Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့စစ်ကူစစ်ကြောင်းမှ စစ်ကော်မရှင်တပ် ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ဦးသေဆုံး

ဖလမ်းမြို့စစ်ကူစစ်ကြောင်းမှ စစ်ကော်မရှင်တပ် ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ဦးသေဆုံး

0
By Editor on February 4, 2026 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ စစ်ကူရောက်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ဦး သေဆုံးသည်ဟု ချင်းလဲန်း ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်းက စစ်ကိုင်း၊ ကလေးမြို့မှ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ဖွဲ့ကို သိုင်းငင်း- ဖလမ်းကြားရှိ ဇောင်လေးကျေးရွာ အနီးတွင် ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီဝန်းကျင် ကြာမြင့်သည်ဟု သိရသည်။

“မနေ့က ၃ ရက်နေ့ တိုက်ပွဲမှာတော့ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ယောက်တော့ အလောင်းရရှိတယ်။ ဒဏ်ရာ ရတဲ့ လူကတော့ ဒီထက်များနိုင်တယ်။ ကျနော်တို့ ကြားသိရသလောက်တော့ အယောက် ၂၀ လောက် ဒဏ်ရာ ရတယ်လို့ ကြားတယ်။ တိုက်ပွဲက နေ့စဉ်နဲ့အမျှ အချိန်မရွေး ဖြစ်နိုင်တဲ့ အခြေအနေတော့ ရှိတယ်။ ဒီနေ့ လုံးဝမဖြစ်ဘူးဆိုတာတော့ မရှိဘူး။ ဒီဘက်ကို လာနေတဲ့ စစ်ကြောင်းတွေကို အကုန်လုံး ဝိုင်းပိတ်ထားတော့ ဟိုဘက်ကလည်း မတိုးနိုင်အောင်၊ ဒီဘက်ကလည်း ဝိုင်းဝန်းပိတ်ထားတာ ဖြစ်တော့ အချိန်မရွေး တိုက်ပွဲ ထိတွေ့မှု ဖြစ်နိုင်တယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။

တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ် ၃၀ ခန့် နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိပြီး စစ်ကော်မရှင် တပ်စွဲထားသော စခန်းကုန်း တစ်ခုကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးခြင်းထက် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကို အများအပြား အသုံးပြုခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ ထိတွေ့တိုက်ပွဲများ တကျော့ပြန် ပိုပြင်းထန်သည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ကလေး-သိုင်းငင်း- ဖလမ်းနှင့် ကလေး- ဝေဘုလ- ဖလမ်း လမ်းကြောင်းတို့မှ စစ်အင်အား တစ်ထောင်ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိ အချိန်ထိ စစ်ရေးပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကော်မရှင်စစ်ကြေား ၂ ကြောင်းကို ချင်းပူးပေါင်းတပ်က ခုခံတွန်းလှန်လျက်ရှိရာ ဖလမ်းမြို့နယ် Khuangli နှင့် Sumhrang ရွာအနီးတွင် စစ်ကော်မရှင်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ တန့်နေခဲ့သောကြောင့် ဇန်နဝါရီလ ၂၀ ရက်က ကလေးမြို့မှ စစ်ကူ အင်အား ၃၀၀ ခန့်ကို ထပ်မံစေလွှတ်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.