Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ဟားခါး – ထန်တလန် ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီ”

“ဟားခါး – ထန်တလန် ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီ”

0
By Editor on December 3, 2024 Featured

လတ်တလောစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်

(006SV)

မကြာသေးခင်ရက်ပိုင်းက ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည်ကောင်စီ/ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေက Jericho စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

ချင်းပြည်အစိုးရတပ်ဖွဲ့ရဲ့ Jericho စစ်ဆင်ရေးအခြေအနေ၊ လတ်တလော စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေး ဆိုခွင့်ရှိသူဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက ဟားခါး-ထန်တလန်ကြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အခြေအနေကို ပြောပေးလို့ရမလား? ဘယ်လို သိမ်းနိုင်ခဲ့တာလဲခင်ဗျာ။

ဖြေ – ကျနော်တို့ ဒီစခန်းက ၄ ခု လို့ ပြောရမှာပေါ့နော်။ သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ် ၂ ရယ်၊ အားလုံးပေါင်း ၄ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ အဓိက သူတို့ ဘက်က ဂျက်ဖိုက်တာကို အားကိုးပြီးတော့မှ ကျနော်တို့ကို တိုက်ခိုက်နေတာဖြစ်တယ်။

မေး – ဆရာတို့ လတ်တလောသိမ်းပိုက်ရရှိထားတဲ့ စခန်းနာမည်တွေ ပြောပြပေးလို့ ရမလားဗျ။

ဖြေ – နာမည်က Kiamtlang/Ruavazung စခန်းရယ်၊ တံတားစောင့်တဲ့ စခန်းဖြစ်တဲ့ သီမြစ်ချောင်စခန်းရယ်၊ ပွိုင့် – ၃ စခန်းရယ်၊ ပြီးတော့ Umpu Puaknak စခန်းတို့ကို သိမ်းလိုက်တာဖြစ်တယ်။

မေး – ဟားခါး – ထန်တလန်ကြားက တိုက်ပွဲတွေမှာ စစ်ဆင်ရေးကို Jericho လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြပေးလို့ ရမလားခင်ဗျာ။

ဖြေ – အဲဒီစစ်ဆင်ရေး နာမည်ကတော့ Jericho စစ်ဆင်ရေးလို့ အမည်ပေးထားတာဖြစ်ပါတယ်။ Jericho စစ်ဆင်ရေးက ခရစ်ယာန်ဘာသာ ကျမ်းစာအရ အရင်က စစ်ဆင်ရေးတခုမှာ အဲဒီ Jericho မြို့ကို ဘုရားက ပေးလို့ သိမ်းနိုင်တဲ့ဟာကို ကျနော်တို့က ပြန်ပြီးတော့ မှည့်ထားတာ ဖြစ်ပါတယ်။

မေး – ဟားခါး -ထန်တလန်ကြားက သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းတွေဟာ ဘယ်လိုအချက်အချာကျတဲ့ အနေအထားမှာ ရှိပါသလဲ။

ဖြေ – စခန်းတွေကတော့ ဟာားခါးနဲ့ ထန်တလန်ကြားက ဖြစ်ပြီးတော့ ဟားခါးဗျူဟာကုန်းနဲ့ နီးတယ်ဆိုတော့ အမြဲတမ်း ထန်တလန်ကို စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းကြီးပေါ်မှာ ရှိနေတဲ့ဟာ ဖြစ်တယ်။ နောက်ပြီးတော့ ဟားခါး – ထန်တလန်နဲ့ကို အဲဒီကြားက လမ်းကြောင်းတွေကို ကျနော်တို့ ထိန်းနိုင်ပြီးဆိုရင်တော့ အဲဒီနေရာတွေမှာ ကုန်းကြောင်းအရ ပြည်သူလူထုအတွက် သွားလာမှုတွေ အဆင်ပြေသွားအောင်က အဓိက ကျသလို၊ ပြီးတော့ ဟားခါးဗျူဟာအတွက် စစ်ရေးအရ ဗျူဟာ ကျသလို၊ ကျနော်တို့ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေအတွက်လည်း အင်မတန်မှ စစ်ရေးအရ အဓိက ကျတဲ့ လမ်းကြောင်းကြီးပေါ်မှာရှိတဲ့ စခန်းတွေ ဖြစ်ပါတယ်။

မေး – စစ်ကောင်စီဘက်က စစ်အရာရှိကြီးတွေအပါအဝင် ထိခိုက်သေဆုံးမှု များပြားတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း သိချင်ပါတယ်။

