Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းပြီး ခြံစည်းရိုးခတ်မည့်အစီစဉ်ကို CYMA ကန့်ကွက်

အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းပြီး ခြံစည်းရိုးခတ်မည့်အစီစဉ်ကို CYMA ကန့်ကွက်

0
By Editor on January 10, 2024 Headline

(005MK)

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကို ဖျက်သိမ်းကာ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို မီဇိုရမ်ပြည်နယ်က အင်အားအကြီးဆုံးသော အရပ်ဘက်အဖွဲ့အစည်း Central Young Mizo Association (CYMA) က ကန့်ကွက်ပြီး မဖျက်သိမ်းရေးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Central Young Mizo Association (CYMA) Executive Committee အဖွဲ့တို့ ဇန်န၀◌ါရီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အိန္ဒိယဗဟိုအစိုးရ၏ Free Movement Regime (FMR) ဖျက်သိမ်းမည့် အစီစဉ်သည် နှစ်နိုင်ငံကြားရှိ ဇိုး (ချင်း) မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုထိခိုက်စေလာနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် မလိုလားကြောင်း ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

“ဒီ FMR ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုက နှစ်နိုင်ငံတဖက်စီမှာ နေထိုင်ကြတဲ့ လူမျိုးတူ၊ မျိုးနွယ်စုတူ၊ ညီကိုမောင်နှမ မိသားစု၀င်တွေ လွယ်လင့်တကူ ကူးလူးဆက်ဆံနိုင်ဖို့၊ လူမှုစီးပွားရေးပိုင်းမှာလည်း လွယ်ကူစွာနဲ့ အပြန်အလှန် အမှီသဟဲပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ မီဇိုးလူမျိုးတွေအနေနဲ့ မြန်မာဘက်ခြမ်းမှာရှိတဲ့ မိမိတို့ညီအကိုတွေနဲ့ ကူးလူးဆက်ဆံရေး စည်းလုံးညီညွတ်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်’’ ဟု CYMA က ပြောဆိုသည်။

ထို့ကြောင့် မိမိတို့ လူမျိုးများအတွက် အလွန်အရေးပါသော FMR ကို အိန္ဒိယအစိုးရက ဖျက်သိမ်းရန် လုပ်ဆောင်လာခြင်း သည် မိမိတို့လူမျိုးများအကြား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သောကြောင့် မဖျက်သိမ်းနိုင်ရေးအတွက် တတ်နိုင်သည့်နည်းလမ်းကတဆင့် ဆောင်ရွက်သွားမည့်အပြင် ယင်းကိစ္စအပေါ် မီဇိုရမ်ပြည်နယ်အစိုးရ၏ သဘောထားကိုလည်း ထောက်ခံသည်ဟု CYMA ကပြောဆိုသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၆၈ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေး စစ်ရေးအခြေအနေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းကတဆင့် အိန္ဒိယ နိုင်ငံသို့ စစ်ဘေးရှောင်များ၀င်ရောက်မှုများလာခြင်း၊ မူးယစ်ဆေး၀◌ါးဖမ်းဆီးမှု များလာခြင်းတို့ကြောင့် အိန္ဒိယဗဟိုအစိုးရက FMR ကိုဖြတ်သိမ်းကာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်လာခြင်းဖြစ်သည်။

ထိုအစီစဉ်ကို မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်းဒိုအောမ်မာကလည်း မလိုလားကြောင်း အိန္ဒိယဗဟိုအစိုးရ တာ၀န်ရှိသူများကို ဇန်န၀◌ါရီလ ၄ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.