Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါး- ထန်တလန်လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု အာဏာသိမ်းစစ်တပ်ထုတ်ပြန်

ဟားခါး- ထန်တလန်လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု အာဏာသိမ်းစစ်တပ်ထုတ်ပြန်

0
By Editor on June 11, 2026 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက ဟားခါးမြို့နှင့် ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး တစ်ခုလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာရှင်စစ်အစိုးရ၏ ပြန်ကြားရေးဌာနက ယနေ့ဇွန်လ ၁၁ ရက် မှာ ထုတ်ပြန်သည်။

ဇွန်လ ၄ ရက်မှ စတင်၍ ဟားခါး- ထန်တလန် လမ်းကို ပြန်ဖွင့်နိုင်ရေးအတွက် စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာ ချင်းတော်လှန်ရေး တပ်ဖွဲ့ ထိန်းချုပ်ထားသော ထန်တလန်မြို့နယ်ထဲက C3 တောင်ကုန်း (ပွိုင့် ၁၉၂၁ တောင်ကုန်း) ကို ဇွန်လ ၆ ရက်နှင့် အော်တိုတောင်ကုန်း (ပွိုင့် ၂၀၆၉ တောင်ကုန်း)ကို ဇွန်လ ၇ ရက် ၊ တာဝါတိုင်ကုန်းစခန်းကို ဇွန်လ ၈ ရက်တို့တွင် ပြန်သိမ်းယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။

ဇွန်လ ၉ ရက် ညနေပိုင်းတွင် စစ်တပ် ထိန်းချုပ်ထားသည့် ထန်တလန်မြို့ပေါ်က စခန်းကုန်းနေရာကို ဝင်ရောက်အခြေချနိုင်ခဲ့ ကြောင်း၊ လက်ရှိမှာ ဟားခါး – ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဟု စစ်တပ်ပြန်ကြားရေးက ထုတ်ပြန်သည်။

အဆိုပါဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်သည့်အတွက် ကုန်စည်ပို့ဆောင်မည့် မော်တော်ယာဉ် များနှင့် ပြည်သူများ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဟု စစ်တပ် ပြန်ကြားရေးက ဝါဒဖြန့်ထားသည်။

စစ်တပ်သည် ဇွန်လ ၅ ရက်မှစတင်၍ C3 တောင်ကုန်းနှင့် အော်တိုတောင်ကုန်းတို့ကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြု၍ စစ်ကား ၄ စီး၊ အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် ဟားခါး- ထန်တလန် လမ်းပေါ်က စခန်းကုန်းများကို ချင်းပူးပေါင်းတပ်က လက်လွှတ်ခဲ့ရသည်ဟု ချင်းအင်အားစုတချို့ထံမှ သိရသည်။

အဆိုပါစစ်တပ် စစ်ကြောင်းကို အမှတ် (၇၇၁) နည်းဗျူဟာမှူး ကာနယ် လွှမ်းမိုးနိုင်က ဦးစီးပြီး ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကြောင်းတစ်ကြောင်းသည် ထန်တလန်မြို့တွင်းရှိ စစ်တပ်နှင့် ပူးပေါင်းနိုင်ခဲ့ပြီး အခြားစစ်ကြောင်း တစ်ကြောင်းသည် ဟားခါး- ထန်တလန်လမ်းပိုင်း လုံခြုံရေးအတွက် ဖြန့်ကျက်နေရာယူထားသည်ဟု စစ်ရေးလေ့လာ စောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ထန်တလန်မြို့ပေါ်က ပူးပေါင်းစစ်ကြောင်းသည် မြို့ပေါ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှု လုပ်လာပါက ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ထပ်မံ ပြင်းထန်လာနိုင်ကြောင်း သိရသည်။

“ကျနော်သုံးသပ်ချက်အရ ရေတို ၁- ၃ လမှာ CNA ဌာနချုပ်ကို စစ်တပ်က တိုက်ရိုက် မြေပြင် ထိုးစစ်ဆင်ဖို့ထက် လေကြောင်း ဖိအား၊ ဒရုန်း၊ ထောက်ပံ့ရေး လမ်းကြောင်း ဖိအားတွေကို ပိုသုံးလာနိုင်တယ်။ အလယ်အလတ်ကာလ ၃-၆ လမှာတော့ ထန်တလန်မြို့ကို တည်ငြိမ်စွာ ထိန်ထားနိုင်၊ မနိုင်က အဓိက ဖြစ်လာမယ်။ မြို့ကို ခိုင်ခိုင်မာမာ ထိန်းထားနိုင်ပြီး စစ်ကူတွေ ဆက်လက် ရောက်ရှိလာရင်တော့ CNA အခြေစိုက်စခန်းတွေကို ဖိအားတိုးမြှင့်လာနိုင်တယ်” ဟု စစ်ရေးလေ့လာ စောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

ထန်တလန်မြို့ကို စစ်တပ်က အမှန်တကယ် ထိန်းချုပ်ထားနိုင်ပြီး ဟားခါး- ထန်တလန် လမ်းကိုပါ ဖွင့်ထားနိုင်ပြီးဆိုရင် စစ်တပ်၏ စစ်ရေးရည်မှန်းချက်သည် မြို့သိမ်းထားရုံးသာမက ထန်တလန်မြို့နယ်တစ်ခုလုံးကို စစ်ရေးကြားခံနယ်မြေ လုံခြုံရေးဇုန်အဖြစ် ပြန်တည်ဆောက်ရန် ဖြစ်လာနိုင်သည်ဟု သိရသည်။

၂၀၂၃ ဖေဖော်ဝါရီလမှစတင်၍ ထန်တလန်မြို့ပေါ်က အဓိက စစ်တပ် စစ်စခန်းများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပေါ်နေရာအများစုကို ထိန်းချုပ်ထားသကဲ့သို့ ဟားခါး- ထန်တလန်လမ်းကိုလည်း ထိန်းချုပ်ထား သည်ဟု သိရသည်။

ဧပြီလနှင့် မေလတို့တွင် ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုး စစ်ဆင် သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်တစ်ခုလုံးကို ထိုးစစ်အရှိန် မြှင့်တင်ကာ လုပ်ဆောင်လာလျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇိုလူငယ်များအားလုံး CDF-Tonzang သို့ပြန်လည်ပူးပေါင်းပြီး ခွန်အားသစ်ဖြင့်ရှေ့ဆက်ရန် CDF-Tonzang ဥက္ကဌပြော

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.