Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရွေးကောက်ပွဲတွင် အဓမ္မဆန္ဒမဲပေးခိုင်းခြင်းအပေါ် ချင်းပြည်သူများ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲမပေးရန် ချင်းပြည်ကောင်စီ ကြေညာ

ရွေးကောက်ပွဲတွင် အဓမ္မဆန္ဒမဲပေးခိုင်းခြင်းအပေါ် ချင်းပြည်သူများ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲမပေးရန် ချင်းပြည်ကောင်စီ ကြေညာ

0
By Editor on October 30, 2025 Headline

(006SV)

ချင်းပြည်သူများအနေဖြင့် စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲများကို ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ အဓမ္မဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲပေးခြင်းမပြုရန် ချင်းပြည်ကောင်စီက ကြေညာသည်။

ချင်းပြည်ကောင်စီသည် အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် ကန့်ကွက်ကြောင်းကို အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ရာတွင် ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်အားလုံးနှင့် ထွက်ပေါ်လာမည့် ရလဒ်များကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း၊ ချင်းပြည်အတွင်းရှိ Non-CDM ဝန်ထမ်းများ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်တပ် အုပ်ချုပ် ရေးကို သက်ဆိုးရှည်စေမည့် အထောက်အကူပေးမှုဖြစ်ကြောင်းကို သိရှိနားလည်ထားရန် ထပ်မံ သတိပေး ထုတ်ပြန် သည်၊၊

ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများအပေါ် အတင်းအဓမ္မ ဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ချင်းလူထု အနေဖြင့် မိမိ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးကာ ဆန္ဒမဲပေးခြင်း မပြုရန်၊ ပူးပေါင်းဆောင်ရွက် ခြင်း မပြုရန် ချင်းပြည်ကောင်စီက တိုက်တွန်းနှိုးဆော်သည်။

စစ်ကော်မရှင်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေ၍ နိုင်ငံရေး ပဋိပက္ခကို ပိုကြန့်ကြာစေမည်ဟု ချင်းပြည်ကောင်စီက ဆိုသည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်တပ်ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ် မပြုရန်နှင့် မည်သည့် ပံ့ပိုးမှုမျှ မပြုလုပ်ရန်လည်း ချင်းလန်းကောင်စီက တောင်းဆိုသည်။

စစ်ကော်မရှင်သည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများကို လိမ်လည်လှည့်ဖြားကာ ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်ပြဌာန်ပြီး စစ်ဘေးရှောင် နေရပ်စွန့်ခွာ ပြည်သူများကိုလည်း ကြိုတင်မဲပေးနိုင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွက် စစ်ကော်မရှင်သည် မဲစာရင်း စုစည်းခြင်း၊ Non – CDM ဝန်ထမ်းများနှင့် နိုင်ငံရေးပါတီတချို့ကို အသုံးချကာ မဲစာရင်းများ ကြည့်ရှုရန် လှုံ့ဆော်ခြင်း၊ မဲပေးစက်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ကြိုတင်စမ်းသပ်လေ့ကျင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ရွေးကောက်ပွဲ အပိုင်း ၁ တွင် ချင်းပြည်နယ်မှာ ဟားခါးနှင့် တီးတိန်မြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.