Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

0
By Editor on July 16, 2025 Headline

(004SS)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဟွာလ်ငိုရမ်းဒေသတွင် HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်ဖော်ဆောင်လျက်ရှိပြီး ရိခေါဒါရ်မြို့မှ စစ်ဘေးရှောင်ပြည်သူများအားလုံး နေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီ ဟု HPO/ CDF-Hualngoram ထံမှ သိရသည်။

“လက်ရှိအခြေအနေကတော့ ငြိမ်သက်တယ်။ ပြည်သူတွေလဲ အကုန် ၁၀၀ မှာ ၁၀၀ ပြန်လာကြပြီ။ သူတို့လုပ်ငန်းကိုင်ငန်း‌ တွေ ပုံမှန်ပြန်လည်ပါတ်နေပြီ။ နောက် ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေး ပညာရေး၊ ကျန်းမာရေးတွေလဲ ပုံမှန်လည်ပါတ် ဖို့ ကျောင်းတွေလဲ ကျွန်တော်တို့ ပြန်ဖွင့်ပြီ။ နောက် ကျနမာရေးဝန်ဆောင်မှုတွေလဲ စတင်လည်ပါတ်‌နေပြီ” ဟု HPO/CDF-Hualngoram မှ တာဝန်ရှိသူက ပြောသည်။

ပညာရေးဝန်ဆောင်မှုများကို ဇူလိုင် ၁၄ ရက်နေ့၊ တနင်္လာနေ့တွင် ပြန်လည်စတင်ခဲ့ပြီဟု သိရသည်။

သို့သော် ကျန်းမာရေးဝန်ဆောင်မှုအတွက် ဆေးရုံ ပျက်စီးမှုများကြောင့် ရေနှင့်လျှပ်စစ်စနစ်များ ပြန်လည်ပြင်ဆင်နေရဆဲ ဖြစ်ကာ လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆေးကုသမှုပေးနိုင်သည့် အခြေအနေရောက်ရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အမှတ် (၂) အထက်တန်းကျောင်း၌ ပြင်ပလူနာဌာန (OPD) ဖွင့်လှစ်၍ လူနာများအား စတင်ကုသပေးလျက်ရှိ‌နေကြောင်း HPO/CDF- Hualngoram မှ တာဝန်ရှိသူက ပြောသည်။

ဟွာလ်ငိုးရမ်းဒေသမှာ ဇူလိုင် ၂ ရက်မှစတင်၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရိခေါဒါရ်မြို့ ဒေသခံ ၃,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

CNO/CNDF က ဇူလိုင် ၅ ရက်မှ ၁၀ ရက်နေ့အထိ ရိခေါဒါရ်မြို့ကို ထိန်းချုပ်ခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ပြန်ဆုတ်ခွါသွားခဲ့ကြပြီးနောက် CDF-Hualngoram နှင့် CNA တပ်ဖွဲ့က ရိခေါဒါရ်မြို့ကို ပြန်လည်ထိန်းချုပ်ကာ စစ်ဘေးရှောင်များလည်း နေရပ်ပြန်လာနိုင်ခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေစဉ်ကာလအတွင်း ရိခေါဒါရ်မြို့က နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းများအပါအဝင် ငွေကြေးများပါ ပျောက်ဆုံးခြင်းများရှိခဲ့ကြောင်း CDF-Hualngoram တာဝန်ရှိသူကပြောသည်။

“ပြည်သူတွေရဲ့နေအိမ်တော်တော်များများကတော့ သော့ဖျက်ပြီး ဝင်ကြတယ်။ တန်ဖိုးကြီး ပစ္စည်းတွေ၊ ဆိုင်ကယ်ကအစ ပေါ့နော်။ ငွေကြေးရော ဆယ်ဖို့တစ်ဖို့ကအစ ခိုးကြတာရှိတယ်ပေါ့နော်။ ဒီကိစ္စတွေမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကို ဖာထေးနိုင်အောင်ဆိုပြီးတော့ ပစ္စည်းပျောက်တဲ့စာရင်းပေါ့နော် report ပေးခိုင်းတာရှိတယ်” ဟု CDF-Hualngoram တာဝန်ရှိသူကပြောသည်။

နေအိမ်ဖောက်ထွင်းခံရသော ပြည်သူများအား စာရင်းဇယားများ ပြုစုကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ ဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားပေးနိုင်ရန် ပစ္စည်းပျောက် ဆုံးမှုစာရင်းများ တင်ပြခိုင်းခြင်း၊ ဆိုင်ကယ်နံပါတ်များဖြင့် ပြန်လည်ရှာဖွေခြင်းများ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် ပစ္စည်းအချို့ကိုလည်း ပိုင်ရှင်များထံ ပြန်လည်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်ဖြတ်သန်းမှုမှာ အိန္ဒိယ-မြန်မာနယ်စပ် အန္ဒိယဘက်ခြမ်းမှ တာဝန်ရှိသူများက ဝင်/ထွက်ခွင့်ကဒ်ပြားပါမှ ခွင့်ပြုခြင်း၊ ညနေ ၅ နာရီတွင် ဂိတ်ပိတ်ခြင်းများပြုလုပ်ကာ ပိုမိုတင်းကြပ်စွာ ထိန်းချုပ်နေကြောင်း သိရသည်။

သို့သော် နယ်စပ်ဖြတ်သန်းသွားလာခြင်းကိုမူ ပုံမှန်ခွင့်ပြုပေးနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.