခန်းကိုလာတိုက်ခိုက်တယ်၊ လာပြီးတော့ တိုက်ခိုက်တဲ့အတွက်ကြောင့် အများစုက တိုက်ပွဲဖြစ်ရတာ ဖြစ်ပါတယ်။ ကျန်တာတော့ ကျွန်တော်တို့က သူတို့နယ်မြေထဲကို သွားပြီးတော့ တိုက်ခိုက်တာမရှိပါဘူး ခင်ဗျာ။ ဥပမာပြောရမယ်ဆိုရင် တီးတိန်နဲ့အနီးဆုံးက ဖလမ်းနယ်မြေထဲမှာ ကျွန်တော်တို့က ဘယ်တုန်းကမှ ကျူးကျော်ပြီးတိုက်ခိုက်ခြင်း မရှိပါဘူး။ CNF ရဲ့ ဌာနချုပ်နားဖြစ်တဲ့ ထန်တလန်ဖက်မှာလည်း ကျွန်တော်တို့ ကျူးကျော်ပြီးတော့ သွားရောက်ယှဥ်နွဲတာမဟုတ်ပါဘူး သူတို့ကပဲ ကျွန်တော်တို့ နယ်မြေထဲကို လာရောက်ပြီးတော့ အခြေချတပ်စွဲရုံမကပဲ ကျွန်တော်တို့ စခန်းတွေကို တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာပါ။

မေး။ ။ CDF တွန်းဇံရဲ့ အမှတ် ၂ နဲ့ အမှတ် ၃ စခန်းတွေမှာ နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီက တိုက်ပွဲတွေက ဘယ်လိုကြောင့် ဖြစ်ပွားရတယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ အဲ့ဒါတော့ ကျွန်တော်တို့ အရှေ့မှာပြောထားတဲ့အတိုင်းပါပဲ ကျွန်တော်တို့ နယ်မြေထဲမှာ ခွင့်ပြုချက်မှရှိပဲနဲ့ လာရောက်တပ်စွဲထားတယ်။ အဲ့ဒါတစ်ခုတည်းမဟုတ်ဘူး ကျွန်တော်တို့ အဖွဲ့အစည်းကနေပြီးတော့ မြို့ထဲမှာ တိုက်ပွဲမဖော်‌ဆောင်ပါနဲ့ ပြည်သူလူထု နစ်နာတယ် အဲ့လိုမျိုး ပါးစပ်နဲ့သွားပြောတယ်၊ ဖုန်းနဲ့ဆက်သွယ်တယ်၊ အကြောင်းအများကြီးဆွေးနွေးတယ် နောက်ဆုံးမှာ ဆွေးနွေးလို့မရတဲ့အဆုံးမှာ Zogam Charter လမ်းစဥ်အတိုင်း ကျွန်တော်တို့က စတင်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း တိုက်ခိုက်ချင်လွန်းလို့ မဟုတ်ပါဘူး ကျွန်တော်တို့ကို တိုက်ခိုက်မယ် တကယ်လုပ်နေလို့ ကျွန်တော်တို့က လက်ဦးမှုယူပြီးတော့ ရှင်းလင်းရခြင်းဖြစ်တဲ့တွက်ကြောင့် တိုက်ပွဲတွေဖြစ်ရတာပါ။

မေး။ ။ ဩဂုတ်လ ၃၁ ရက်က CDF တွန်းဇံ တပ်ရင်း ၃ စခန်းကို တိုက်ခိုက်မှုက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ CDF တွန်းဇံက ထုတ်ပြန်ထားပါတယ်။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ အဲ့ဒါကတော့ သူတို့က ပြည်သူလူထုကို ဂျင်းထည့်တာပါခင်ဗျာ။ ဘယ်စစ်ကောင်စီနဲ့မှ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိပါဘူး။ ကျွန်တော်တို့အဖွဲ့စည်းတစ်ခုတည်းနဲ့ လုပ်တာဖြစ်ပါတယ်။ အဲ့ဒါ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့အတွက်ကြောင့် သွားရောက်တိုက်ခိုက်ရတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့တော့ ပူးပေါင်းထားတာ မရှိပါဘူး။

မေး။ ။ စစ်အာဏာသိမ်းပြီးတဲ့နောက် ZRA EC ဟာ စစ်ကောင်စီတပ်ဖွဲ့ကို မတိုက်ခိုက်ပဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းမှုရှိတယ်လို့ ဆိုပါတယ်။ ဒီဟာနှင့်ပတ်သက်ပြီး ရှင်းပြပေးလို့ရမလားခင်ဗျာ။

