မတူပီ အမျိုးသမီးအသင်းဖွဲ့စည်း

0

၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက်နေ့က ချင်းပြည် နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် မတူပီ အမျိုးသမီး အသင်း ဖွဲ့စည်း လိုက် ကြောင်း သတင်းရရှိသည်။

” မတူပီလူငယ်အသင်း (MYA) ကမကထပြု မှုနဲ့ နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ အထိ မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ စုဝေးကြပြီးတော့ ဖွဲ့စည်းလိုက်တာဖြစ်တယ် ” ဟု ပါဝင်သူတဦး က ပြော သည်။

ရည်ရွယ်ချက်အနေနဲ့ အမျိုးသမီးစွမ်းအားမြှင့် တင်ရေး၊ သာရေးနာရေး နဲ့ မတူပီစာပေ ယာဉ်ကျေး မှု ထိန်းသိမ်းမြှင့်တင်ရေး ဟု ထားရှိဖွယ်ရှိသော်လည်း အသေးစိပ်ကို ပြန် လည်ဆွေးနွေး မှာဖြစ် သည်ဟု ထပ်မံဆိုသည်။

” မတူပီမြို့ပေါ်အမျိုးသမီး တကယ့် အားကိုး ရတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တော့ အားရ စရာပါ၊ သူတို့ကို ယုံကြည်ပါတယ် ” ဟု ဒေသခံတဦးက ပြောသည်။

မတူပီအမျိုးသမီးအသင်းကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ကြသည်။

ဒေါ် ထန်ဇင်း             ဥက္ကဌ

ဒေါ်ထင်ပွေး              ဒု-ဥက္ကဌ

ဒေါ် အဲလီ                အတွင်းရေးမှူး

ဒေါ်လုံနှဲမ်း                တွဲဖက် အတွင်းရေးမှူး

ဒေါ် ဒါထွေး               ဘဏ္ဍာထိန်း

ဒေါ် ယဉ်န                စာရင်းကိုင်

ဒေါ် ယုံးယုံး               စာရင်းစစ် (၁)

ဒေါ် စံရစ်                 စာရင်းစစ် (၂)

ဒေါ် ခင်လွှေပါရ်         အဖွဲ့ဝင်

ဒေါ် ရိုင်ဗန်း              အဖွဲ့ဝင်

ဒေါ် ရုဒ်ယာနူ            အဖွဲ့ဝင်

Share.

About Author

Comments are closed.