Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ပထမဆုံး M.B.B.S ဆေးပညာဘွဲ့သင်တန်းဖွင့်လှစ်မည်

ချင်းပြည်နယ်တွင် ပထမဆုံး M.B.B.S ဆေးပညာဘွဲ့သင်တန်းဖွင့်လှစ်မည်

0
By Editor on August 5, 2025 Khonumthung

(004SS)

ချင်းပြည်နယ်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှစ၍ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) ဆေးပညာဘွဲ့/ခွဲစိတ်ပညာဘွဲ့ သင်တန်းကို ပထမဆုံး အကြိမ် ဖွင့်လှစ်သွားမည်ဟု ချင်းပြည်အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

သင်တန်းကို University of Medicine (1)၊ Interim University Council နှင့် ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား အယောက် ၃၀ သာ လက်ခံမည်ဟု သိရသည်။

သင်တန်းကာလမှာ ၆ နှစ်သာသင်ကြားရေးနှင့် ၁ နှစ် အလုပ်သင်ကာလပါဝင်ကာ စုစုပေါင်း ၇ နှစ်ကြာမြင့်မည်ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညနေ ၄:၀၀ နာရီအထိ လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်ထားသူများအနေဖြင့်-

၁။ ၂၀၂၁ မတိုင်မီ သို့မဟုတ် ၂၀၂၁ နောက်ပိုင်း NUG ပညာရေးစနစ်ဖြင့် ၁၀တန်း(သို့)၁၂တန်း အောင်မြင်သူ၊ ချင်းပြည်အစိုးရ လက်အောက်ရှိ Pre-college တက်ရောက်နေသူ/ပြီးစီးသူများ

၂။ BECA စာမေးပွဲတွင် Grade C အနည်းဆုံးရရှိသူများ

၃။ အသက် ၂၅ နှစ်အောက်လူငယ်များ

၄။ သိပ္ပံဘာသာတွဲ(သင်္ချာ၊ဓာတုဗေဒ၊ဇီဝဗေဒ)ဖြင့် အနည်းဆုံး ၇၀% အထက်ရှိပြီး အင်္ဂလိပ်ဘာသာတွင် ၆၀% အထက်ရရှိသူများ

၅။ GED ဖြေဆိုထားသူများအနေဖြင့် စုစုပေါင်း ၆၈၀ မှတ်အထက်ရရှိသူများ

၆။ GCSE ဖြေဆိုထားသူများမှာ Biology/Human Biology တွင် Grade 7 အထက်၊ Chemistry၊ Physics နှင့် Maths တွင် Grade 6 အထက်ရရှိသူများ

၇။ သင်တန်းကာလအပြည့် တက်ရောက်နိုင်သူများ

လျှောက်ထားနိုင်သည်ဟု ချင်းပြည်အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။

သင်တန်းပြီးဆုံးပြီး ဆေးဘွဲ့ရရှိသူများအနေဖြင့် ချင်းပြည်ဒေသတွင် အနည်းဆုံး ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ရမည်ဟုလည်း ဖော်ပြထားသည်။

လျှောက်လွှာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ချင်းပြည်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန Facebook စာမျက်နှာတွင် ရယူနိုင်ပြီး လူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.