Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»EMPC ဦးဆောင်ကျင်းပသည့် မရာနှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ MTC/ MDF မလာ၍ ဆွေးနွေးပွဲပျက်

EMPC ဦးဆောင်ကျင်းပသည့် မရာနှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ MTC/ MDF မလာ၍ ဆွေးနွေးပွဲပျက်

0
By Editor on October 20, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ မရာဒေသရှိ မရာချင်းကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ကြားတွင် ပစ်ခတ်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အရှေ့မရာလဲန်းငြိမ်းရေးကော်မတီ (EMPC) က တွေ့ဆုံညှိနှိုင်းပေးရန် စီစဉ်ခဲ့သော်လည်း MTC/ MDF မှ မတက်ရောက်၍ ဆွေးနွေးပွဲပျက်သွားကြောင်း သိရသည်။

အရှေ့မရာလဲန်းငြိမ်းချမ်းရေးကော်မတီ (EMPC) ၏ ဦးဆောင်မှုဖြင့် မော်ဟရိန် ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်က MTC/ MDF နှင့် IMC/ CDF – မရာ တပ်ဖွဲ့တို့ကို တွေ့ဆုံညှိနှိုင်ပေးရန် ဆောင်ရွက်ရာ ၎င်းဆွေးနွေးပွဲကို MTC/ MDF က တစ်စုံတစ်ဦးမျှ တက်ရောက်ခြင်း မပြုဘဲ ပြန်လည်ငြင်းပယ်ခဲ့သည်ဟု သိရသည်။

“EMPC ကနေ တွေ့ဆုံပေးတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ ဘက်ကနေ ရောက်မလာဘူး။ ပျက်ကွယ်ခဲ့တယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်က သူတို့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မလိုလာဘူးဆိုတဲ့ သဘောပေါ့နော်။ MTC/ MDF ဘက်က မလာတဲ့ အဓိက အကြောင်းရင်းက သူတို့ဆန္ဒက ဒီမရာနယ်မြေ အကုန်လုံးကို လက်နက်နဲ့ ထိန်းချုပ်ပြီး အုပ်ချုပ်ချင် တာပေါ့။ အဲလို ကျနော်မြင် တယ်။ တကယ်လို့ လာရင် သူတို့ ရည်ရွယ်ချက်က ပျက်သွားမှာကို၊ အဲဒါကြောင့် မလာတာပဲ ဖြစ်မယ်။ နောက်တစ်ခုက သူတို့က အရင်က ကျနော်တို့ IMC ကို စွပ်စွဲတာတို့၊ ဘာတို့ အမြဲလုပ်တာပေါ့နော်။ အဲဒါကြောင့်များ မျက်နှာချင်း မဆိုင်ချင်လို့ ရှောင်တာလား မသိဘူး။ သူတို့ ခေါင်းဆောင်ပိုင်းမှာလည်း လာချင်တဲ့ လူလည်း ရှိမယ်။ ပြီးရင် ပြည်သူတချို့ ထောက်ပို့တွေရဲ့ ဖိအားတွေလည်း ရှိတော့ ဒီလိုမျိုး အချင်းချင်း ပစ်ခတ်တာတွေ၊ သွေးထွက်တာတွေက MTC ခေါင်းဆောင်တွေ လက်ထဲမှာပဲ ရှိတာကိုး၊ သူတို့ အမှားအယွင်းတွေကိုလည်း ပြည်သူတွေက အမြဲထောက်ပြနေတော့ ရှောင်တာလားတော့ မသိဘူး” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MTC/ MDF သည် မရာ နှစ်ဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်ဟု IMC/ CDF – မရာက အောက်တိုဘာလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မရာဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလိုလာသော MTC/ MDF အဖွဲ့၏ တာဝန်သာဖြစ်ကြောင်း မရာပြည်သူသို့ အသိပေးအပ်သည်ဟု ထုတ်ပြန်သည်။

“အနေအထားကတော့ တခေါတလေပဲ ဒရုန်းဗုံးနဲ့ လာချတာ ခဏခဏ ရှိတယ်။ ဒီလိုပဲ စောင့်ကြည့်ရတာပေါ့။ အခုက ပစ်ခတ်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါပဲ။ ဒီမရာလူကြီးတွေက အကြိမ်ကြိမ်၊ အပစ်ခတ်ရပ်တာ တို့၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဦးဆောင်ပြီးတော့ လုပ်ဖို့ လုပ်တယ်။ ဒါပေမယ့် MDF က ခဏခဏ ပျက်တယ်၊ လက်မခံဘူး။ သူတို့က ဒီလိုမျိုး စိတ်ထားရှိတဲ့ အခါကြတော့ ကျနော်တို့မှာလည်း မဖြစ်မနေ ခုခံ ကာကွယ်ရမှာပေါ့နော်။ အဲလို အခြေအနေ ရှိပါတယ်။ သူတို့လည်း ဒီလို ငြိမ်းချမ်းရေးကို မလိုချင်တဲ့ အခါကြတော့ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ် ကျနော်တို့လည်း ပြန်လည်တုန့်ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က အစည်းအဝေးပွဲကို IMC/ CDF – မရာ ထိပ်ပိုင်းခေါင်းဆောင် ၆ ဦး၊ မရာနယ် အသင်းတော် အသီးသီးက အသင်းတော်ပါစတာ ကိုယ်စားလှယ်များ၊ တိုက်နယ် ကောင်စီ ကိုယ်စားလှယ်များ၊ ကျေးရွာ အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ နှင့် NGOs အဖွဲ့မှ ကိုယ်စားလှယ်များနှင့် EMPC ကိုယ်စားလှယ်များ စုစုပေါင်း ၄၃ ဦး တက်ရောက်သည်ဟု သိရသည်။

မရာပြည်သူတွေ၏ တောင်ဆိုးချက်အရ မရာနှစ်ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် မရာနိုင်ငံရေးပါတီ ခေါင်းဆောင်များမှ ဦးဆောင်ပြီး East Maraland Peace Committee (EMPC) ကို ဖွဲ့စည်းပြီး မရာနှစ်ဖွဲ့ တွေ့ဆုံညှိနှိုင်းပေးရေးကို လုပ်ဆောင်နေသည်ဟု သိရသည်။

ဇူလိုင်လ ၁၇ ရက်က MTC/ MDF တပ်ဖွဲ့ဝင်နှင့် မဟာမိတ်များ၏ ထိုးစစ်ကြောင့် CDF – မရာ ဌာနချုပ် ဧရိယာအတွင်း မရာနှစ်ဖွဲ့ ကြား တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်အခြေစိုက် မရာခေါင်းဆောင်များက Third Party ကို ဖွဲ့စည်းပြီး ညှိနှိုင်းပေးရန် နှစ်ဖွဲ့ကို ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

သို့ရာတွင် MTC/ MDF တပ်ဖွဲ့က လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့သဖြင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ရပ်ဆိုင်းနေသည်ဟု သိရသည်။

IMC/ CDF – မရာ သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၏ အဖွဲ့ဝင်ဖြစ်ပြီး MTC/ MDF သည် ICNCC ၊ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.