Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ လေယာဉ်သံကြားရရင် အမြဲတမ်းစိုးရိမ်ထိတ်လန့်နေကြရတယ်၊ ဒါကြောင့် ရွာထဲပြန်ဝင်ဖို့ကတော့ တော်တော်လေးအချိန်ယူရအုံးမယ်”

“ လေယာဉ်သံကြားရရင် အမြဲတမ်းစိုးရိမ်ထိတ်လန့်နေကြရတယ်၊ ဒါကြောင့် ရွာထဲပြန်ဝင်ဖို့ကတော့ တော်တော်လေးအချိန်ယူရအုံးမယ်”

0
By Editor on February 21, 2025 Featured

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဇန်နဝါရီလ (၃၁) ရက်နေ့ကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တောင်ပိုင်းဒေသမှာ အရပ်သားပြည်သူ ၂၀ နီးပါးသေဆုံးခဲ့ရသလို အနည်းဆုံးကျေးရွာ ၁၅ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော်တို့ဟာ အရေးပေါ်စစ်ဘေး တိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေဆဲဖြစ်သောကြောင့် ဒေသခံ ပြည်သူများ နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်တွေထဲမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြရပါတယ်။ မသန့်ရှင်းသော ရေတွေသောက်သုံးမှုကြောင့်လည်း ရာနဲ့ချီသော စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ စတဲ့ ကျန်းမာရေး ပြဿနာများကိုလည်း ရင်ဆိုင်နေကြရပါတယ်။

ကလေးတောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လက်ရှိ နေထိုင်မှု ၊ စားနပ်ရိက္ခာ လိုအပ်မှု အပါအဝင် ကျန်းမာရေး အခြေအနေတွေနဲ့ပက်သက်ပြီး စစ်ဘေးရှောင်များကို မြေပြင်မှာအကူအညီပေးနေတဲ့ ကလေးစစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

# မေး- ကလေးတောင်ပိုင်းဒေသမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု နဲ့တိုက်ပွဲတွေကြောင့် စစ်ဘေး တိမ်းရှောင် နေကြရတဲ့ ရွာပေါင်းက ဘယ်လောက်ရှိသွားပြီလဲ။ လူဦးရေအားဖြင့် ဘယ်လောက်ရှိသွားပြီလဲ?

ဖြေ- စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်မို့လို့ ကျေးရွာတော်တော်များများ အများဆုံး (၁၅) ရွာလောက်က ဘေးကင်းအောင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စစ်ဘေးရှောင်နေ ကြရတဲ့ပြည်သူတွေကတော့ တစ်သောင်းကျော်တော့ ခန့်မှန်းထားပါတယ်။


# မေး- စစ်ဘေးရှောင်တွေက အဓိက ဘယ်နေရာမှာတွေတိမ်းရှောင်ကြရတာလဲ ။ တောတောင်တွေထဲမှာ ပဲနေကြတာလား။ ဘယ်လိုပုံစံမျိုးနဲ့နေထိုင်ကြတာပါလဲ။

ဖြေ- ကလေးတောင်ပိုင်းစစ်ရှောင်တွေကြတော့ အတိကျတော့ဖော်ပြလို့မရဘူး။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီရဲ့ ယုတ်မာမှုတွေက အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ထိခိုက်တာတွေဖြစ်တော့လေ အတိအကျ ပြောလို့မရဘူး။ နေရာ အနှံ့အပြားပေါ့နော်။ သူတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကနေ ဘေးကင်းလုံ ခြုံမှုဆိုတဲ့ နေရာတွေမှာ စစ်ဘေးရှောင် တွေကတော့ နေထိုင်နေကြရတယ်။ ရှောင်တိမ်းနေထိုင်ကြ ရပါတယ်။

# မေး- စစ်ဘေးရှောင်တွေထဲမှာ အမျိုးသမီး နဲ့ ကလေးငယ်တွေကကော် ဘယ်လောက်များများပါဝင်လဲ။

ဖြေ- အများဆုံးလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ဆိုရင် တောက်လျှောက်စစ်ဘေးရှောင်တွေ ကို ထောက်ပံ့ ရေးလုပ်ဆောင်နေတော့ အများအားဖြင့် တွေ့လိုက်ရင် ကလေးငယ်နဲ့ အမျိုးသမီး တော်တော်များများတွေ့ရပါတယ်။

