(002MG)
ချင်းပြည်နယ်တွင် စစ်တပ်ကြောင့် ဇွန်လအတွင်းမှာ အမျိုးသမီး ၇ ဦးအပါအဝင် အရပ်သားပြည်သူ (၂၆) ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၁) ဦး အထိရှိခဲ့ကြောင်း Women for Justice (WJ) က ယနေ့ ဇူလိုင် (၂၄) ရက် တွင် သတင်းထုတ်ပြန်သည်။
စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇ ဦး၊ အမျိုးသား (၃) ဦး၊ ကျား၊မ ခွဲခြား၍ မရသူ (၉) ဦး၊ လူသားဒိုင်း၊ ဖမ်းဆီး သတ်ဖြတ်ခံရသူ အမျိုးသား (၄) ဦး၊ မြေမြှုပ်မိုင်းကြောင့် အမျိုး သား (၃) ဦး စုစုပေါင်း (၂၆) ဦး သေဆုံးခဲ့ရသည်ဟု WJ ကဆိုသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး၊ အမျိုးသား (၂) ဦး ၊ ကျား၊ မခွဲခြား၍ မရ သော (၁၇) ဦး နှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁) ဦး စုစုပေါင်း (၂၁) ဦး တို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၅) လုံး၊ အစိုးရအ ဆောက်အအုံ (၁) လုံး ထိခိုက်ပျက်စီးခဲ့ သည်ဟုလည်းဆိုသည်။
စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်၏ လူသားဒိုင်း၊ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၇) ဦး သတ်ဖြတ်ခံရကာ အမျိုးသား (၆၀) ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံရပြီး အမျိုး သား (၃၄) ဦး နှင့် အမျိုးသမီး (၁) ဦးတို့ လူသားဒိုင်းဖမ်းဆီးခံရသည်ဟု (WJ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ကြီးကြောင့် အမျိုးသမီး (၁) ဦး နှင့် ကျား၊မခွဲခြား၍ မရသော (၃) ဦးသေဆုံးခဲ့ရသည့်အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသား (၇) ဦး၊ အမျိုးသမီး (၁၃) ဦး ကျား၊မခွဲခြား မရသောလူဦး ရေ (၄) ဦး စုစုပေါင်း (၂၄) ဦးသေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦး၊ ကျား၊ မ ခွဲခြား၍မရသော (၂၀) ဦး စုစုပေါင်း (၂၇) ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူနေအိမ် (၂၅၂) လုံး ထိခိုက်ပျက်စီး ဘုန်းကြီးကျောင်း (၂) လုံး နှင့် အစိုးရအဆောက် အအုံ (၁) လုံး ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကြောင်းများနှင့် နီးစပ်သော နေရာများ၊ တောတောင်များထဲတွင် ထွက် ပြေးတိမ်းရှောင်နေရသော ကြောင့် အမျိုးသမီးများအတွက် ကာကွယ်ပေးမည့် စနစ်မရှိခြင်းဖြစ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမည့် အန္တရာယ်များ အမြဲတစေ မြင့်မားခြင်း၊ မိမိရှေ့တင် မိသားစုဝင်များသေဆုံးမှု မြင်တွေ့ရခြင်း၊ နေအိမ် များ မီးလောင်ပျက်စီးခြင်းနှင့် လေကြောင်းသံကြားရုံဖြင့် ထိတ်လန့်တုန်လှုပ်နေရခြင်းကြောင့် ရေရှည် စိတ်ဝေဒနာများအားခံစားရကြောင်း (WJ) က ဖော် ပြထားသည်။
ဆေးရုံ၊ ဆေးခန်းများ ပျက်စီးသွားခြင်းနှင့် ဆေးဝါး၊ ကျန်းမားရေးစောင့်ရှောက်မှုများမရရှိ သောကြောင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အမျိုသမီးထု၏ မျိုးပွားကျန်းမာရေး လျစ်လျူရှုခံထားရ ခြင်းများ ကြုံတွေ့နေကြ ရသည်ဟု ဆိုသည်။
Women for Justice (WJ) အမျိုးသမီးအဖွဲ့သည် တရားမျှတမှုအတွက် စစ်ကိုင်း တိုင်း နှင့် ချင်းပြည် နယ်တို့တွင် ဖြစ်ပွားနေသော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုများအား လစဉ် လတိုင်း မှတ်တမ်းတင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများပေးခြင်း၊ ထောက်ပံ့ကူညီပေးမှုများအား လုပ် ဆောင်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

