Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၅၁ ဉီး မြန်မာကိုပြန်ပို့

မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၅၁ ဉီး မြန်မာကိုပြန်ပို့

0
By Editor on January 3, 2024 Headline

(005MK)

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၁ ဦးကို ဇန်န၀◌ါရီလ ၂ ရက်နေ့က မြန်မာ့လေ ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားကြပြီဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကတဆင့် မြန်မာလေကြောင်းလိုင်းဖြင့် နှစ်သုတ်ခွဲ၍ သယ်ဆောင်သွားခြင်းဖြစ်ပြီး ပထမအသုတ်တွင် တပ်သား ၈၄ ဉီးနှင့် ဒုတိယသုတ်တွင် ၆၇ ဉီးကို ခေါ်ထုတ်သွားပြီဖြစ်သည်ဟု ဒေသတွင်းသတင်းမီဒီယာတွင် ဖော်ပြသည်။

ချင်းပြည်နယ် ပလက်၀မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးသည် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang ကျေးရွာက အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလုံခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ထဲတွင် ဒဏ်ရာရရှိသူ ၉ ဦးရှိကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားအယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.