# မေး- လက်ရှိမှာ သူတို့နေရပ်ကို ပြန်လည်နေထိုင်ဖို့မဖြစ်နိုင်သေးဘူးလား၊ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ- အခုလက်ရှိ လတ်တလောမှာ စစ်ရှောင်နေကြတဲ့ ကျေးရွာတော်တော် များများပြည်သူကတော့ ကျေးရွာ (၂၀) လောက်မှာ (၅) ရွာလောက်ပြန်လို့ရတယ်။ နောက်ထပ် (၁၅) ရွာလောက်ကတော့ ပြန်လို့မရသေးဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ပြည်သူမရှိရင်တောင် မနေ့ (၁၉) ရက်ကဆိုရင် ဒိုးနွယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက်သွား တယ်။ အဲ့လိုဖြစ်စဉ်တွေလည်းရှိတယ်။ သူတို့က တိုက်ပွဲမရှိပဲနဲ့ အပြစ်မဲ့ ပြည်သူ ရှိတဲ့ နေရာတွေကို အဓိကဗုံးကြဲတိုက်ခိုက်တယ် ဘယ်သူ့မှ ကျေးရွာတွေထဲကို ပြန်ဖို့တော်တော်လေး စိုးရိမ်နေကြတယ်။ ထိတ်လန့် နေကြတယ်။ ကျေးရွာမှာမရှိရင်တောင် ဘေးကင်းရာတွေမှာ နေထိုင်ကြ ပေမယ့် သူတို့ရှိတဲ့နေရာမှာ လုံခြုံမှုဆိုတာ မခံစားကြတော့ဘူး။ စစ်ဘေးရှောင်ပြည်သူတွေကတော့ လေယာဉ်သံကြားရရင် အမြဲတမ်း စိုးရိမ် ထိတ်လန့်နေကြရ တယ်။ဒါကြောင့် ရွာထဲပြန်ဝင်ဖို့ကတော့ တော်တော်လေးအချိန်ယူရအုံးမယ်။

# မေး- စစ်ဘေးရှောင်တွေက နေ့စဉ်စားဖို့သောက်ဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်ကြပါလဲ။

ဖြေ- ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ပထမဆုံးက စစ်ရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာ တွေကို လတ်တလော စားနပ်ရိက္ခာတွေကို ထောက်ပံ့တယ်။ တကိုယ်ရေးသုံး ဆပ်ပြာတို့၊ အိမ်သာခွက် တို့၊ ယာယီတဲလေးတွေ မိုးနိုင်၊ကာနိုင်ဖို့ မိုးကာတို့ ကူညီပံ့ပိုးတယ်။

# မေး- စစ်ဘေးရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှော်ဖြစ်ပွားမှုကလည်း ရှိတယ်လို့သိရပါတယ်။ ဘယ်လောက် များမျာဖြစ်နေကြလဲ။

ဖြေ- ဝမ်းပျက်ဝမ်းလျှောရောဂါတော်တော်လေးဖြစ်နေကြတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့ စစ်ရှောင် စခန်းတွေမှာ သွားရောက်ထောက်ပံ့မှုလုပ်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် စစ်ရှောင်တွေသုံးတဲ့ တကိုယ်ရေ သောက်သုံးတဲ့ရေတွေနဲ့ကျွန်တော်တို့ ထိတွေ့ခဲ့ရတယ်။ ဒီချောင်းမြောင်းတွေမှာ ရေချိုးကြတယ်။ အပေါ်မှာကြတော့ ကျွဲတွေ၊ နွားတွေ၊ တိရစ္ဆာန်တွေက သောက်တယ်၊ အဲ့မှာနေကြတယ်။ အဲ့ကနေတဆင့် ပြည်သူစစ်ရှောင်တွေကလည်း တစုတစည်းနေလို့မရဘူးပေါ့နော်၊ သူတို့ကနေပြီးတဆင့် တဆင့် အဲ့ချောင်းလေးထဲကနေပဲ အပေါ်ကချိုးတဲ့ဟာကို စစ်ရှောင်တွေကပြန်ချိုး တဆင့်တဆင့်ချိုးသွား တယ်။ ရေတွေက မသန့်ရှင်းဘူး၊ ရေကလည်း တအားရှားတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီရေပဲသောက်ရတယ်။ ဒီရေကိုပဲ ချိုးရတယ် အဲလိုဖြစ်နေတာပေါ့။ နောက်တခုဖြစ်ရတာက ရေမသန့်ရှင်းမှုကြောင့်ပေါ့။ နောက်တခု ဆိုးကျိုးအနေနဲ့ အရေပြားဝေဒနာ တော် တော်ခံစားနေကြရတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါအပြင် အရေပြားဝေဒနာ ပွေး၊ ဝဲ ၊ ယားနား တွေ ကလေးငယ် တွေရော၊ လူကြီးတွေရော စစ်ရှောင်အများစု တော်တော်အရေပြား ဝေဒနာခံစား နေကြရတယ်။

