Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝက တပ်ရင်း ၈ ခုနှင့် ဗျူဟာကုန်းကြီး ၂ ခုကို ရက္ခိုင်တပ်တော် တပြိုက်နက်ထိုးစစ်ဆင်နေ၊ “ချင်းလက်ဝစခန်းကုန်း” ကို ၃ ရက်တာ တိုက်ခိုက်ပြီး AA အပြီးသတ်သိမ်းနိုင်ခဲ့

ပလက်ဝက တပ်ရင်း ၈ ခုနှင့် ဗျူဟာကုန်းကြီး ၂ ခုကို ရက္ခိုင်တပ်တော် တပြိုက်နက်ထိုးစစ်ဆင်နေ၊ “ချင်းလက်ဝစခန်းကုန်း” ကို ၃ ရက်တာ တိုက်ခိုက်ပြီး AA အပြီးသတ်သိမ်းနိုင်ခဲ့

0
By Editor on January 4, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ တပ်ရင်း (၈) ခုနှင့် ဗျူဟာကုန်းကြီး (၂) ခုကို ယခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ တပြိုက်နက် တိုက်ခိုက်နေကြောင်း ရက္ခိုင်တပ်တော် (AA) က သတင်းထုတ်ပြန် ထားသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ တပ်ရင်းစခန်းများဖြစ်သည့် ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇၊ ခလရ- ၂၈၉ နှင့် ခမရ- ၂၂၀ တို့ကို ဇန်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက် ခိုက်လျက်ရှိသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ (MNDAA + TNLA + AA) ကလည်း ယမန်နေ့ ညက ထုတ်ပြန်သည်။

ထို့အပြင် “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း” များကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင်တပ်တော်က ဆိုသည်။

ပလက်ဝမြို့နယ်အတွင်းက “ချင်းလက်ဝစခန်းကုန်း” ကိုလည်း ဇန်နဝါရီလ ၃ ရက်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“ချင်းလက်ဝစခန်းကုန်း” ကို သိမ်းပိုက်ရရှိနိုင်ရန် ၃ ရက်ခန့်သာ တိုက်ခိုက်ခဲ့ရသည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂ ရက်ကလည်း ပလက်ဝမြို့နယ်အတွင်း ခမောင်းဝစခန်းကုန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲတွင် ဗျူဟာကုန်းကြီးများအပါအဝင် စစ်ကောင်စီ စခန်းပေါင်း ၂၀ ထက်မနည်းကို အပြီးသတ်သိမ်းယူထားနိုင်ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင် ရက္ခိုင်တပ်တော် AA နှင့်အတူ ချင်းကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် Maraland Defense Force (MDF) လည်း ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.