(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် လူငယ်များအား စစ်မှုထမ်းရန်အတွက် ဖမ်းဆီးရာတွင် နာမည်ကြီးနေသော မြို့သာ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည် ဓားထိုးခံရမှုတွင် ပြစ်မှုကျူးလွန်သူနှင့် သားဖြစ်သူကိုပါ ကလေး မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ မြို့သာရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်သည် ဩဂုတ်လ (၃) ရက်နေ့ညပိုင်းက ဓားဖြင့် ထိုးခံရပြီး ကျူးလွန်သူမှာထွက်ပြေးလွှတ်မြောက်ခဲ့သည်။
အဆိုပါြဖစ်စဉ်နှင့်ပတ်သက်၍ ဦးစိုင်းမောင်ကြည်၏ ဇနီးဖြစ်သူသည် ကလေးမြို့ရဲစခန်းသို့တိုင်ကြားကာ ဖခင်ဖြစ်သူကို မမိသည့်အတွက် သားဖြစ်သူဖမ်းဆီးခဲ့သည် ဟုသိရသည်။
ကလေးမြို့ခံတစ်ဦးက”ဓားနဲ့ထိုးတဲ့သူကို မမိဘူး၊ ဒါပေမယ့် သူ့သားကို ဖမ်းတော့ အဲ့လူကပြန်လာ ပြီးတော့ အဖမ်းခံ တာ။ အဖမ်းခံပေမယ့် သူ့သားရော၊ အဲ့လူကိုရော မလွတ်ပေးတော့ဘူး၊ နှစ်ယောက်လုံးကို ဖမ်းထားတော့တာ ၊ စိုင်း မောင်ကြည်အိမ်နဲ့ သူတို့အိမ်က တအိမ်ကျော်ပဲ သူတို့နဲ့နီးနီးလေးပဲ တရပ် ကွက်ထဲ တစ်လမ်းထဲပဲ။” ဟု ပြော သည်။
လက်ရှိတွင် သားအဖနှစ်ဦးစလုံးမှာ ကလေးမြို့၊ မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်း သိမ်း ခံထား ရသည်ဟု သိရသည်။
ဦးစိုင်းမောင်ကြည်သည် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေစဉ်ကာလနှင့် အနားယူပြီးကာလမှာလည်း ကလေးမြို့ တွင် စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးမှုမှာ ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး လူမုန်းများသူဖြစ်ကြောင်းသိရသည်။ ဓားထိုးခံရမှုကြောင့် ထိရှဒဏ်ရာများနှင့် ဦးခေါင်းမှာ ၅ ချက်ချုပ်လိုက်ရသည်ဟုသိရသည်။

