Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီအဖွဲ့ဝင်များကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တရားစွဲခြင်းသည် “လမင်းကို ခွေးဟောင်သလို” ဖြစ်နေဆို

ချင်းလဲန်းကောင်စီအဖွဲ့ဝင်များကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တရားစွဲခြင်းသည် “လမင်းကို ခွေးဟောင်သလို” ဖြစ်နေဆို

0
By Editor on September 26, 2025 Headline

(006SV)

ချင်လဲန်းကောင်စီ (CC) နှင့် ချင်းလဲန်အစိုးရအဖွဲ့ဝင် ၁၇ ဦးကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့် တရားစွဲခြင်းသည် လမင်းကို ခွေးဟောင်သလိုဖြစ်နေပြီး ချင်းအင်အားစုများကို ကြောက်၍ ရွေးကောက်ပွဲကို မဆန့်ကျင်ရဲအောင် ကြိုတင်ခြိမ်း ခြောက်မှု ပြုလုပ်ခြင်းသာဖြစ်သည်ဟု ချင်း တော်လှန်ရေး ခေါင်းဆောင်များက ပြောသည်။

“ချင်းလဲန်းကောင်စီအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဥပဒေနဲ့ ဟားခါးမှာ အမှုဖွင့်တာဟာ ရွေးကောက်ပွဲကို မဆန့်ကျင်ရဲအောင် လုပ်ပြတာဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်တာဖြစ်တယ်။ အခုလို အမှုဖွင့်လာမှုဟာ လမင်းကို ခွေးဟောင်သလိုပဲ” ဟု ချင်းလဲန်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ချင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါရ်းက ပြောသည်။

ချင်းလဲန်းကောင်စီဥက္ကဌ နှင့် ချင်းပြည်အစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ လှုံဆော်ခြင်း ပြုလုပ်ခြင်းကြောင့်ဟုဆိုပြီး ရွေးကောက်ပွဲ များကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် စက်တင်ဘာလ ၄ ရက်တွင် ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု စစ်ကော်မရှင်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“မင်းအောင်လှိုင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲကို ဟန့်တားဖို့၊ တားဆီးဖို့ ကျနော်တို့ လုပ်ဆောင်နေတယ်ဆိုတာ မှန်ပါတယ်။ အဲဒီတော့ ဘာဖြစ်လို့ ကျနော်တို့ ကောင်စီ ဥက္ကဌနဲ့ အစိုးရအဖွဲ့ဝင် အားလုံးကို ဟားခါးမှာ အမှုဖွင့်ပြီးတော့မှ တရားစွဲဖို့ ပြင်သလဲ ဆိုရင် ကျနော်တို့ကို ကြောက်လို့ နေမှာပါ။ သူတို့က ကြောက်လို့ ကြိုတင်ကာကွယ် ယူတာပါ။ သူတို့ပြောနေသလိုလည်း ဖြစ်မှာ လည်း မဟုတ်ပါဘူး” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ Salai Bawi Kung က ပြောသည်။

ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရသည် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာ မကျင်းပနိုင်ရန် တားဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကိုလည်း အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ချင်းပြည်အစိုးရသည် ရွေးကောက်ပွဲဝင်ပြိုင်မည့် ချင်းကိုယ်စားလှယ်လောင်းများကို အရေးယူနိုင်သည့် အနေအထားလည်း ရှိထားကြောင်း သိရသည်။

“သူကလည်း အဲလို လုပ်ပြီးဆိုတော့ ကျနော်တို့ကလည်း ထုတ်ပြန်ကြေညာထားတဲ့အတိုက် ဆက်လုပ်မှာ၊ အထူးသဖြင့် ရန်ကုန်မြို့ပေါ်မှာ နေပြီးမှ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ တာစူနေတဲ့ ချင်းတွေကို ကျနော်တို့က ဆက်လက် အရေးယူသွားမှာပါ။ သူတို့ကို ပြောချင်တာက တော်လှန်ရေး မလုပ်ရဲဘူးဆိုရင်လည်း အေးအေးဆေးဆေးပဲ နေပါ။ ကိုယ့် စီးပွားရေးကိုပဲ လုပ်ပါ။ အဲလို မဟုတ်ပဲနဲ့ မင်းအောင်လှိုင်ရဲ့ အစီအမံတွေ အထမြောက်အောင်၊ ကျနော်တို့ တော်လှန်ရေး သမား အသက်ပေးနေရတာတွေကို အလကားဖြစ်သွား‌အောင် ၊ မှေးမှိန်သွားအောင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းပြီးမှ ရွေးကောက်ပွဲဝင် မယ်လို့ တာစူနေတဲ့ ပုဂ္ဂိုလ်တွေဟာ သွေးစုပ်ဖုတ်ကောင်တွေလို့ပဲ ကင်မွန်းတပ်ချင်ပါတယ်” ဟု ချင်းလဲန်းကောင်စီ ဒုဥက္ကဌ Salai Bawi Kung က ပြောသည်။

ချင်းလဲန်းကောင်စီ ဥက္ကဌ ပူဇင်ကျုံး ၊ ချင်းလဲန်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးပါထန်၊ ဒေါက်တာ ရွှေခါရ်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာ ရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်းဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမောင်ဦး၊ ဒေါက်တာ တိာနှင်း၊ ဦးထန်ကမ်းလျန်၊ ဦးဇလိုင်းဇထောင်း၊ ဦးထောင်ဇလျန်း၊ ဦးမန်အုပ်ခမ်နှင့်၊ ဦးဟာမိုရုန်းလျန်တို့ ၁၇ ဦးတို့ စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် စစ်ကော်မရှင်က မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်သည့် ဟားခါး နှင့် တီးတိန်မြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပ သွား မည်ဟု ကြေညာ ထားသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်မှု အားလုံးကို တားမြစ်ပြီး ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် မည်သူမဆို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် သွားမည်ဟု ချင်းညီနောင်က စက်တင်ဘာလ ၂၅ ရက်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.