ဖြေ – နောက်ပြီး စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၂ ဦးရယ်၊ တပ်အရာရှိ ၃ ယောက်ရယ်၊ ပြီးတော့ ရဲအရာရှိ ၂ ဦးရယ် သူတို့ဘက်က ကျဆုံးတယ်။ ပြီးတော့ သူတို့ ရဲဘော်တွေက ၃၀ ခန့်တော့ အကျအဆုံးရှိတယ်။ လက်နက်ကြီး လက်နက်ငယ် ၅၁ လက် သိမ်းဆည်းရရှိခဲ့တယ်။

မေး – စစ်သုံ့ပန်း ဖမ်းဆီးရမိမှုအခြေအနေတွလည်း ဖြေကြားပေးပါဦးခင်ဗျာ။

ဖြေ – စစ်သုံ့ပန်းက အားလုံးက ၁၉ ယောက်ပေါ့နော်။ အဲဒီမတိုင်ခင်မှာ ဒဏ်ရာ ရထားတဲ့တစ်ယောက်ကို ဖမ်းဆီးရမိတာ ရှိသေးတယ်။ ဒဏ်ရာ ရပြီးတော့ ထားခဲ့တဲ့ ရဲဘော် ၁ ဦးလည်း ဖြစ်တယ်။ အားလုံးက ၂၀ ဖမ်းဆီးရမိခဲ့တယ်။

မေး – ချင်းတော်လှန်ရေးပူပေါင်းတပ်ရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေလည်း သိချင်ပါတယ်ခင်ဗျာ။

ဖြေ – ကျနော်တို့မှာ ရဲဘော် ၁၅ ယောက်၊ ၁၆ ယောက်တော့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိတယ်။ ပြီးတော့ ၃ ဦး၊ ၄ ဦးတော့ ရဲဘော် ကျဆုံးမှု ရှိပါတယ်။

မေး – ဟားခါး- ထန်တလန်ကြားမှာ စစ်ကောင်စီစခန်းတွေက ဘယ်လောက် ကျန်ရှိပါသေးလဲ။ အဲဒီမှာ အခြေအနေက ဘယ်လို ရှိနေပါသေးလဲခင်ဗျာ။

ဖြေ – စခန်းငယ် ၂ ခုကတော့ ဥသုတ်ဖျား စခန်းနဲ့ C – 3 စခန်းကတော့ ရှိသေးတယ်။ ဒါပေမယ့် အဲဒါက လမ်းမကြီးနဲ့ တော်တော် ဝေးပါတယ်။ ကြားထဲမှာတော့ အဓိကက အဲဒီစခန်းငယ် ၂ ခုတော့ ရှိသေးတယ်ပေါ့။ လွတ်လွတ်လပ်လပ်နဲ့တော့ သွားလာလို့ မရသေးဘူး။ လွတ်လွတ်လပ်လပ်နဲ့တော့ သွားလားလို့ မရသေးဘူး။

မေး – ဒီလိုဆိုရင် ဟားခါး -ထန်တလန်ကြားကို ချင်းပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နိုင်မှု အခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ – ဟားခါး -ထန်တလန်ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီးလို့ ပြောလို့တော့ရပေမယ့် လွတ်လွတ်လပ်လပ်နဲ့ သွားလာဖို့က လုံခြုံရေးအရ သတိထားနေရဦးမှာဖြစ်ပါတယ်။

မေး – လတ်တလော ထန်တလန်မြို့ပေါ်က တိုက်ပွဲတွေက ဘယ်လို ရှိနေပါသလဲခင်ဗျာ။

ဖြေ – ထန်တလန်မြို့က စစ်ရေးအခြေအနေကတော့ လောလောဆယ်မှာ ငြိမ်နေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီမှာ တပ်စွဲပြီးတော့ နှစ်ဖက် စောင့်ကြည့်ရတဲ့ အနေအထားမှာ ရှိတယ်။

မေး – ဖြည့်စွက် ပြောကြားချင်တာ ရှိရင် ပြောပါခင်ဗျာ။

ဖြေ – ကျနော်တို့ကတော့ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ ဒီတော်လှန်ရေး၊ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်။ အမြဲတမ်း ပြည်သူတွေရဲ့ ပံ့ပို့ ကူညီမှု အမြဲတမ်း လိုအပ်နေပါတယ်။ အဲဒါကို ကျနော်တို့ဟာ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါလို့ ပြောကြားချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.