Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ကိုဖျက်သိမ်းမည်ဟုဆို – ဗဟိုအစိုးရက အတင်းအကျပ်လုပ်လာပါက လွန်ဆန်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်၀န်ကြီးချုပ်ပြော

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ကိုဖျက်သိမ်းမည်ဟုဆို – ဗဟိုအစိုးရက အတင်းအကျပ်လုပ်လာပါက လွန်ဆန်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်၀န်ကြီးချုပ်ပြော

0
By Editor on January 21, 2024 Khonumthung

(005MK)

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည်ဟု အိန္ဒိယပြည်ထဲရေး၀န်ကြီးက ပြောဆိုသည်။

အိန္ဒိယ အရှေ့မြောက်ဒေသ Meghalaya ပြည်နယ်၊ Shillong မြို့က နယ်ခြားစောင့်တပ် – အာသံ ရိုင်ဖယ် ဌာနချုပ်မှာ အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကို ကာကွယ်ထားသကဲ့သို့ မြန်မာနှင့် ထိစပ်နေသော နယ်စပ်ဒေသတလျှောက်မှာလည်း ခြံစည်းရိုးခတ် ကာကွယ်သွားမည်ဟု ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ကို ဖျက်သိမ်းမည်ဟု ယခင်ကလည်း ပြောဆိုခဲ့ပြီးဖြစ်သည်။

ယင်းကိစ္စအပေါ် လက်ခံနိုင်စရာမရှိကြောင်း မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ယခုလအစောပိုင်းက နယူးဒေလီမြို့သို့ အလည်ပတ်သွားရောက်စဉ်မှာ အိန္ဒိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးနှင့် တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့သည်။

သို့သော်လည်း အိန္ဒိယပြည်ထဲရေး၀န်ကြီးက ယခုကဲ့သို့ ထပ်မံပြောဆိုလာခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးထံ ယင်းကိစ္စကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ထပ်မံပြောဆိုလာသည့်အပေါ် နားမလည်နိုင်ကြောင်း အကယ်၍ ဗဟိုအစိုးရက အတင်းအကျပ် ဆောင်ရွက်လာပါက သူ့အနေဖြင့် လွန်ဆန်နိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

“သူတို့ ရှေ့ဆက်လုပ်ဆောင်သွားမယ်ဆိုရင်တော့ ကျနော်တို့ ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး၊ ကျနော်တို့အနေနဲ့ ဟန့်တားလို့ရနိုင်မှာမဟုတ်ပါဘူး၊ ကျနော်တို့ကတော့ ဒီကိစ္စကို မလိုလားပါဘူး၊ ကျနော်တို့ မလိုလားတဲ့အကြောင်းကိုလည်း ၀န်ကြီးချုပ်၊ ပြည်ထဲရေး၀န်ကြီးထံကို တင်ပြပြီးပြီဖြစ်တယ် မျက်နှာချင်းဆိုင်နဲ့၊ အဲဒီလိုအခြေအနေမျိုးမှာ သူတို့အနေနဲ့ ရှေ့ဆက်လုပ်လာရင်တော့ ကျနော်တို့အနေနဲ့ကတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး’’ ဟု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၆၈ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေး စစ်ရေးအခြေအနေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းကတဆင့် အိန္ဒိယ နိုင်ငံသို့ စစ်ဘေးရှောင်များ၀◌င်ရောက်မှုများလာခြင်း၊ စစ်ကောင်စီတပ်သားများ စစ်ဆုံး၍ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း၊ မူးယစ်ဆေး၀◌ါးဖမ်းဆီးမှု များလာခြင်းတို့ကြောင့် အိန္ဒိယဗဟို အစိုးရက FMR ကိုဖြတ်သိမ်းကာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်လာခြင်းဖြစ်သည်။

အိန္ဒိယဗဟိုအစိုးရ၏ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ကို ဖျက်သိမ်းမည့်ကိစ္စကို မီဇိုရမ်ပြည်နယ်ထဲက အင်အားအကြီးဆုံး အရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်သည့် Central Young Mizo Association (CYMA) ကလည်း မလိုလားကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.