Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»MTC/ MDF ဥက္ကဌ နုတ်ထွက် ၊ လာမည့် ဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌသစ်ကို ရွေးချယ်မည်ဟုဆို

MTC/ MDF ဥက္ကဌ နုတ်ထွက် ၊ လာမည့် ဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌသစ်ကို ရွေးချယ်မည်ဟုဆို

0
By Editor on September 22, 2026 Headline

(006SV)

ချင်းပြည်နယ်၊ မရာချင်းတော်လှန်ရေး အင်အားစုတစ်ခုဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) / မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့၏ ဥက္ကဌ Dr Bik သည် ပြီးခဲ့သော ရက်ပိုင်းက ကျင်းပခဲ့သော ပုံမှန်ဗဟိုကောင်စီ အစည်းအဝေးတွင် နုတ်ထွက်စာတင်၍ နုတ်ထွက်သွားသည်ဟု သိရသည်။

တတိယအကြိမ် မရာပြည်သူ့ ညီလာခံသက်တမ်း၊ တတိယအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌမှ တင် သွင်းသော နုတ်ထွက်စာကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု ယင်းကောင်စီအစည်းအဝေးနှင့် ပတ်သက်၍ ယနေ့ စက်တင် ဘာလ ၂၂ ရက်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“အဓိကကတော့ တော်လှန်ရေးမှာ ပါ၀င်လာတာ ၅ နှစ်ကျော်လောက်ရှိနေပြီး၊ မိသားစုနဲ့‌ဝေးကွာနေရတာကြာ‌တော့ မိသားစုကို အချိန်ပြန်ပေးချင်တာတွေကြောင့် ဗဟိုကောင်စီအစည်းအဝေးမှာ နုတ်ထွက်စာ တင်လာရတာပါ။ ဥက္ကဌ အသစ်ကိုတော့ မရွေးချယ်ရသေးပါဘူး” ဟု MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

MTC/ MDF တွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Dr. Bik ၏ လစ်လပ်နေသော နေရာတွင် လက်ရှိမှာ ဥက္ကဌသစ်ကို မရွေးချယ်ရသေးကြောင်း၊ လာမည့် ဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌသစ်ကို ရွေးချယ် ခန့်အပ်သွားမည်ဟု သိရသည်။

ကြားကာလတွင် မရာချာတာ (Mara Charter) အရ ဒုဥက္ကဌ ၁ T. Biekhai က ယာယီတာဝန်ခံအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဒုတိယညီလာခံ သက်တမ်းကတည်းက ပြဌာန်း၍ အကောင်အထည်ဖော်နေသော စစ်မှုထမ်း အက်ဥပဒေ မူကြမ်းကို လည်း စနစ်တကျဖြစ်စေရန် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးနောက် ယခု တတိယအကြိမ် ညီလာခံသက်တမ်း၊ တတိယ အကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

“စစ်မှုထမ်းအက်ဥပဒေမူကြမ်းက ဒုတိယညီလာခံသက်တမ်း ကတည်းက ပြဌာန်းထား တာဖြစ်ပါတယ်။ အဲ့ဒါကို စနစ်တကျဖြစ်အောင် ပြန်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်နေဝာာက ကြာပါပြီ။ အခုမှ အတည်ပြု ပြဌာန်းထားတာပါ။ အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေးကော်မတီကပဲ အကောင်အထည်ဖော်သွားမှာပါ” ဟု MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မရာချင်းစစ်မှုထမ်းအပ်ဥပဒေအရ ဒေသခံပြည်သူများထဲက အသက် ၁၈ နှစ်နှင့် ၄၀ နှစ်ကြားတို့သည် စစ်မှုထမ်းရ သည်ဟု သိရသည်။

အဆိုပါဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌ နုတ်ထွက်မှုကို အတည်ပြုခြင်း၊ စစ်မှုထမ်းအက်ဥပဒေအတည်ပြုခြင်း၊ နိုင်ငံရေး ဦးဆောင်ကော်မတီဝင်များ ဖြည့်စွက်အတည်ပြုခြင်း၊ မရာပဋိညာဉ် ပြန်လည်စိစစ်သုံးသပ်ရေး ကော်မတီကို ပြန်လည်ဖွဲ့စည်းခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့အပါအဝင် အဆိုပေါင်း ၁၇ ခုတို့ ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ယင်းတို့ထဲတွင် ဌာနဆိုင်ရာများ၏ တတိယ ၆ လပတ် လုပ်ငန်းအစီရင်ခံစားများကို အထွေထွေ အတွင်းရေးမှူး မှတစ်ဆင့် တင်သွင်းဆွေးနွေးခြင်း၊ စစ်ရင်းစစ်ကော်မတီ၏ ငွေစာရင်းအစီရင်ခံစာကို ဆွေးနွေးအတည်ပြုခြင်း၊ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီမှ အသစ်ရွေးချယ်စေလွှတ်သော ဗဟိုကောင်စီဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကောင်စီ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း အတည်ပြုခြင်း၊ ကာကွယ်ရေး အက်ဥပဒေ (အမှတ် ၃/ ၂၀၂၂) နှင့် မြို့၊ တိုက်နယ် သို့မဟုတ် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးအက်ဥပဒေ (အမှတ် ၁/၂၀၂၂)ကို ပြင်ဆင်ပြဌာန်းချက်ကို အတည်ပြုခြင်းတို့လည်း ပါဝင်သည်ဟု သိရသည်။

မရာနယ်မြေအတွင်း အုပ်ချုပ်ရေး ယန္တရားများ စနစ်တကျ လည်ပတ်နိုင်ရေး၊ အားလုံးပါဝင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နိုင်ရေး၊ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) ကို ပိုမိုစနစ်ကျသော ကာကွယ်ရေးတပ်အဖြစ် တည် ဆောက်ရေးတို့ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု MTC ထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်၏ ထိုးစစ်များကို မဟာမိတ်တပ်ဖွဲ့များနှင့် အတူ ပူးပေါင်းခုခံကာကွယ်ဟန့်တားနိုင်ရေးနှင့် မရာပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည့်ဝလုံခြုံသော နိုင်ငံရေး အင်စတီကျူးရှင်းကို ဆက်လက် တည်ဆောက်သွားရန် ကြိုးစားအားထုတ်မည်ဟုလည်း MTC ထံမှ သိရသည်။

အဆိုပါဗဟိုကောင်စီအစည်းအဝေးကို စက်တင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ မရာနယ်မြေတစ်နေရာတွင် ကျင်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်း ဆာခေါင်း နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/ CB) ဥက္ကဌ ဆလိုင်း ထန်းချွမ်းဖေတို့လည်း တက်ရောက်သည်ဟု သိရသည်။

“ဒေါက်တာ လျန်မှုန်းဆာခေါင်းကို ဖိတ်ကြားတာကတော့ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတွက် တိုက်ပွဲ‌ ၀င်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်ရေးရာ ပြည်ထောင်စု၀န်ကြီးကို ဖိတ်ကြားရခြင်းပါ” ဟု MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအစည်းအဝေးကို ပြည်တွင်းမှ မရာလူထုကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ နိုင်ငံတကာမှ ကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ ဗဟိုကောင်စီဝင်များ၊ CDM ကိုယ်စားပြု ဗဟိုကောင်စီဝင်များ၊ အကြီးတန်းအတိုင်ပင်ခံ ပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားထားသူများ၊ အထူးအကြံပေးအဖွဲ့ဝင်များ၊ လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ပြီး အောင်မြင်စွာ ကျင်းပပြီးစီခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.