Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ပေါ်တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ စည်စည်ကားကားဖြင့်မကျင်းပရန် ခရစ်ယာန် ဂုဏ်ပေါင်းစုံက ထုတ်ပြန်

ဟားခါးမြို့ပေါ်တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ စည်စည်ကားကားဖြင့်မကျင်းပရန် ခရစ်ယာန် ဂုဏ်ပေါင်းစုံက ထုတ်ပြန်

0
By Editor on November 13, 2023 Headline

(002MG)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်စည်ကားကားဖြင့် ကျင်းပခြင်းမပြုလုပ်ကြရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ထုတ်ပြန်သည်။

ခရစ္စယာန်ဘာသာ၀င်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ နှင့် ၂၀၂၄ ခုနှစ် ဇန်န၀◌ါရီလ ၁ ရက် နှစ်သစ်ကူးနေ့ပွဲတော်များကျင်းပရေးနှင့်ပတ်သက်၍ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော်ဆောင်များ အဖွဲ့(HCMF) က နို၀◌င်ဘာလ ၄ ရက်နေ့ကကျင်းပသော အစည်းအ‌ေ၀◌းတွင် ထိုကဲ့သို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးပွဲတော်နေ့များကို ဟားခါးမြို့ပေါ်တွင် စည်စည်ကားကားဖြင့် ကျင်းပခြင်းမရှိသည်မှာ ၃ နှစ်ရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်လည်း ထိုကဲ့သို့ပင်ဆက်လက်လုပ်ဆောင်ကြရန် HCMF က နို၀◌င်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော်ဆောင်ဥက္ကဌ သိက္ခာတော်ရဆရာ Dr. Joel Nawl Cung Lian က “ခါတိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြတာပေ့ါ၊ သို့သော် ခရစ္စမတ်ရဲ့အနှစ်သာရက ပွဲလုပ်ပြီးတော့ အပြင်မှာ စားဖို့ထက်ဂုဏ်တော်ချီးမွှမ်းခြင်းက ပိုပြီးတော့ အရေးကြီးတယ်။ ရပ်ကွက်မှာ အစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင် လုပ်တာမျိုးအားမပေးဖို့သဘောတူထားတာပါ။ မိသားစုတွေအနေနဲ့ ကိုယ့်ဝမ်းစာအတွက်တောင်မှ ခက်ခဲကြုံတဲ့အချိန်မှာ ပွဲပုံစံမလုပ်ပဲနဲ့ ဘုရားကျောင်းမှာပဲ ဂုဏ်တော်ချီးမွှမ်းခြင်းနဲ့ နှုတ်ကပတ်တော်အားဖြင့် ချီးမွှမ်းဖို့အကောင်းဆုံးလို့  အားလုံး ဆုံးဖြတ်လို့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်မှာ (အသားပေါ်ပြီးအတူစားသုံးပွဲလုပ်ခြင်း) မပြုလုပ်ရန်၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုယ်းကွယ်ခြင်း ဆက်ကပ်ဆုတောင်းခြင်းသာ ပြုလုပ်ကြရန်၊ ဘုရားကျောင်းရပ်ကွက်နဲ့ ကိုယ်ပိုင်အနေဖြင့် အသားသတ်ပြီး အတူစားသုံးခြင်းများမပြုလုပ်ရန် HCMF ကတောင်းဆိုထားသည်။

ထို့အပြင် ဘုရားကျောင်း၊ အိမ် နှင့် လမ်းများကိုလည်း အလှဆင်ခြင်းများမပြုလုပ်ရန် အကယ်၍အလှဆင်မည်ဆိုပါက ဘုရားကျောင်း၊ နေအိမ်၏ အတွင်းပိုင်းများကိုသာ အလှဆင်ကြရန် ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော် ဆောင်များအဖွဲ့က ထုတ်ပြန်ထားသည်။

ခရစ်ယာန်ဘာသာဝင်များအထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်ကို လက်ရှိကြုံတွေ့နေရသောနိုင်ငံရေးအ ခြေအနေ၊ လုံခြုံရေးအခြေအနေများကြောင့် မကျင်းပလာနိုင်ခြင်းမှာ ခရစ်ယာန်ဆရာတော်များအပါအဝင် အသင်းသူ အသင်းသား များပါ များစွာစိတ်မကောင်းဖြစ်ကြရသည်ဟု သိက္ခာတော်ရ Dr Joel Nawl Cung Lian က ဆက်ပြောသည်။

“ထုံးတမ်းစဉ်လာအရကျွန်တော်တို့မဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးမှာ စိတ်တော့မကောင်းကြဘူး၊ အရင်လို ထုံးစံ အတိုင်းမကျင်းပနိုင်တဲ့အခြေအနေဖြစ်ပေမယ့် ဝိညာဉ်ရေးရာပိုင်းမှာ အားမလျှော့ဖိုရယ်၊ ပိုပြီးတော့ အား ထက်သန်ဖို့ အတွက် ခွန်အားပေးချင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့မှ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ကို စည်ကားသိုက်မြိုက်စွာ မကျင်းပရန်ထုတ်ပြန်ခြင်းမှာ လူသားခြင်းစာနာထောက်ထားသည့်လုပ်ရပ်တခုဖြစ်ပြီး ခေတ် ကာလအခြေအနေနှင့် လိုက်ဖက်သင့်လျှော်သည်ဟု ဟားခါးမြို့မှ လူငယ်တစ်ဦးက ပြောသည်။

“အရင်တုန်းက တိုင်းပြည်ကောင်းတုန်းက အသားသတ်လိုမျိုးလုပ်မှပဲ ခရစ္စမတ်ရဲ့ အနှစ်သာကပြည့်စုံတာ မဟုတ်ပါဘူး လို့မြင်တယ်။ ဟားခါးမြို့လောက်သာ မဟုတ်ပဲနဲ့ မြန်မာတနိုင်ငံလုံးမှာ မငြိမ်မသက် ဖြစ်နေတဲ့အချိန်၊ စစ်ရေးအရလည်း အရမ်းကိုတင်းမာနေတဲ့အချိန်ဖြစ်တယ်၊ တချို့နေရာတွေမှာဆိုရင် စစ်ဘေးရှောင်ဘဝနဲ့ နေရတဲ့သူအများကြီး ရှိနေကြတဲ့ အချိန်မှာ သင့်လျှော်တဲ့ထုတ်ပြန်မှုတခုဖြစ်တယ်၊ အားလုံးအတွက်လူသားချင်းထောက်ထားစာတဲ့ အပြုအမှုတခုလေး တခုဖြစ်တယ်။ ခရစ္စမတ်ရဲ့အနှစ်သာရမပျောက်သွားဘူးလို့မြင်တယ်” ဟု သူကပြောသည်။

ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တွင် ဘာသာရေးအသင်းတော်ပေါင်း ၅၀ ဝန်းကျင်ရှိပြီး ယခု ထုတ်ပြန်ချက်မှာ ချင်းပြည်နယ်တပြည်နယ်လုံးနှင့်မသက်ဆိုင်ပဲ ဟားခါးမြို့ပေါ်တွင်ရှိသည့် အသင်းတော်များ အတွက်သာ ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.