Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ပထမဆုံး M.B.B.S ဆေးပညာဘွဲ့သင်တန်းဖွင့်လှစ်မည်

ချင်းပြည်နယ်တွင် ပထမဆုံး M.B.B.S ဆေးပညာဘွဲ့သင်တန်းဖွင့်လှစ်မည်

0
By Editor on August 5, 2025 Khonumthung

(004SS)

ချင်းပြည်နယ်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှစ၍ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) ဆေးပညာဘွဲ့/ခွဲစိတ်ပညာဘွဲ့ သင်တန်းကို ပထမဆုံး အကြိမ် ဖွင့်လှစ်သွားမည်ဟု ချင်းပြည်အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

သင်တန်းကို University of Medicine (1)၊ Interim University Council နှင့် ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား အယောက် ၃၀ သာ လက်ခံမည်ဟု သိရသည်။

သင်တန်းကာလမှာ ၆ နှစ်သာသင်ကြားရေးနှင့် ၁ နှစ် အလုပ်သင်ကာလပါဝင်ကာ စုစုပေါင်း ၇ နှစ်ကြာမြင့်မည်ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညနေ ၄:၀၀ နာရီအထိ လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့်-

၁။ ၂၀၂၁ မတိုင်မီ သို့မဟုတ် ၂၀၂၁ နောက်ပိုင်း NUG ပညာရေးစနစ်ဖြင့် ၁၀တန်း(သို့)၁၂တန်း အောင်မြင်သူ၊ ချင်းပြည်အစိုးရ လက်အောက်ရှိ Pre-college တက်ရောက်နေသူ/ပြီးစီးသူများ

၂။ BECA စာမေးပွဲတွင် Grade C အနည်းဆုံးရရှိသူများ

၃။ အသက် ၂၅ နှစ်အောက်လူငယ်များ

၄။ သိပ္ပံဘာသာတွဲ(သင်္ချာ၊ဓာတုဗေဒ၊ဇီဝဗေဒ)ဖြင့် အနည်းဆုံး ၇၀% အထက်ရှိပြီး အင်္ဂလိပ်ဘာသာတွင် ၆၀% အထက်ရရှိသူများ

၅။ GED ဖြေဆိုထားသူများအနေဖြင့် စုစုပေါင်း ၆၈၀ မှတ်အထက်ရရှိသူများ

၆။ GCSE ဖြေဆိုထားသူများမှာ Biology/Human Biology တွင် Grade 7 အထက်၊ Chemistry၊ Physics နှင့် Maths တွင် Grade 6 အထက်ရရှိသူများ

၇။ သင်တန်းကာလအပြည့် တက်ရောက်နိုင်သူများ

လျှောက်ထားနိုင်သည်ဟု ချင်းပြည်အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။

သင်တန်းပြီးဆုံးပြီး ဆေးဘွဲ့ရရှိသူများအနေဖြင့် ချင်းပြည်ဒေသတွင် အနည်းဆုံး ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ရမည်ဟုလည်း ဖော်ပြထားသည်။

လျှောက်လွှာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ချင်းပြည်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန Facebook စာမျက်နှာတွင် ရယူနိုင်ပြီး လူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.