Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရွေးကောက်ပွဲ အပိုင်း ၂ ကို ချင်းပြည်နယ်မှာ ကျင်းပနိုင်မည်မဟုတ်ဟု ကြေညာ

ရွေးကောက်ပွဲ အပိုင်း ၂ ကို ချင်းပြည်နယ်မှာ ကျင်းပနိုင်မည်မဟုတ်ဟု ကြေညာ

0
By Editor on October 29, 2025 Headline

(006SV)

စစ်ကော်မရှင်က လာမည့်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ချင်းပြည်နယ်ရှိ မြို့များတွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၈ ရက်မှာ ကြေညာသည်။

ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြီးနောက် ၂ ပတ်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း ၂ ကို ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးနှင့် မကွေးက မြို့နယ် ၁၀၀ တွင် ကျင်းပမည်ဟု ကြေညာသော်လည်း ချင်းနှင့် ရခိုင်က မြို့နယ်များ ပါဝင်လာခြင်း မရှိပေ။

“ထန်တလန်၊ တွန်းဇံ၊ ဖလမ်းက သူတို့ အပိုင်း ၂ လုပ်မယ့် ဇန်နဝါရီလ ၁၁ အထိ အသင့်မဖြစ်သေးဘူးလို့ ယူဆတဲ့အတွက် နောက်ဆုံးတတိယအသုတ်မှာ ထည့်မယ်လို့ တွက်ချက်ရပါတယ်၊၊ စစ်တပ်ကော်မရှင်က အဲဒီမြို့တွေကို အပိုင်း ၂ မှာ လုပ်မယ် လို့လည်း မကြေညာဘူး။ လုပ်လို့ မရဘူးဆိုတဲ့ မြို့နယ်တွေထဲကနေ ချန်ထားခဲ့တာပေါ့နော်။ သူက ရွေးကောက်ပွဲကို ၃ ပိုင်းလုပ်မှာ ဆိုတဲ့အတွက် နောက်ဆုံးအသုတ်မှာ လုပ်မယ့် အနေအထားပါဗျ” ဟု စစ်ရေးလေ့လာသုံးသပ် ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်တပ်က မြို့ပေါ်သာ ထိန်းချုပ်ထားနိုင်သည့် ဟားခါး၊ တီးတိန်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမည်ဟု ဩဂုတ်လက ကြေညာခဲ့ပြီး လက်ရှိတွင် ချင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော ဖလမ်း၊ တွန်းဇံ နှင့် ထန်တလန်မြို့တို့ကို ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းထဲ ထည့်သွင်းထားသည်။

ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းထဲက မြို့ ၃ မြို့ကို ရွေးကောက်ပွဲ အပိုင်း ၂ ထဲမှာ ထည့်သွင်း မထားခြင်းသည် ဖွဲ့စည်းပုံပြ ဌာန်းချက်အရ လတ်တလောမှာ မလိုအပ်သေး၍ ဖြစ်ကြောင်း ဖက်ဒရယ်ရေး လေ့လာသုံးသပ်သူ ဆလိုင်းရှိန်းထွန်းက ပြောသည်။

“အမှန်က အပိုင်း ၂ က ဖွဲ့စည်းပုံအရ မလိုတော့ဘူး။ သူက အပိုင်း ၁ မှာတင် လုံလုံလောက်လောက် အစိုးရဖွဲ့လို့ရတယ်။ ပြည်နယ်နဲ့တိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြဌာန်းချက်အရက ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်တင်မြှောက်ခံဖြစ်ဖို့ပဲ အရေးကြီး တယ်။ သမ္မတက ရွေးကောက်တင်မြောက်ခံ ဖြစ်ဖို့ ဆိုတဲ့ ပြဌာန်းချက် မရှိဘူး။ ပြည်ထောင်စုအပိုင်းကို ရည်စူးပြီးတော့မှ ပြည်သူ့လွှတ်တော်ကို အဓိက တည်ကစားတာဖြစ်လို့ ဗဟိုအစိုးရ ဖွဲ့လို့ရတာနဲ့ ပြည်နယ်နဲ့ တိုင်းမှာ ပြည်နယ်ဝန်ကြီးချုပ်တွေ ရွေးလို့ ရပြီ၊၊ ပေးထားချက် ဘောင်အတွင်းကနေ ရွေးကောက်ပွဲ ကျင်းပပြီး ကစားတာဖြစ်လို့ ကစားတဲ့ အခင်းအကျင်းကို ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေက နားလည်ဖို့ အရေးကြီးတယ်” ဟု ဆလိုင်းရှိန်းထွန်းက ပြောသည်။

ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.