Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

0
By Editor on December 1, 2025 Headline

(006SV)

ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော စစ်ကော်မရှင်တပ်များ နှင့် တစ်လဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲများတွင် ချင်းလဲန်းတော်လှန်ရေးအင်အားစုမှ ရဲဘော် ၇ ဦးကျဆုံးသည်ဟု သိရသည်။

“ကျဆုံးသွားတဲ့ ရဲဘော်တွေက CNA နဲ့ CDF CDM SIYIN က ရဲဘော်တွေပါ။ ကလေး – သိုင်းငင်း စစ်ကြောင်းနဲ့ သိုင်းငင်း ကနေ ဖလမ်းဘက်ကို စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေမှာ ကျဆုံးရတာပါ။ တိုက်ပွဲကတော့ အင်အားမမျှတော့ ကျတော်တို့ဘက်က သူတို့ လာမယ် လမ်းကြောင်းတွေမှာ မိုင်းဆွဲတာ ခြုံခိုတိုက်ခိုက်တာတွေတော့ အမြဲတမ်းရှိပါတယ်” ဟု CDF CDM SIYIN တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒီကီက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်က သိုင်းငင်းမှ ဆုတ်ခွာခဲ့ရသော CDF – CDM Siyin တပ်ဖွဲ့သည် ဇောင်ကောင်ရွာတွင် နေရာယူထားစဉ် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းပြီး စီးနင်းတိုက်ခိုက်ရာ ရဲဘော် ၄ ဦးကျဆုံးရသည်။

နိုဝင်ဘာလဆန်းပိုင်း စတင်၍ ချင်းပြည်နယ်အဝင်ဖြစ်သော ခိုင်ကမ်းမြို့မှ သိုင်းငင်းသို့ ဦးတည်သော စစ်ကြောင်း၊ တီးတိန်မြို့မှ သိုင်းငင်းသို့ နောက်ထပ်စစ်ကြောင်း၊ ကလေးတောင်ပိုင်းရှိ ဝေဘူလမှ ဖလမ်းမြို့သို့ စစ်ကြောင်းများဖြင့် စစ်ကော်မရှင်တပ်သည် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်သည်ဟု သိရသည်။

စစ်ကော်မရှင်တပ်၏ ချင်းပြည်အဝင် နေရာစုံမှ ထိုးလာသော စစ်ကြောင်းများကြောင့် ချင်းပြည်တပ်ပေါင်းစုက စုဖွဲ့ပြီး ခုခံတော် လှန်နေရာ အခက်အခဲ ရှိလာကြောင်း၊ ထို့ကြောင့် ကိုယ့်နေရာ ကိုယ့်အဖွဲ့အစည်း အသီးသီးဖြင့်သာ ခုခံတော်လှန်ကြရင်း အင်အား မမျှတပဲ တဖြည်းဖြည်းနှင့် ထိန်းချုပ်နေရာများကို ပြန်လည် လက်လွတ်ရသည်ဟု သိရသည်။

သိုင်းငင်းသို့ ဦးတည်ထိုးစစ်ဆင်လာသော တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗျူဟာမှူး လှမျိုးထွဋ် အပြင်းအထန် ဒဏ်ရာရရှိပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း သိရသည်။

“ဗျူဟာမှူး လှမျိုးထွဋ်ကတော့ သေတော့ မသေဘူး။ သိုင်းငင်းရွာနားတိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာ ရသွားပါတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးမှုက ၇၀ ကျော်လောက် ရှိပါတယ်။ ကလေး – သိုင်းငင်း စစ်ကြောင်းဆိုရင် အလောင်းနဲ့ ဒဏ်ရာရ ရဲဘော်တွေကို ၁၂ ဘီးကား တစ် စီးနဲ့ သယ်သွားတယ်လို့ သတင်းရရှိပါတယ်” ဟု CDF CDM SIYIN တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒီကီက ပြောသည်။

ယခုနှစ် မေလမှ ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ် အင်အား ၈၀၀ ထက်မနည်းကို ချင်းပြည်တပ်ပေါင်းစုနှင့် စစ်ဒေသ ၁ မဟာမိတ်အင်အားစုများက အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁၂ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာတချို့ ရရှိသည်ဟု သိရသည်။

သို့သော် ယင်းစစ်ကော်မရှင်စစ်ကြောင်းသည် အပြီးသတ်ဆုတ်ခွာခြင်းမရှိဘဲ ချင်းပြည်နယ်အဝင် ၅ မိုင်ခန့်တစ်နေရာတွင် တပ်စခန်းအထိုင်ချကာ အင်အားဖြည့်တင်လျက်ရှိနေခဲ့ကြောင်း၊ အောက်တိုဘာလကုန်းက တီးတိန်သို့ လေကြောင်းမှ အင်အား အကြိမ်ကြိမ်ဖြည့်တင်းခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တော်လှန်ရေးအပေါ် အကျိုးတစ်စုံတစ်ရာ ဖြစ်စေရန် ရည်ရွယ်၍ တော်လှန်ရေး ရဲဘော်အားလုံးအပေါ် တော်လှန်ရေး သစ္စာအမှန် ထားရှိပြီး စစ်ကော်မရှင်တပ်များကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ မချွင်းမချန်ဘဲ မိမိတို့၏ အသက်ကို စတေးခံ၍ ဆက်လက်ခုခံ တော်လှန်နေပါသည်ဟု CDF CDM SIYIN က အသိပေးထုတ်ပြန်ထားသည်။

ကျဆုံးရဲဘော်များ၏ မိသားစုများနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရပြီး ရဲဘော်များ၏ ပေးဆပ်ခဲ့သော အသက်ကြွေများဖြင့် သံန္တိဌာန်ပြုကာ ခရီးဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.