Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ CNF နှင့် CDF – Mara တို့ ပူးတွဲဖော်ဆောင်မည်

လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ CNF နှင့် CDF – Mara တို့ ပူးတွဲဖော်ဆောင်မည်

0
By Editor on November 29, 2023 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိကအချက်အချာကျပြီး လေယာဉ်ကွင်းရှိသည့် လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်ရန် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် CDF – Mara တို့ ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာတည်ရှိသည့် လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ သိမ်းပြီး နောက် နှစ်ပတ်နီးပါးအကြာတွင် ဒုတိယမြောက် သိမ်းပိုက်နိုင်သည့် မြို့ဖြစ်ပြီး အခုရက်ပိုင်းမှာပင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း  များဖော်ဆောင်နိုင်ရန် CNF/CNA နှင့် CDF – Mara တို့ ညှိနှိုင်းဆွေးနေပြီဖြစ်သည်။

“ကျွန်တော်တို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ လက်ရှိ CDF-Mara ကနေ ဦးဆောင်မှုနှင့် အဲ့ဒီမှာ နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးနှင့် ကျွန်တော်တို့ အဲ့ဒီမြို့အုပ်ချုပ်ရေးကို ဒေသခံတွေကိုယ်တိုင်ဦးဆောင်တဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့က ဖော်ဆောင်ဖို့ဖြစ်ပါလိမ့်မယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်သူများကို ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန် အသိပေးပြီး လိုင်လင်းပီမြို့က ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် မြို့ကို အပြီးသိမ်းနိုင်ခဲ့ခြင်း ဖြစ် သည်။

စစ်ကောင်စီသည် လိုင်လင်းပီမြို့ မကျရေးအတွက် ဂျက်တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း လာရောက်ပြီး ၂၉ ကြိမ် ဗုံးကြဲ၍ ခုခံခဲ့သည်ဟု CDF – Mara တပ်ဖွဲ့ထံမှ သိရသည်။ လိုင်လင်းပီမြို့သည် ချင်းတောင်ပိုင်းနှင့် မြောက်ပိုင်းက CDF များ စစ်ရေးအပါအဝင် ချိတ်ဆက်ဆောင်ရွက်ရာတွင် အဓိက အချက်အချာကျသော လမ်းကြောင်းပေါ်တွင်တည်ရှိပြီး စစ်ကောင်စီ အတွက်လည်း အရေးပါသော မြို့ဖြစ်သည်။

လိုင်လင်းပီမြို့ကို နိုဝင်ဘာလ ၂၄ ရက် နံနက် ၃ နာရီတွင် အပြီးသတ်သိမ်းပိုက်ခဲ့ရာ တပ်ရင်းမှူး၊ ဗိုလ်မှူးအဆင့်ရှိ စိုးဝင်းထိုက် အပါအဝင် ၃ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီး စစ်လက်နက်အများအပြားကို သိမ်းဆည်းရမိခဲ့သည်။

လက်ရှိမှာ အရှေ့မရာတနယ်လုံးကို CDF – Mara က ထိန်းချုပ်ထားနိုင်ပြီးဖြစ်၍ အုပ်ချုပ်ရေး ယန္တရားများကို လည်ပတ်နိုင်ရန် စနစ်တကျ ဖွဲ့စည်းနိုင်ရေး CNF/CNA နှင့် ညှိနှိုင်းနေသည် ဟု ကြားကာလမရာနယ်ကောင်စီမှ အမှူဆောင်အရာရှိချုပ် ကိုဂျိမ်းက ပြောသည်။

“ကျနော်တို့ CNA နဲ့ ညှိပြီး အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမှာဖြစ်တယ်။ အဲဒါနဲ့ CNA ဘက်က ဆိုရင်လည်း လုံခြုံရေး ပိုင်း ဖြစ်ဖြစ်၊ သူတို့နဲ့ ညှိနှိုင်းပြီး လုပ်မယ့်ဟာတွေ ရှိမယ်။ အဲဒါကို အဆုံးအဖြတ်က အတိအကျတော့ မရှိသေးဘူး။ သူတို့ CNA နဲ့လည်း ညှိနှိုင်းနေဆဲဖြစ်တယ်” ဟု  ကိုဂျိမ်းက ပြောသည်။

အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန် ကြားကာလမရာနယ်ကောင်စီမှ တာဝန်ယူ၍ ဆောင်ရွက်မည်ဖြစ်ပြီး ကောင်စီကို ၂၀၂၂ ဇွန်လ ၅ ရက်တွင် ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ အတည်ပြု ဖွဲ့စည်းထားသည်။

လိုင်လင်းပီမြို့ကို မထိန်းချုပ်မှီက ကြာားကာလမရာနယ်ကောင်စီ၏ လက်အောက်တွင် ဒေသကောင်စီ (၆) ခုကို ဖွဲ့စည်းထားပြီး ဒေသကောင်စီမှ ကျေးရွာ ၃၀ ခန့်၏ ကျေးရွာအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလည်ပတ်ခဲ့သည်။ 

ကျေးရွာအနည်းငယ်တွင်သာ ကောင်စီဖွဲ့စည်းနိုင်ရန် ကျန်ရှိတော့သည်ဟု သိရသည်။

ထို့အပြင် ကြားကာလမရာနယ်ကောင်စီသည် ပညာရေး၊ ကျန်းမာရေး၊ လူသားစာနာမှုနှင့် CDM ကော်မတီများ ဖွဲ့စည်း၍ ပြည်သူ့ဝန်ဆောင်မှုများ ပေးနေသည်။

“တနယ်လုံးကို ထိန်းချုပ်နိုင်ဖို့အတွက် အစီအစဉ်က အားလုံး ပြင်ဆင်ထားတာတော့ ရှိတယ်။ အခုတော့ အပြီးအပိုင် အကောင်အထည် မဖော်နိုင်သေးဘူး” ဟု  အမှူဆောင်အရာရှိချုပ် ကိုဂျိမ်းက ပြောသည်။

လိုင်လင်းပီမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ အားလုံးနီးပါးမှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး နယ်မြေရှင်းလင်းရေးများ အားလုံးပြီးစီး၍ တည်ငြိမ်လာပြီဆိုပါက ကြားကာလမရာနယ်ကောင်စီရုံးကို လိုင်လင်းပီမြို့ပေါ်တွင် ဖွင့်လှစ်ကာ တနယ်လုံးကို စီမံအုပ်ချုပ်သွားမည်ဟု ယင်းကောင်စီမှ အမှူဆောင်အရာရှိချုပ်က ပြောသည်။

လာမည့် ၂၀၂၄ ဇန်နဝါရီလထဲတွင် ကြားကာလမရာနယ်ကောင်စီ၏ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးယန္တရာလည်ပတ်မှု အခြေအနေများ အားလုံးကို ရှင်းလင်းထုတ်ပြန်ပေးမည်ဟု သိရသည်။

လိုင်လင်ပီမြို့သိမ်းတိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၂ ဦး မစိုးရိမ်းရ ဒဏ်ရာများရရှိခဲ့သည်၊ အသက် ၅၀ အရွယ် ပြည်သူ ၁ ဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ပြီး လူနေအိမ် ၁၆ လုံးပျက်စီးခဲ့သည်ဟု CDF- Mara က ထုတ်ပြန်ထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်သည် ညသန်းခေါင်ယံတွင် စခန်းကို စွန့်ခွာပြီး အိန္ဒိယ- မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံသွားသည်ဟု သိရသည်။

အရှေ့မရာနယ်ဆိုသည်မှာ မြန်မာပြည်ဘက်ခြမ်းကို ခေါ်ဆိုပြီး အနောက်မရာနယ်ဆိုသည်မှာ အိန္ဒိယဘက်ခြမ်းက မရာ ချင်းမျိုးနွယ်များနေထိုင်သော ဒေသကို ခေါ်ဆိုသည်။ အရှေ့မရာနှင့် အနောက်မရာကို အိန္ဒိယ- မြန်မာနယ်စပ်မျဉ်းက ခွဲခြားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.