Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့အနီးက ဗာရ်းစစ်စခန်းကို စစ်ကောင်စီတပ် စွန့်ခွာသွား

ဖလမ်းမြို့အနီးက ဗာရ်းစစ်စခန်းကို စစ်ကောင်စီတပ် စွန့်ခွာသွား

0
By Editor on November 16, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကလေး- ဖလမ်းလမ်းမပေါ်က အထိုင်စခန်းတစ်ခုဖြစ်သည့် ဗာရ်းစစ်စခန်းကို ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းချင်းငိုင်က ပြောသည်။

“သူတို့ ဒီနေ့ ဆုတ်သွားကြတယ်။ သူတို့ ဖလမ်းမြို့ပေါ်က တပ်နဲ့ ပေါင်းလိုက်တယ်။ ဒီလို တပ်ဆုပ်သွားတာက သူတို့ လန့်လာတယ်နဲ့ တူတယ်။ ဟိုနေ့ကလည်း CNA က ရိ (ရိခေါဒါရ်) ကို သိမ်းတယ်။ ကျနော်တို့ကလည်း ဒီနေ့ တပ်စခန်းတခုကို သိမ်းတယ်ဆိုတော့ သူတို့မှာ အင်အားလည်း မရှိတော့တဲ့ပုံပဲ။ မြို့ပေါ်ကို တက်သိမ်းမှာ စိုးလို့ လူအင်အားစုတဲ့ ပုံစံလည်း ဖြစ်နိုင်တယ်” ဟု ဆလိုင်းချင်းငိုင်က ပြောသည်။

ဖလမ်းမြို့နှင့် ၅ မိုင်ခန့်အကွာမှာ တည်ရှိသည့် ဗာရ်းစစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင် စခန်းကို စွန့်ခွာသွားကြပြီး ဖလမ်းမြို့အခြေစိုက် ခလရ – ၂၆၈ တပ်ရင်းနှင့် ပူးပေါင်းသွားကြသည်ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည် ဧပြီလ ၁၀ ရက် ဗါရ်းစစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး တပ်သား ၁၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်၊ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းကလည်း ရိခေါဒါရ်မြို့နှင့် ဖလမ်းမြို့ကြားမှ သီးဘွာလ်စစ်ခန်းကို CNDF တပ်ဖွဲ့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယင်းစခန်းကို မီးရှို့ဖျက်စီးလိုက်သည်၊

စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး တပ်သားအားလုံးနီးပါးသည် တိုက်ပွဲအတွင်း စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

အိန္ဒိယ- မြန်မာနယ်စပ်က စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် ရိခေါဒါရ်မြို့ကို CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၃ ရက်က စတင်၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

မြန်မာနိုင်ငံအနှံ့ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင်နှင့် စစ်ကိုင်းတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နေပြီး နှစ်ပတ်ခန့်အကြာတွင် ချင်းပြည်နယ်တွင်လည်း မြို့သိမ်းတိုက်ပွဲ စတင်လာနေပြီဟု ချင်းအမျိုးသားတပ်ဦး (CNA/CNF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.