Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရန်ကုန်မြို့တွင် ချင်းဓမ္မအမှုတော်ဆောင်ဆရာတစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းတက်ရောက်ရန်ပို့ခံရ

ရန်ကုန်မြို့တွင် ချင်းဓမ္မအမှုတော်ဆောင်ဆရာတစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းတက်ရောက်ရန်ပို့ခံရ

0
By Editor on December 8, 2025 Headline

(004SS)

ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည် စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ပို့ဆောင်ခံခဲ့ရကြောင်း မိသားများထံမှ သိရသည်။

မြန်မာပြည် အေဂျီ ဧဝံဂေလိအသင်းတော်များ ရန်ကုန်၊ ဓမ္မအမှုတော်ဆောင်ကဒ်ပြား ကိုင်ဆောင်သူ အသက် ၂၃ နှစ်အရွယ် ဆရာ Pau Muan Lian သည် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှတ်တိုင်မှ ပြန်လာချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဟု သိရသည်။

ထို့နောက် တစ်ပါတ်ကျော်ကြာလာချိန် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၅ နာရီအကျော်ခန့်တွင် မိသားစုထံသို့ တယ်လီ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ရာ ၎င်းသည် ရန်ကုန်မြို့၊ ယုဇနနှင့် တောင်ဒဂုံစပ်ကြားရှိ သိမ်ချောင်းလမ်းဆုံမှ စစ်သင်တန်း တက်ဖို့ ခေါ်ဆောင်ခံခဲ့ရကြောင်း မိသားစုကို အသိပေးခဲ့သည်ဟု အမဖြစ်သူ၏ ဖော်ပြချက်အရ သိရသည်။

“မတတ်နိုင်လို့ လိုက်သွားရတယ်၊ အခုက ရေနီမြို့ဆိုတဲ့ နေရာမှာ ရောက်နေတယ်၊ စစ်သင်တန်းလေ့ကျင့်တာတွေလည်း စတော့မယ်။ အရမ်းကြီးလည်း စိတ်မပူကြနဲ့နော်၊ သားအဆင်ပြေပါတယ်၊ သားအကုန်လုံးကို သတိရတယ်နော်၊ ဆုတောင်းခြင်းနဲ့ပဲ သတိရကြရအောင်နော်” ဟု ဆရာ Pau Muan Lian က မိသားစုဝင်များအား ပြောကြားခဲ့သည်ကို အမဖြစ်သူက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် Pau Muan Lian သည် ရေနီမြို့ တစ်နေရာ စစ်သင်တန်းလေ့ကျင့်ရေးစခန်းမှာ ရောက်ရှိနေပြီဟုသိရသည်။

အဆက်အသွယ်မရရှိခဲ့သည့် ရက်သတ္တပတ်ကျော်ကာလအတွင်း မိသားစုဝင်များသည် စိုးရိမ်ပူပန်ခဲ့ကြသောကြောင့် လူမှုကွန်ရက်များပေါ်တွင် လူပျောက်ကြော်ငြာများ တင်ကာ ဝိုင်းဝန်းဆုတောင်းသတိရပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။

ယခုအခါ မိသားစုနှင့် ပြန်လည်အဆက်အသွယ်ရရှိခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်နေသော မိသားစုဝင်များ အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာရရှိခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.