(002MG)
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသအတွင်းရှိ အဓိကဆက်သွယ်ထားသည့် လမ်းပိုင်းများအား လက်ရှိတွင် စစ်ရေးအခြေအနေကြောင့် လုံးဝ(လုံးဝ) အသုံးပြု သွားလာခြင်းမပြုလုပ်ကြရန် ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းက ဇွန်လ (၂၉) ရက်ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
၎င်းပိတ်ထားသည့် လမ်းပိုင်းများမှာ လောင်းရှည်-ကပစ (၂၅) လမ်းပိုင်း၊ အင်ဘူး-လောင်းရှည်လမ်းပိုင်း ၊ သီးကုန်း- လောင်းရှည်နှင့် ပိန်းချောင်-လောင်းရှည် လမ်းပိုင်းတို့အား ဒေသခံပြည်သူများအနေဖြင့် လုံးဝ အသွားအလာ မပြုလုပ်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
ဇွန်လ (၂၇) ရက်နေ့တွင် ဆောမြို့နယ်၊ နတ်ကောင်းကျင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နတ်ကောင်းကျင်းကျေးရွာတွင် (၁) ကြိမ် နှင့် ရင်းကဲကျေးရွာ တောင်ဘက်တွင် (၃) ကြိမ် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ပြည်သူ (၄) ဦးသေဆုံးခဲ့ကာ (၈) ဦးဒဏ်ရာရရှိခဲ့သည်ဟု ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်းက ဖော်ပြထားသည်။
ဆောမြို့နယ် လောင်းရှည်ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုများရှိနေသော ကြောင့် လေကြောင်း အန္တရာယ် အထူးဂရုပြုရန်နှင့် လုံခြုံရာနေရာများ၊ ဗုံးခိုကျင်းများ ကြိုတင်ပြင် ဆင်ကြရန် အသိပေးနှိုးဆော်ထားပါသည်။
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများအနီးရှိ အဆောက်အအုံများတွင် နေထိုင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးကပ်စွာ အတူတကွ နေထိုင်ခြင်းများကိုလည်း ရှောင်ကြဉ် ကြရန် မေတ္တာရပ်ခံထားသည်။

