Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းတောင်ပိုင်းမြို့သုံးမြို့ လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိဟု ဆို

ချင်းတောင်ပိုင်းမြို့သုံးမြို့ လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိဟု ဆို

0
By Editor on February 8, 2026 Khonumthung

(006SV)

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များကို ယနေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာများ ရရှိသကဲ့သို့ နေအိမ်နှင့် အစိုးရအဆောက်အဦး အများအပြား ထိခိုက်ပျက်စီးကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီခွဲခန့်က ကန်ပက်လက်မြို့ တစ်နေရာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သူ Hkl mindat ထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့မှ ပြည်သူနေအိမ်များနှင့် အစိုးရရုံးတချို့ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်မှာလည်း မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဈေးဆိုင်များ၊ ဓမ္မရုံ၊ ခန်းမဆောင်ဟောင်းနှင့် နေအိမ်တချို့ထိခိုက်ပျက်စီးသည်ဟု သိရသည်။

အလားတူ ယနေ့ မွန်လွဲ ၁၂ နာရီခွဲခန့်တွင် မတူပီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နေ့လည် ၂ နာရီ ၄၆ မီနှစ်ခန့်မှာလည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ၁ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့်ရှိကြောင်း၊ ဆီသယ်ကား ၁ စီးနှင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိကြောင်း Hkl mindat ကဖော်ပြ သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် သေဆုံးမှုနှင့်ပတ်သက်၍ ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၇ ရက် မွန်လွှဲ ၁၂ နာရီ ၂၂ မီနစ်ခန့်ကလည်း မင်းတပ်မြို့နယ် အမှတ် ၁ တိုက်နယ်ထဲရှိ ကျေးရွာ ၂ ရွာအနီးကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားသကဲ့သို့ နေ့လည် ၂ နာရီခန့်တွင် မင်းတပ်မြို့ အနောက်ခြမ်းဘက်ကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ကြောင်း သိရသည်။

ဓာတ်ပုံ- Hkl Mindat

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.