Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့အနီးက CNA ၊ CDF – Mara ကင်းစခန်းတစ်ခုကို MDF ကအလစ်ငိုက်၀င်တိုက်၊ ရဲဘော် ၂ ဦးကျဆုံး
ပုံစာ - ယနေ့မနက်တိုက်ပွဲအတွင်း ကျဆုံးသွားသော CDF-Mara ရဲဘော်

လိုင်လင်းပီမြို့အနီးက CNA ၊ CDF – Mara ကင်းစခန်းတစ်ခုကို MDF ကအလစ်ငိုက်၀င်တိုက်၊ ရဲဘော် ၂ ဦးကျဆုံး

0
By Editor on January 24, 2024 Headline

(006SV)

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီးတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ၊ CDF – Mara တို့၏ ကင်းစခန်းတစ်ခုကို Maraland Defense Force (MDF) က ယနေ့မနက်က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ရာတွင် CNA ၊ CDF – Mara မှ ရဲဘော် ၂ ဦး ကျဆုံးသွားကြောင်း CDF – Mara မှ တာဝန်ရှိသူက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် လိုင်လင်းပီမြို့နှင့် ၉ မိုင်ရွာအကြားက CNF/CNA ၊ CDF – Mara တို့၏ အင်အား ၉ ဦး ရှိသည့် ကင်းစခန်းတစ်ခုကို Maraland Defense Force (MDF) က အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဘာလို့ဖြစ်ရတယ်ဆိုတာ မသိဘူး။ သေချာတာက မနက် ၇ နာရီ ဝင်တိုက်တာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပါ၊ လိုင်လင်းပီက ကျနော်တို့ CNA တို့ CDF ပူးပေါင်းတပ်တွေနဲ့ ကျနော်တို့ တိုက်ယူခဲ့တဲ့မြို့ဖြစ်တယ်။ ကျနော်တို့ CNF နဲ့ မရာကောင်စီတို့ ပေါင်းပြီးတော့ အုပ်ချုပ်ရေး ထူထောင်တယ်။ ဖွင့်ပွဲတွေလုပ်တယ်။ သတင်းမီဒီယာမှာ တက်လာတယ်။ သူတို့က မလိုလားတော့ ကျနော်တို့ကို တက်သိမ်းချင်တဲ့သဘောလို့ပဲ မြင်တယ်။ ကျနော်တို့မှာ ဘာရန်ငြိုးရန်စမှ မရှိဘူး” ဟု CDF – Mara မှ တာဝန်ရှိသူက ပြောသည်။

CNF/CNA မှ ကျဆုံးသွားသည့် ရဲဘော်အမည်ကို မသိရသေးသော်လည်း CDF – Mara မှ ရဲဘော် Chhua Tlai ကျဆုံးသွားသည်ဟု သိရသည်။

အချင်းချင်းကြား သွေးထွက်အောင် လုပ်ခြင်းများ၊ နယ်မြေလုခြင်းများကို ရပ်တန့်က ရပ်သင့်ကြောင်း CDF – Mara မှ တာဝန်ရှိသူက ပြောသည်။

ယနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် Maraland Defense Force (MDF) ကို ယနေ့ မွန်းလွဲပိုင်းတွင် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပြီး ဖုန်းဝင်သော်လည်း ဆက်သွယ်၍ မရသေးပါ။

သို့သော် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) သည် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မလိုလားအပ်သောပဋိပက္ခများ မဖြစ်စေလိုသောကြောင့် ဇန်နဝါရီလ ၁၈ ရက်မှစတင်၍ ၎င်း၏ နယ်မြေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ တပ်စွဲခြင်း၊ သွားလာလှုပ်ရှားခြင်းများ လုံးဝ မပြုလုပ်ရန် နောက်ဆုံးအနေဖြင့် သတိပေးကြောင်း ထုတ်ပြန်ထားသည်။

အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားသော်လည်း ၎င်းတို့နယ်မြေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှာခြင်း တပ်စွဲခြင်းများနှင့် ရန်ပြုခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခံရသည်ဟု MDF က ဇန်နဝါရီလ ၁၈ ထုတ်ပြန်ထားသည်။

Maraland Defense Force (MDF) သည် ဇန်နဝါရီလ နှစ်ပတ်ခန့်အတွင်း CDF- Mara မှ ရဲဘော် ၆ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်မလွှတ်ပေးသေးကြောင်း၊ သေနတ်တစ်လက်ကိုလည်း သိမ်းယူထားကြောင်း CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်သူများကို ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန် အသိပေးပြီး လိုင်လင်းပီမြို့က ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် လိုင်လင်းပီမြို့ကို အပြီးသိမ်းနိုင်ခဲ့သည်။

လိုင်လင်ပီမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် လက်ရှိတွင် CDF – Mara နှင့် ချင်းအမျိုးသားတပ်ဦး CNF/ CNA တို့က ထိန်းချုပ်ထားသည်ဟု သိရသည်။

လက်ရှိတွင် မရာနယ်ကောင်စီဝင်များ၊ တိုက်နယ် ၆ ခုမှ ကောင်စီဝင်များ၊ ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဒေသခံကိုယ်စားလှယ် ၃၀၀ ခန့်တက်ရောက်ပြီး လိုင်လင်းပီမြို့တွင် မရာနယ်ကောင်စီရုံး ဖွင့်လှစ်ခြင်းအခမ်းအနား၊ လိုင်လင်းပီမြို့တော်ကောင်စီ ဖွဲ့စည်းခြင်းနှင့် ရပ်ကွက် ၄ ခုမှ ရပ်ကွက်ကောင်စီ ဖွဲ့စည်းခြင်းတို့ကို ပြီးစီးပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်က မရာနယ်ကောင်စီက သတင်းထုတ်ပြန်သည်။

မရာနယ်ရှိ ကျေးရွာတိုင်းတွင် ကျေးရွာကောင်စီ ဖွဲ့စည်းနိုင်ရေး ဆက်လက် ဖော်ဆောင်နေသည်ဟု သိရသည်။

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိက အချက်အချာကျပြီး လေယာဉ်ကွင်းလည်းရှိသည့် မြို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.