ဖြေ။ ။ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့နေနေသာသာ နိုင်ငံရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဆွေးနွေးထားတာလည်း မရှိပါဘူးခင်ဗျာ။ စစ်ကောင်စီကနေ ၂၀၂၁ မှာ အာဏာသိမ်းကတည်းကနေ သူတို့ကို မတိုက်ခိုက်ပါဘူး၊ သူတို့ကလည်း ကျွန်တော်တို့ကို မတိုက်ခိုက်သလို ကျွန်တော်တို့က ကိုယ့်ကိုယ် မတိုက်ခိုက်တဲ့အဖွဲ့စည်းဖြစ်ဖြစ် လူပုဂ္ဂိုလ်ကပဲဖြစ်ဖြစ် ကျွန်တော်တို့က ရန်မရှာချင်ပါဘူး။ ကျွန်တော်တို့ ဒီအတိုင်း အေးအေးဆေးဆေး ငြိမ်နေခြင်းသာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ပူးပေါင်းတယ် ပူးပေါင်းတယ်လို့ပြောနေတဲ့သူတွေက ကျွန်တော်တို့ကို ပြည်သူတွေက ထောက်ခံမှာကို အရမ်းစိုးရမ်တဲ့အတွက်ကြောင့် ကောလာဟာလ သတင်းတွေကို ဖြန့်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာမရှိပါဘူး အဲ့တာကိုတော့ ကျွန်တော် ဒီမီဒီယာကနေ  ပြောချင်နေတာ ကြာပါပြီခင်ဗျာ။

မေး။ ။ ZRA -EC အနေနဲ့ မိမိတို့ထိန်းချုပ်နယ်မြေထဲမှာ ဘယ်လက်နက်ကိုင်မှ မရှိစေချင်ဘူး၊ ဒါကြောင့် လာရောက်တပ်စွဲတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာလို့ ပြောထားတာရှိပါတယ်။ စစ်ကောင်စီတပ်ကလည်း ဆရာတို့နယ်မြေမှာရှိတာပဲလေး ဘာကြောင့် စစ်ကောင်စီနဲ့ကျတော့ တိုက်ပွဲမဖြစ်ရတာပဲလဲ၊ မတိုက်ချင်လို့လား နည်းလည်မှုရှိလားလို့လား။

ဖြေ။ ။ အဲ့ဒါတော့ ဒီလိုရှိပါတယ်၊ ကျွန်တော်တို့ကို ရန်မမူတဲ့ ဘယ်အဖွဲ့စည်းကိုမဆို ရန်မမူဘူးပေါ့နော်။ အဲဒါ ကျွန်တော်တို့ရဲ့ မူထဲမှာရှိထားတယ်။ ကိုယ့်ကို ရန်မရှာတဲ့ အဖွဲ့စည်းကို ကိုယ်က ရန်မရှာချင်ဘူးဆိုတဲ့ ပုံစံလိုမျိုးပေါ့နော်။ ချင်းတော်လှန်ရေးတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်တယ်ဆိုတာကလည်း သူတို့က ကျွန်တော်တို့ကို ရန်ရှာလို့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါတယ်။ စကစကိုလည်း ကျွန်တော်တို့က မတိုက်ချင်လွန်းလို့ မဟုတ်ပါဘူး။ တိုက်ခိုက်လို့ရပါတယ်၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ရန်မရှာဘူး၊ သူတို့ဟာနဲ့ သူတို့ စခန်းထဲမှာအေးဆေးနေတယ်၊ ကျွန်တော်တို့ကလည်း သူတို့ကို သွားမနှောက်ယှက်ဘူး၊ သူတို့ကလည်း ကျွန်တော်တို့ကို လာမနောက်ယှက်ဘူးဆိုတော့၊ လာမနှောက်ယှက်တဲ့အဖွဲ့စည်းကို ကျွန်တော်တို့က ပြန်ပြီးတော့တိုက်ခိုက်တယ်ဆိုတာကတော့ အဲ့ဒါသက်သက်မဲ့ ရန်ရှာတဲ့သဘောရှိတယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့လည်းမကိုက်ညီဘူးပေါ့။

