Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကြေညာ၊ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကြေညာ၊ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

0
By Editor on April 9, 2025 Headline

(006SV)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျှက်ရှိသော ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ပြီဟု ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ချင်းညီနောင်က ထုတ်ပြန်ကြေညာလိုက်သည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီသည် ဖလမ်းမြို့ မကျစေရေးအတွက် ခလရ – ၂၆၈ တပ်ရင်း အင်အားအပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ခလရ – ၈၉ မှ စစ်ကူအင်အား ၁၀၀ ဝန်းကျင်နှင့် ၂၀၂၅ ခုနှစ် မတ်လတွင် တပ်မ ၇၇ လက်အောက်ခံ ခလရ – ၃၉၁ မှ စစ်ကူအင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့ကာ ခုခံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြင့်လည်း အပြင်းအထန် ခုခံခဲ့သော်လည်း ချင်းညီနောင် စစ်ဆင်ရေးဖော်ဆောင်ပြီး ၅ လပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင် စစ်ဆင်ရေး၏ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် နိုင်ငံတကာတော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် Anti- Fascist Internationalist Front (AIF) လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော ချင်းညီနောင်ပူးပေါင်းအဖွဲ့များ၊ ရခိုင်မှ အာရက္ခတပ်တော် (AA/ ULA) နှင့် စစ်ကိုင်း၊ မကွေး တို့က တော်လှန်ရေးအင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအပြား ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် 96 Solider PDF Anti- Fascist Internationalist Front (AIF)Burma National Revolutionary Army (BNRA) Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့) Generationa Z Army (GZA) Giant Revolution Force (GRF) Harmonious Northern Brother (HNB) Kalay Revolution Force (KRF) Kalay Urban Guerrialla (Kalay UG) Myingyan Black Tiger (MBT) National Liberation Army (NLA) Revolvtion Ambulance Wolf ( RAW Medical Team) Sagaing Federal Troop (SFT – စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု) Yaw Defense Force (YDF) Zo Army (ZA) ကလေးခရိုင် ပကဖနှင့် ဒရုန်းအဖွဲ့ဝင် ပါဝင်ကြသည်။

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ချင်းညီနောင်နှင့် မဟာမိတ် အင်အားစုများ၏ မဆုတ်မနစ်သော စိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံ ထိုးစစ်ဆင်တိုက်ခိုက်မှု အာရက္ခတပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဥာဏ်များ ပို့ပိုးကူညီမှုကြောင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် မိဘပြည်သူများ၏ တက်ညီလက်ညီ တစိုက်မတ်မိတ် ထောက်ပို့ပါဝင်မှုများကြောင့်သာ ဖြစ်ကြောင်း လှိုက်လှိုက်လဲလဲ မှတ်တမ်းတင်အပ်ပါကြောင်း ချင်းညီနောင်က ဆိုသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွက် အသက်ပေးသွားကြသော အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ရဲဘော်များနှင့် အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတိုက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူး၊ တပ်သားများ၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လရှိမှုတို့ကို လေးစားစွာ ဂုဏ်ပြုပါကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ် များနှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.