Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Kalay UG အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးမြို့မှာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး၊ စစ်သုံ့ပန် ၃ ဦး ဖမ်းမိ
ဓါတ်ပုံ - Kalay UG (ဖမ်းဆီးရမိသော စစ်သုံ့ပန် တစ်ဦး)

Kalay UG အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးမြို့မှာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး၊ စစ်သုံ့ပန် ၃ ဦး ဖမ်းမိ

0
By Editor on June 17, 2026 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ Kalay UG တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးသေဆုံးခဲ့ပြီး (၃) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု Kalay UG တပ်ဖွဲ့ထံက သိရသည်။

Kalay UG တပ်ဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားဝင်ရောက်တိုက် ခိုက်ခြင်းများကြောင့် ရက်ပေါင်း (၃၀) အတွင်း ဒုအရာခံဗိုလ် (၁) ဦး၊ တပ်ကြပ် (၁) ဦး အပါအဝင် (၇) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန် (၃) ဦး ဖမ်းဆီးရမိခဲ့သည်ဟု ဇွန်လ ၁၇ ရက်က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိမှု ရှိသည့်အပြင် လက်ပစ်ဗုံးများ အပါအဝင် ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိထားသည်ဟု သိရသည်။

Kalay UG တပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍ မြို့တွင်းစစ်ဆင်ရေးများအား ခြေသံလုံလုံဖြင့် အထိရောက်ဆုံး နှင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ယာဉ်တန်းများနှင့် စစ်ဆေးရေးဂိတ်များအနီး သွားလာလှုပ်ရှားခြင်းများအား အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် အသိပေးဖော်ပြထားသည်။

အဆိုပါ သတိပေးချက်အား လိုက်နာခြင်းမရှိဘဲ သွားလာခြင်းကြောင့် တစ်စုံ တစ်ရာ ထိခိုက်မှုဖြစ်ပွား ခဲ့ပါက Kalay UG တပ်ဖွဲ့အနေဖြင့် လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကိုသူရိန်ဇင် ပြင်းထန်အဖျားရောဂါကြောင့် ကွယ်လွန်

ခွင့်လွန်ရဲဘော်များပြန်လာရန် ကလေးတော်လှန်ရေးအဖွဲ့က အသိပေး

ဟားခါး- ထန်တလန်လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု အာဏာသိမ်းစစ်တပ်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.