Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

0
By Editor on July 9, 2026 Headline

ရခိုင်တွင်လည်း မိုးမစဲဘဲ လမ်းမကြီးများနှင့် မြို့နယ် ၅ ခုထက်မနည်း ရေကြီးမှု ပိုမိုဆိုးရွားလာဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့တွင် မိုးအဆက် မပြတ် ရွာသွန်း၍ ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး အချို့နေရာများတွင် လူနေအိမ်များနှင့် ဘောလုံးကွင်းများ ရေနစ်မြုပ်မှုများ ရှိနေကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ကစကာ ယခုရက်ပိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများ စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ရေဘေးသင့်ပြည်သူ အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပလက်ဝမြို့နယ် လူသားစာနာဌာနမှ ဆလိုင်းစိုးသန်းက ပြောသည်။

“ကျွန်တော်ကြားသိရတာကတော့ ဆမီးဘက်မှာဆိုရင်လည်း ဆမီးမြို့ ဘောလုံးကွင်းတွေဘာတွေ မြုပ်တဲ့အထိ ဖြစ်တယ် ဆိုတော့ နေအိမ်တွေကတော့ ပျက်စီးမှု ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အိမ်ခြေက ဘယ်လောက်အထိ ဖြစ်တယ်ဆိုတာ၊ ဆုံးရှုံးမှု၊ ပျက်စီးမှုတွေပေါ့နော်၊ ရေဘေးသင့်ပြည်သူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ပြောဖို့ခက်တယ်။ ရေကတော့ တော်တော်လေးကြီးတယ်ဆိုတာ ကြားသိရတယ်။ ကုလားတန်တစ်ကြောဘက်မှာလည်း ရေကြီးတယ်လို့ ပြောတယ်။ ထိခိုက်မှု အခြေအနေကတော့ စုံစမ်းနေဆဲပဲပေါ့နော်” ဟု ဆလိုင်းစိုးသန်းက ဆိုသည်။

အလားတူ ပလက်ဝမြို့နယ်အတွင်းရှိ လေမျိုချောင်းနှင့် ဗုဒ္ဓဂါမကျေးရွာဘက်တွင်လည်း ရေကြီးရေလျှံမှုဒဏ်ကို ပြင်းထန်စွာ ခံနေရသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲများကြောင့် အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေဆဲဟု ဆိုသည်။

သို့သော်လည်း အချို့ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ပလက်ဝမြို့နယ် မောင်ရွာ၊ အထက်နှင့်အောက် ဗုဒ္ဓဂါမ၊ အလယ်ဒိန်ကင်းနှင့် နန်းမနူး စသည့် ကျေးရွာများတွင် လယ်စပါးခင်းများနှင့် လူနေတဲအိမ်အချို့ ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

အထူးသဖြင့် ဗုဒ္ဓဂါမကျေးရွာဘက်တွင် လူနေအိမ် ၄ အိမ်ထက်မနည်း ပျက်စီးသွားပြီး အလယ်ဒိန်ကင်းကျေးရွာအုပ်စု၊ ဗုဒ္ဓဂါမရွာမှ အိမ်ခြေ ၁၅ အိမ်ခန့်မှာ ဘေးလွတ်ရာတွင် ယာယီတဲများဆောက်လုပ်ကာ အရေးပေါ် တိမ်းရှောင်နေကြရ ကြောင်း သိရှိရသည်။

ချင်းပြည်နယ်နှင့် ကပ်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း၌လည်း ဇူလိုင်လ ၄ ရက်နေ့မှစ၍ မိုးမစဲဘဲ ဆက်တိုက်ရွာသွန်း နေခြင်းကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာကာ ကျေးရွာအများအပြား ရေနစ်မြုပ်နေကြောင်း ဒေသတွင်း သတင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်၏ အဓိက လမ်းမကြီးဖြစ်သည့် စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမကြီးမှာ ရေနစ်မြုပ်နေသည့်အတွက် ဒေသခံများနှင့် ခရီးသွားပြည်သူများ သွားလာရေး အဆင်မပြေဖြစ်ကာ အခက်အခဲကြီးစွာ ကြုံတွေ့နေရပြီး၊ ပုဏ္ဏားကျွန်း မြို့နယ် ယိုးချောင်းဒေသရှိ ကျေးရွာအချို့မှ ရေဘေးသင့်ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်း နေကြရကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းလာနိုင်သေးသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးဆက်လက်ကြီးနိုင်ပြီး၊ ဇူလိုင်လ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ပတ်တိုင်တိုင် မိုးဆက်လက် ထန်နေဦးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သတိပေးထားသည်။

Video/Photo credit

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.