Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNA နှင့် ZRA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား နှစ်ဖက်ထိခိုက်သေဆုံးမှုမရှိဟု ဆို

CNA နှင့် ZRA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား နှစ်ဖက်ထိခိုက်သေဆုံးမှုမရှိဟု ဆို

0
By Editor on January 12, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန် – ရိခေါဒါရ်ကားလမ်းမပေါ် လိုင်သွီးကျေးရွာအနီးတွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် ZRA တို့ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ၁ နာရီခန့်မှာ လိုင်သွီးကျေးရွာအနီးတွင် ZRA (Zomi Revolutionary Army) မှ CNF/CNA တပ်ဖွဲ့က နယ်မြေလုံခြုံရေးအတွက် သွားလာမှုဆောင်ရွက်နေချိန်မှာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ZRA မှ ဆုတ်ခွာထွက်ပြေးစဉ် လိုက်လံတိုက်ခိုက်ရာ ပစ္စည်းတချို့နှင့် အဝတ်အစားတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“CNA က နယ်မြေလုံခြုံရေးသွားတဲ့အချိန်မှာ ZRA ကနေ Ambush လုပ်ပြီး ပစ်ကြတာပါ သူတို့နောက်ကို ဆက်လိုက်တာ အဝတ်အစားတချို့ သိမ်းခဲ့တာပါ အထိအခိုက်မရှိပါဘူး အနည်းငယ် ပစ်ခတ်ကြတာပါ” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်နီးပါးအတွင်း CNF/CNA၊ တွန်းဇံ – CDF အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တချို့နှင့် ZRA (Zomi Revolu tionary Army) သည် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.