Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်း

ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်း

0
By Editor on July 31, 2025 Headline

စစ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို တာဝန်ပေး

(006SV)

ယနေ့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ပေးအပ်ကြောင်း ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတ ရာထူးကို ရယူထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးဆောင်ကျင်းခဲ့ပြီး နိုင်ငံတော် အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သော အမိန်နှင့် စစ်ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော် အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြလာ၍ ယနေ့ ကာ/လုံအစည်းအဝေးတွင် ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ယာယီသမ္မတ ရာထူးပါ ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထုတ်ပြန်သည်။

ယနေ့ ကာ/ လုံအစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်သည်ဟု ကြေညာသည်။

ယင်းကော်မရှင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥက္ကဌ၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒုဥက္ကဌနှင့် ဝန်ကြီးချုပ်ရာထူး ပေးအပ်ထားသူ ညိုစောအပါအဝင် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည်။

ထို့အပြင် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဝန်ကြီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီးရာထူးများကိုပါ ပေးအပ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်စေမည်ဟု သိရသည်။

ယနေ့ ကျင်းပသော ကာ/လုံအစည်းအဝေးမှာပင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်များကို ဦးအောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ကြေညာသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမှာ မင်္ဂလာပွဲ ကျင်းပစဉ် ဖမ်းဆီးခံရသော ဒေသခံ ၁၆ ဦး ယနေ့ ပြန်လွတ်လာ

မရာချင်းလက်နက်ကိုင် ၂ ဖွဲ့၏ လက်ရှိ စစ်ရေးပဋိပက္ခမှာ ပိုမိုတင်းမာလာနေ

CDF-Zotung ၏ စတုတ္ထအကြိမ်မြောက် အထူးစစ်ဆင်ရေးသင်တန်းတွင် အမျိုးသမီးရဲဘော် သုံးပုံတစ်ပုံခန့် ပါဝင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.