Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ဟားခါးမြို့မှ ပြည်သူများကို မြို့ပြင်ထွက်ခွါခွင့်ပိတ်ထားဟုဆို

စစ်ကောင်စီက ဟားခါးမြို့မှ ပြည်သူများကို မြို့ပြင်ထွက်ခွါခွင့်ပိတ်ထားဟုဆို

0
By Editor on May 19, 2025 Headline

(004SS)

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို မြို့ပြင်သို့ ထွက်ခွါခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးထာရ် ၆ လမ်းဆုံ စစ်ဆေးဂိတ်မှ မည်သူမျှ ဖြတ်သန်းခွင့်မပြုတော့ဘဲ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း ကားလမ်းများကို ပိတ်ပင်ထားသည်ဟု သိရသည်။

“ဒီနေ့ကစပြီး မြို့ကနေအထွက် အကုန်ပိတ်တာ၊ သွားလို့မရဘူး။ အဝင်တော့ ရတယ်နဲ့တူတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲတော့ မပြောတတ်ဘူး။ အခုတလော စစ်သားတွေ ထွက်ပြေးကြတာများလို့ ပိတ်တာလို့ကြားတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။

သို့သော်လည်း ဟားခါးမြို့ထဲသို့ ဝင်လာမည့်သူများကိုမူ ခွင့်ပြုထားသည်ဟု သိရသည်။

“ဟားခါး- ဂန်ဂေါလမ်းကို ဟားခါးမြို့အဝင် စစ်ဆေးရေးဂိတ်မှ ဟားခါး-ဂန်ဂေါကြား ကျောအထိ အဝင်/အထွက် အကုန်လုံးကို ပိတ်တာလို့ပြောတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ပိတ်တာ။ ဖလမ်းဘက်ရောပဲ ၆ လမ်းဆုံကနေ အထွက်ပိတ်တာ။ တောင်ယာသွားတာလဲခွင့်ပြုမယ် မထင်ဘူး။ အထွက်ကိုခွင့်မပြုတာ” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် တပ်မှထွက်ပြေးပြီး CDF – Hakha တပ်ဖွဲ့ထံ အလင်းဝင်သူရှိနေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နှင့် ‌၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး စုစုပေါင်း ၃ ဦးသည် CDF – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၇ ယောက်သည် CDF – Hakha ထံ အလင်းဝင်ခဲ့သည့်အပြင် စစ်သားနှင့်ရဲ ၅ ဦးကို အရှင်ဖမ်းမိထားကြောင်း CDF – Hakha က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.