Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းကာကွယ်ရေးအဖွဲ့များ အချင်းချင်း အားပြိုင်လိုမှုကို ရှောင်ရှားရမည်ဟု CNF ပြောရေးဆိုခွင့်ရှိသူပြော

ချင်းကာကွယ်ရေးအဖွဲ့များ အချင်းချင်း အားပြိုင်လိုမှုကို ရှောင်ရှားရမည်ဟု CNF ပြောရေးဆိုခွင့်ရှိသူပြော

0
By Editor on July 14, 2025 Headline

(006SV)

ချင်းကာကွယ်ရေးအဖွဲ့များအနေဖြင့် ပြည်သူကို အကာအကွယ်ပေးရမည့်အချိန်တွင် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အားပြိုင်လိုမှုကြောင့် မလိုလားအပ်သည့် ပြသနာများကို ရှောင်ရှားရမှာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းလဲန်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် ပြည်သူကို အကာအကွယ်ပေးရေးနှင့် တာဝန်ခံမှု ရှိရေး လိုအပ်နေမှုအပေါ် ပြောကြားချက်ဟူ၍ ဇူလိုင် ၁၃ ရက် က ချင်းအမျိုးသားတပ်ဦး၏ အတွင်းရေးမှူးရုံးမှတဆင့် CNF ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လာခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ သောင်းကျန်ဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အချိန်အခါမှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဒါမှမဟုတ် တဖွဲ့နဲ့တဖွဲ့ အားပြိုင်လိုမှုကြောင့် မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ကိုယ့်နယ်မြေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းကို မကာကွယ်နိုင်ဘဲ စစ်ရေးအရ အသာစီးရတဲ့ အခိုက်အတန့်တွေကို ဂုဏ်မယူင့်ဘူး။ ဒီလိုလုပ်နေမယ်ဆိုရင် ကျနော်တို့ အမြစ်ပြတ်တိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီလုပ်ရပ်နဲ့ ထူးမခြားနားဖြစ်သွားပါလိမ်မယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိမှာ ချင်းလဲန်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အားလုံးက ရင့်ကျင်မှု ရှိပြီး စည်းကမ်းရှိရန် လိုအပ်ကြောင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်ပြီး တော်လှန်ရေးကို ဆင်နွှဲဖို့ရန်လိုအပ်ကြောင်း ဆလိုင်းထက်နီက အသိပေးထုတ်ပြန်သည်။

“အရေးကြီးဆုံးက ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့ စိတ် မပျက်ယွင်းဖို့ပါဘဲ၊၊ တိုက်ပွဲအလီလီ အောင်မြင်မှုထက် ပြည်သူကို တာဝန်ခံမှု ရှိတဲ့ တော်လှန်ရေးလမ်းစဉ်ကသာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ လွတ်မြောက်မှုဆီကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ချင်းအင်အားစုများကို သတင်းစကားပါးသည်။

နယ်မြေများ သိမ်းပိုက်ပြီးရုံဖြင့် မိမိတို့တာဝန်များ မပြီးဆုံးကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းမှု ပြေလည်ရေးနှင့် လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရန် ဆက်လက်တာဝန် ယူကြရမည်ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

နယ်မြေထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက် သက်သက်ဖြင့် ပြည်သူများ၏ ဘဝများကို မစတေးသင့်ကြောင်း၊ ယင်းတို့ လုပ်မည်ဆိုလျှင် ပြည်သူတွေအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကိုရော တော်လှန်ရေးတပ်ဖွဲ့များ၏ ဒဏ်များကိုရော နှစ်ဆပေါင်းခံစားကြရမည်ဖြစ်သည်ဟု အသိပေးသည်။

ဆလိုင်းထက်နီက ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သော ရိဒ်ခေါဒါရ် ဖြစ်စဉ်သည် ထင်းရှားသော သာဓကဖြစ်ပြီး နေ့ချင်းညချင်း ထောင်ပေါင်းများစွာသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် ကင်းကွာပြီး အသက်မွေးဝမ်းကျောင်းမှုများ ချက်ချင်းပင် ပျက်ဆီးကုန်ကြောင်း ပြောသည်။

“ကိုယ်က ပြည်သူကို ကာကွယ်ပေးရမယ်ဆိုတဲ့ အဓိကတာဝန် ပျက်ကွက်ပြီး အသက်တွေ အလဟဿသက်သက် ဆုံးရှုံးရတယ်။ လုံခြုံမှု ပျက်ယွင်းပြီး ပြည်သူတွေရဲ့ ယုံကြည်မှုပါ ဆုံးရှုံးရတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ စစ်ကောင်စီကို တိုက်ခိုက်အနိုင်ယူဖို့ တခုတည်း မဟုတ်ဘူးဆိုတာ လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတိုင်းက မမေ့ဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ ကျနော်တို့ရဲ့ ပြည်သူတွေအမှန်တကယ် လွတ်မြောက်ဖို့နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက ထုတ်ပြန်ချက်ထုတ်၍ လူထုနှင့် ချင်းအင်အားစုကို သတင်းစကားပါးသည်။

ချင်းပြည်နယ်တွင် ချင်းပြည်သူများသည် အာဏာသိမ်းမှု နောက်ဆက်တွဲ ဒုက္ခများကို ခါးစည်းခံနေကြရသကဲ့သို့ စစ်ကောင်စီ ကင်းစင်ပြီးသည့် နေရာများမှာလည်း ပြည်သူများ ဒုက္ခခံစားနေရဆဲဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၂ ရက်မှစတင်၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး ရိခေါဒါရ်မြို့နှင့် အနီးကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ဇူလိုင်လ ၅ ရက်တွင် HPO/CDF-Hualngoram က အုပ်ချုပ်ရေးယန္တရားလည်ပတ်ပြီး ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ အခြေစိုက်ထားရာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိသည့် ရိခေါဒါရ်မြို့ကို CNO/CNDF တပ်ဖွဲ့က ထိုးစစ်ဆင် ထိန်းချုပ်လိုက်သည်၊ တဖန် CNDF စစ်ရုံးချုပ်တည်ရာကို CNA ပူးပေါင်းတပ်က ထိန်းချုပ်မှုရှိလာခဲ့သည်။

ယင်းနောက် CNO/CNDF နှင့် CNF/CNA, CDF-Hualngoram တို့ကြား စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခဲ့ပြီး ချင်းလဲန်း ကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင်ပူးပေါင်းတပ်၏ စစ်ရေးပဋိပက္ခအသွင်ထိပင် ရောက်ရှိလာခဲ့ရာ ဇူလိုင်လ ၁၁ ရက်တွင် CNO/ CNDF က ရိခေါ်ဒေါရ်မြို့မှ ပြန်လည်ဆုတ်ခွာသွား၍ နှစ်ဖက်တင်းမာနေမှုများ ပြေလျော့လာသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.