မေး။ ။ ဆရာတို့ကလည်း ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ ရည်မှန်းချက်ရှိထားတော့ အခုလက်ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆိုတောလည်း ဖက်ဒရယ် ဒီမိုကရေစီအတွက် တော်လှန်ရေးအဖွဲ့ဝင်ကြတယ်ဆိုတော့ အခုချိန်မှာ ဆရာတို့အဖွဲ့အနေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု မဖော်ဆောင်တာ ဘာကြောင့်လည်း သိလို့ရမယ်လားခင်ဗျာ။

ဖြေ။ ။ အဲ့ဒါတော့ ဒီလိုရှိပါတယ်ခင်ဗျာ။ အကိုလည်း သိပြီးပြီဖြစ်မှာပါ  Chinland Joint Defense Committee  ပေါ့နော် ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေ ပေါင်းစည်းထားတဲ့ အဖွဲ့စည်းပေါ့။ အဲ့ဒီအဖွဲ့စည်းကနေ ကျွန်တော်တို့ကို လက်လည်းမခံဘူး၊ ကျွန်တော်တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ်၊ ဘာမဆိုင် ညာမဆိုင်ပဲနဲ့ပေါ့ သတ်မှတ်တယ်။ အဲ့ဒီအခါကြတော့ သူတို့နဲ့ ပေါင်းစပ်ဖို့ဆိုတာ က မဖြစ်နိုင်တဲ့အခြေနေဖြစ်သွားပြီပေါ့နော်။ အဲ့ဒီအခါမှာ မဖြစ်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်၊ ကျွန်တော်တို့ ကလည်း ကျွန်တ်ောတို့ကို လာပြီးတော့ ရန်မရှာတဲ့အဖွဲ့အစည်းကို ကျွန်တော်တို့က ရန်ပြန်မရှာချင်ဘူး၊ အဲ့ဒါကြောင့် ကိုယ့်ဟာနဲ့ကိုယ် အေးဆေးနေတာ။ အေးဆေးနေတဲ့အဖွဲ့အစည်းကို ချင်းတော်လှန်ရေး အဖွဲ့ထဲမှာ အင်အားနည်းနည်းကြီးတဲ့ CNA နှင့် သူ့ရဲ့ လက်အောက်ငယ်သားအဖွဲ့စည်းတစ်ချို့က ကျွန်တော်တို့ကို လာတိုက်ခိုက်လို့ အဲ့လိုမျိုး ချင်းတော်လှန်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေပေါ့နော်။ ကျွန်တော်တို့ကလည်း ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း တိုက်ပွဲ မဖြစ်ချင်ပါဘူး၊ ဘာဖြစ်လို့လည်းဆို‌တော့ ကျွန်တော်တို့ရဲ့ မူဝါဒကိုက လက်နက်ကိုင်ထားတယ်ဆိုပေမဲ့ တိုက်ပွဲဖြစ်ရမယ် စစ်တိုက်ရမယ် ဆိုတဲ့ဟာမရှိပါဘူး၊ ဖြစ်နိုင်ရင် ညှိနှိုင်းဆွေးနွေးမယ်၊ မဖြစ်နိုင်တဲ့အခါကျမှ လက်နက်ကိုင်တဲ့ လမ်းစဥ်နဲ့ပဲဖြေရှင်းရတာဖြစ်ပါတယ်။

မေး။ ။ အခြားဘာများ  ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလဲခင်ဗျာ။

ဖြေ။ ။ ဖြည့်စွပ်ပြောချင်တာက‌တော့ အွန်လိုင်းပေါ်မှာ Fake Account တွေနဲ့ ကျွန်တော်တို့အဖွဲ့စည်းကို မကောင်း ကြောင်းတွေပြော၊ မဟုတ်မမှန်တာတွေပြောနေတာတွေ မယုံကြည်ပဲနဲ့ ကျွန်တော်တို့ ဒီ ZRA Eastern Command ကနေထုတ်ပြန်တာတွေကိုပဲ ယုံကြည်ပေးကြဖို့အတွက်နဲ့ ပြီးတော့ ချင်းလက်နက်ကိုင် အဖွဲ့စည်းတွေ အခြားအဖွဲ့စည်းတွေကိုလည်း ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကိုပဲ အေးဆေးဆေးပြန်ပါ။ သူများနယ်မြေဒေသကို တပ်စွဲတာတွေ မလုပ်ဖို့ အဲ့ဒါတွေ ကျွန်တော် ဖြည့်စွပ်ပြောကြားလိုပါတယ် ခင်ဗျာ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.