Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားမှာ ဇနီးဟောင်းဖြစ်သူကိုသတ်ဖြတ်ခဲ့သည့် ချင်းအမျိုးသားဖမ်းဆီးခံရပြီးနောက် အမှုဖွင့်ရန်ပြင်ဆင်နေ

မလေးရှားမှာ ဇနီးဟောင်းဖြစ်သူကိုသတ်ဖြတ်ခဲ့သည့် ချင်းအမျိုးသားဖမ်းဆီးခံရပြီးနောက် အမှုဖွင့်ရန်ပြင်ဆင်နေ

0
By Editor on April 24, 2026 Khonumthung

ကျန်ရစ်သူကလေးငယ်များကို UNHCR မှ အကာအကွယ်ပေးမည်

(004SS)

မလေးရှားနိုင်ငံ၊ Satapak အရပ်တွင် ဇနီးဟောင်းဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ချင်းအမျိုးသားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်ကာ လက်ရှိတွင် အမှုဖွင့်ဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း Alliance of Chin Refugees ဉက္ကဌ ထံမှသိရသည်။

“သူတို့က ကွာရှင်းထားပြီးသား။ ကွားရှင်းတာက တစ်လကြာပြီ။ ဒါပေမယ့် သူကအရမ်းသ၀န်တိုတယ်၊ ပြန်ပေါင်း ဖို့အမြဲတောင်းပန်တယ်လို့ပြောတာဘဲ။ တစ်ခြားရည်းစားရှိတယ်ဆိုပြီးသတ်လိုက်တာ။ အခုကအချုပ်ထဲမှာပေါ့နော်။ ဒီနေ့မှာပဲ ရဲတွေကတော့ အမှုတည်ဆောက်နေတယ်” ဟု ACR ဥက္ကဋ္ဌ James ကပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၃ ရက် နေ့လည် ၂ နာရီခန့်က ကွာရှင်းထားသည့် လင်မယား ၂ ယောက် လမ်းခွဲထားသည်မှာ မကြာသေးသော်လည်း အမျိုးသားဖြစ်သူက ဇနီးဟောင်းကို သဝန်တိုမှုကြောင့် ဓါးဖြင့်ထိုးသတ်သည်အထိ ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

အသက် ၃၃ နှစ်ရှိ လီဆူအမျိုးသမီး ဒေါ် အားခူနှင့် အသက် ၂၆ နှစ်ရှိ အရှိုချင်းအမျိုးသားအဖြစ် ACR ကဒ်ကိုင်ဆောင်ထားသူ ဦးအောင်ထွန်းငွါတို့မှာ ကွာရှင်းပြတ်ဆဲသည်မှာ တစ်လခန့်ကြာပြီဖြစ်သော်လည်း အမျိုးသားဖြစ်သူက လမ်းခွဲမှုကို လက်မခံနိုင်ဘဲ ပြန်လည်ပေါင်းစည်းရန် အမြဲတောင်းဆိုနေခဲ့သည်ဟု သိရသည်။

သို့သော်လည်း ဇနီးဟောင်းဖြစ်သူ လက်မခံသည့်အတွက် နောက်ယောင်ခံလိုက်ကာ အစဉ်တစိုက် ခြိမ်းခြောက်နှောက် ယှက်နေခဲ့ခြင်းကြောင့် လီဆူလူမှုအဖွဲ့အစည်းများကလည်း ဒေါ်အားခူတို့သားအမိ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းကူညီပေးခဲ့ဖူးကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ ဇနီးဟောင်းမှာ အလုပ်သွားရန် ကားစောင့်နေစဉ် ကျူးလွန်သူမှ ရုတ်တရက် ရောက်ရှိလာပြီး လုပ်ကြံခဲ့ခြင်းဟု ပြောဆိုကြောင်း သိရသည်။

“အမျိုးသမီးက သူ့သူငယ်ချင်းတွေနှင့်အတူ အလုပ်သွားဖို့ ကားထဲ၀င်ဖို့လုပ်နေတဲ့အချိန်မှာ အဲဒီအမျိုးသားက ပြေးလာပြီး သူ့ကိုဓါးထောက်ပြီးတော့ ခေါ်သွားပြီးခါမှ ရင်ဘက်မှာထိုးသတ်လိုက်တာ။ ထိုးပြီးပြီးချင်း သေဆုံးသွားတာတော့မဟုတ်ဘူး၊ ခဏတော့ရသေးတယ်။ ဒါပေမယ့်အဲဒီနေရာမှာဘဲဆုံးသွားတယ်” ဟု ACR ဥက္ကဋ္ဌ James က ပြောသည်။

သေဆုံးသူ အမျိုးသမီးတွင် သားသမီး ၄ ဦးရှိပြီး အရင်အိမ်ထောင်နှင့် ရရှိခဲ့သည့် သားသမီး ၃ ဦးအနက် သားဖြစ်သူ တစ်ဦးမှာ မြန်မာနိုင်ငံတွင် ကျနစ်နေခဲ့ပြီး အခြား သမီးငယ် ၂ ဦးနှင့် ၅ နှစ်အရွယ်သာရှိသေးသော ယခုကျူးလွန်သူနှင့် ရရှိခဲ့သည့် သမီးငယ်တို့မှာ မလေးရှားတွင် မိခင်ဖြစ်သူနှင့်အတူ နေထိုင်နေခဲ့ကြသည်။

သို့သော် ယခုတွင်မူ မိခင်ဖြစ်သူ ဆုံးပါးသွားပြီး ဖခင်ဖြစ်သူမှာလည်း ဖမ်းဆီးခံထားရသည့်အတွက် အဆိုပါ ကလေးငယ် များမှာ မိဘမဲ့ဘဝသို့ ရောက်ရှိသွားပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအတွက် UNHCR မှ အကာအကွယ် (Protection) ပေးနိုင်ရန် တောင်းဆိုမှုများ ပြုလုပ်ထားပြီး ဖြစ်ကာ မကြာမီတွင် လိုအပ်သည့် စောင့်ရှောက်မှုများ ရရှိတော့မည်ဟု မျှော်လင့်ရကြောင်း ACR ဉက္ကဌ ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်ပြီ

ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင်ဖော်ဆောင်ရန် ဌာန ၉ ခုဖွဲ့စည်း

ထိုင်းနယ်စပ်ကတဆင့် မလေးရှားသွားရန်ကြိုးပမ်းစဉ်ကွယ်လွန်သွားသော ချင်းလူငယ်၏ ရုပ်အလောင်း မြဝတီမြို့သို့ပြန်သယ်ဆောင်ပြီဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.