# မေး- ဆေးဝါးကုသမှုပိုင်းကော် ဘယ်လိုဆောင်ရွက်တာမျိုးရှိလဲ။ဆေးဝါးအကူအညီအခြေအနေကကော် ဘယ်လိုရှိပါလဲ။

ဖြေ- ကျွန်တော်တို့အဖွဲ့ကတော့ ဆေးဝါးရရှိဖို့အတွက် ပြည်ပမှာရှိတဲ့ တော်လှန်ပြည်သူတွေစီကနေ အလှုငွေလေးနဲ့ မြေပြင်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတဲ့အခါမှာ ဆေးဝါး စောင့်ရှောက်မှုတွေ ပေးတာရှိပါတယ်။ ကလေးဒေသမှာ ဆေးခန်းပေါ့ ဒီရဲဘော်တွေ၊ ပြည်သူတွေကို အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးတပ်ဖွဲ့တွေကလည်း မြေပြင်မှာ စစ်ရှောင်တွေစီကို တိုက်ရိုက်ကွင်းဆင်း ပြီး ဆေးကုသမှု စောင့်ရှောက် ပေးတာတွေရှိတယ်။ သို့သော်လည်း စစ်ဘေးရှောင်တွေက အင်မတန်များ တဲ့အတွက် ဆေးဝါးမလုံလောက်မှု တွေလည်း ရင်ဆိုင်နေရပါတယ်။ ဆေးဝါးတွေဆိုရင် အထူးလိုအပ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဆေးဝါး ကုသမှုလုပ်ဆောင်ပေးတာတော့ရှိတယ်။ သို့သော်လည်း လုံလောက်တဲ့ဆေးဝါးကုသမှု မရရှိဘူး။ အခုချိန်မှာ ဆေးဝါးရရှိဖို့က အရမ်းခက်ခဲသလို ဝယ်ယူမှု ကလည်း ဘတ်ဂျက်အင်အားတော်တော်လေးကို အားနည်းနေပါတယ်။ အရေပြားဝေဒနာကတော့ တချို့ ကျွန်တော်တို့နဲ့ ပူးပေါင်းတဲ့ဆေးတပ်ဖွဲ့ဆိုရင် တပတ်ကို နှစ်ကြိမ်သွားမယ့်နေရာမှာ (၂) ပတ်ကို (၁) ကြိမ်ထဲပဲ သွားနိုင်တယ် ဘာကြောင့်လဲဆိုရင် ဆေးဝါးလိုအပ်ချက်တို့၊ ဆေးဝါးမလုံလောက်မှုကြောင့် မသွားနိုင်ဘူး။ အဲ့အတွက် (၁) လကို (၄) ကြိမ်သွားရမယ့်နေရာမှာ (၁) လကို (၂) ကြိမ်ပဲသွားလို့ရတဲ့ အခြေအနေ၊ ဆေးဝါးကုသမှုပေးလို့ ရတဲ့အခြေအနေဖြစ်နေတယ်။ အဓိက ဆေးဝါးလိုအပ်ချက်ပေါ့။

# မေး- ရောဂါကြောင့် သေဆုံးမှုတွေရှိလား။
ဖြေ- လောလောဆယ်တော့ အဲ့လိုအခြေအနေနဲ့ သေဆုံးတာတော့ သတင်းမရရှိသေးပါဘူး။

# မေး-လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် အဓိကဘာတွေလိုအပ်လဲ။

ဖြေ- လတ်တလောအခြေအနေမှာ စစ်ဘေးရှောင်တွေအတွက်ဆိုရင် (၁) အနေနဲ့ စားဝတ်နေရေးအခြေ အနေ ဆားတွေ ၊ ဆီတွေလိုအပ်တယ်။ အမိုးအကာတွေ အင်မတန်လိုအပ်တယ်။ ဆေးဝါးရရှိရေးအတွက် အထူးလိုအပ်တယ်။ ရေရရှိရေးအတွက် အင်မတန်လိုအပ်တယ်။ မီးရရှိရေးအတွက် ဆိုလာ၊ ဘဏ်ထရီ လိုအပ်တယ်။

# မေး- တခြားဘာများဖြည့်စွပ်ပြောချင်လဲ။

ဖြေ- ဇန်နဝါရီလ (၃၁) ရက်နေ့ကစပြီး ကလေးတောင်ပိုင်းကို စစ်ကောင်စီကနေပြီး စစ်ဘေးရှောင်စခန်း တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲ့ကနေ တခြားအပြစ်မဲ့ပြည်သူတွေနေတဲ့ ကျေးရွာတွေ၊ ဆေးရုံ၊ ဆေးခန်းအားလုံးလည်း တိုက်ခိုက်ခံရတယ်။ ပြည်သူတွေလည်း မြောက်များစွာ စစ်ဘေးတိမ်းရှောင်နေ ကြရတယ်။ ကလေးနယ်ဒေသမှာနေတဲ့ ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးရရှိရေး၊ သန့်ရှင်းတဲ့ ရေရရှိရေးအတွက် အကူအညီတွေ အင်မတန်လိုအပ်နေတဲ့အတွက် နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူ၊ပြည်သားတွေ၊ တိုင်းရင်းသားညီကို မောင်နှမတွေအနေနဲ့ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားစာနာထောက်ထားမှု အကူအညီတွေပေးစွမ်းကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေကြရသော ကလေးတောင်ပိုင်းဒေသကပြည်သူတချို့

ဓာတ်ပုံ – Aung Hsan Lin

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.