Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Starlink အင်တာနက်ကို အလုံးစုံမပိတ်ဘဲ ကျားဖြန့်စင်တာများကိုသာ ပစ်မှတ်ထား ပိတ်ပေးရန် SpaceX ထံ အရပ်ဘက်အဖွဲ့ ၂၅၅ ဖွဲ့ ပူးတွဲတောင်းဆို

Starlink အင်တာနက်ကို အလုံးစုံမပိတ်ဘဲ ကျားဖြန့်စင်တာများကိုသာ ပစ်မှတ်ထား ပိတ်ပေးရန် SpaceX ထံ အရပ်ဘက်အဖွဲ့ ၂၅၅ ဖွဲ့ ပူးတွဲတောင်းဆို

0
By Editor on July 22, 2026 Khonumthung

(004SS)

စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ်ခံနေရသည့် မြန်မာနိုင်ငံတွင်း စတားလင့်ခ့်အင်တာနက် အလုံးစုံပိတ်ဆို့ပါက အရပ်သားများ၏ အဓိကဆက်သွယ်ရေး ပြတ်တောက်သွားမည်ဖြစ်တာကြောင့် ဆိုက်ဘာလိမ်လည်မှုစင်တာများကိုသာ တိကျစွာ ပစ်မှတ်ထား ပိတ်ပင်ပေးရန် မြန်မာအင်တာနက်ပရောဂျက် (MIP) အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၅ ဖွဲ့က SpaceX ကုမ္ပဏီထံ ဇူလိုင်လ ၁၇ ရက်နေ့က ပူးတွဲတောင်းဆိုလိုက်သည်။

မြန်မာပြည်သူများမှာ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသဖြင့် Starlink စက်ပစ္စည်းများကို ငွေကြေးကျပ်တည်းသည့်ကြားမှ နည်းလမ်းမျိုးစုံရှာကာ ခက်ခက်ခဲခဲ အအစားထိုး ဝယ်ယူသုံးစွဲခဲ့ကြရခြင်းဟု အဆိုပါတောင်းဆိုချက်တွင် ဖော်ပြထားသည်။

ထိုသို့ သုံးစွဲနိုင်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေး၊ ဆေးဝါးကုသရေး၊ လေကြောင်းရန် ကြိုတင်သတိပေးရေးနှင့် မီဒီယာများ၏ သတင်းပေးပို့ရေးအတွက် ကြီးမားသည့် အထောက်အကူ ရရှိခဲ့ကြောင်း ဆိုသည်။

Apace X အနေဖြင့် Starlink ကို နယ်စပ်နှင့် ပြည်တွင်းရှိ ဆိုက်ဘာလိမ်လည်မှု၊ ကျားဖြန့် စင်တာများကို ပစ်မှတ်ထား နှိမ်နင်းရန် ပိတ်ဆို့ခြင်းဖြစ်သည်။

သို့သော် မကြာသေးမီက ပိတ်ပင်မှုတွင် ကျားဖြန့်စင်တာများနှင့် မသက်ဆိုင်သည့် စစ်ကိုင်း၊ မကွေးနှင့် ရခိုင်တို့ပါ ပါဝင်သွာ ဤသို့ အလုံးစုံ ပိတ်ဆို့လိုက်ခြင်းသည် ရာဇဝတ်ဂိုဏ်းများကို မတားဆီးနိုင်ဘဲ ခက်ခက်ခဲခဲ သုံးနေရသည့် အပြစ်မဲ့ ပြည်သူများကိုသာ ထိခိုက်စေလျက်ရှိကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က ဆိုသည်။

အကယ်၍ အလုံးစုံ ဆက်လက်ပိတ်ဆို့သွားမည်ဆိုပါက မြေပြင်တွင် အရေးပေါ် ကုသရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ စစ်ကောင်စီ၏ လေကြောင်းရန်နှင့် စစ်ကြောင်းထိုးမှုများကို ကြိုတင်သတိပေးနိုင်သည့် စနစ်များ ပျက်စီးသွားခြင်း၊ ကြားကာလ စာသင်ကျောင်းများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင် သတင်းပို့နေသည့် လွတ်လပ်သော မီဒီယာများ ထိခိုက်သွားခြင်းများ ကြုံတွေ့လာမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

လက်ရှိတွင် ချင်းလူမျိုးအများစုနေထိုင်သည့် ကလေးမြို့နှင့် ချင်းတောင်တွင် ဖုန်းလိုင်းနှင့် ပုံမှန်အင်တာနက်များပြတ်တောက်နေသော်လည်း Starlink အားဖြင့် ဆက်သွယ်နေနိုင်ဆဲဖြစ်သည်။

သို့သော် Starlink ပါ ထပ်မံ ဖြတ်တောက်ခံရပါက ပြည်သူများ၏ အခြေခံအသက်ရှင်ရပ်တည်ရေးမှာ ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်လာမည်ဟု ဒေသခံများက ဆိုသည်။

“အခုဆို ကလေးမြို့မှာ အင်တာနက်မပြောနဲ့၊ ချင်းတောင်ဘက်ကို ဖုန်းဆက်လို့တောင် မရအောင် ဖုန်းလိုင်းတွေပါ ပျက်နေတာ။ ဒီလို ဆက်သွယ်ရေးလိုင်းတွေပါ ထပ်ပြီး ဖြတ်တောက်ခံရရင်တော့ နိုင်ငံခြားရောက်နေသူတွေနဲ့ ဆက်သွယ်ဖို့ရော၊ ငွေလွှဲရတာပါ သိပ်ခက်သွားလိမ့်မယ်။ ဘာလ်ု့လဲဆိုတော့ နိုင်ငံရေး မကောင်းတော့ကတည်းက ပြည်သူတွေ အလုပ်အကိုင် မရှိကြတော့ဘူး။ လယ်လုပ်တာကအစ အဆင်မပြေ စစ်ဘေးရှောင်ရနဲ့ နိုင်ငံခြားရောက်တဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကိုပဲ အများစုက အားထားရတာဆိုတော့လေ။ နောက် သတင်းအဆိုးအကောင်းလည်း မသိနိုင်တော့ဘူးပေါ။” ဟု ကလေးမြို့မှ ချင်းအမျိုးသား ဒေသခံတစ်ဦးက ပြောသည်။

ချင်းလူမျိုးများသည် ပြည်ပရောက် မိသားစုဝင်များ ထောက်ပံ့သည့် ငွေကြေးပေါ် အဓိက မှီခိုနေရသဖြင့် အင်တာနက် ပြတ်တောက်သွားပါက အသက်မွေးဝမ်းကျောင်းနှင့် ငွေကြေးစီးဆင်းမှုပါ လုံးဝ ရပ်တန့်သွားမည် ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.