ချင်းပြည်နယ်မြို့တော် ဟားခါးအခြေစိုက် Mara ( Chin ) တွေက Mara Culture Committee ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဆလိုင်း ဘီးတူ ပြောပြချက်အရ သိရသည်။
ချင်းပြည်နယ်အစိုးရမှ ၂၆၊ ရ၊၂၀၁၃ ရက်စွဲဖြင့် မရာ(ချင်း) ရိုးရာဝတ်စုံ (Mara Culture Dress) ကို ပြည်နယ်အစိုးရထံသို့ သြဂုတ်လ (၂ ) ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် တရားဝင် အကြောင်းကြားလာသောကြောင့် အမြန်ဆုံး အကောင်အ ထည် ဖော်နိုင်အောင် ချင်းပြည်နယ်မြို့တော် ဟားခါးရှိ မရာ(ချင်း) လူကြီးများသည် ဒီနေ့ ၂၈၊ရ၊၂၀၁၃ နေ့တွင် အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပပြီး Mara Culture Committee ကို ဖွဲစည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
” အခုလို ပြည်နယ်အစိုးရကနေ မရာရိုးရာ ၀တ်စုံတင်ပြဖို့ အကြောင်းကြားတာက ၂၀၁၃ ဆီးဂိမ်းစ် မှာ ရိုးရာ အက ကဖို့ အစီအစဉ်ကြောင့်ဖြစ်နိုင်တယ်၊ နောက်ပြီး ကိုယ့်ဝတ်စုံ သူ့ ၀တ်စုံ ဆိုပြီး အချင်းချင်းကြား ငြင်းနေတဲ့ဟာလေးတွေ ရှင်းရှင်းလင်းလင်းရှိနေစေချင်
Mara Culture Committee အလုပ်အမှုဆောင် ကော်မတီဝင်များကို အောက်ပါအတိုင်းရွေးချယ်ကြသည်။
၁။ Pu Bie Tha ( ဥက္ကဌ )
၂။ Salai Vakhithie (ဒု- ဥက္ကဌ)
၃။ Salai Bietu ( အတွင်းရေးမှူး)
၎။ Salai Vakhai ( တွဲဖက်အတွင်းရေးမှူး)
၅။ Mai May Twe ( ဘဏ္ဍာထိန်း)
၆။ Mai Nao Soh ( အဖွဲ့ဝင်) နှင့်
နာယက အဖြစ် Pu Van Cin ( နာယက၊ ပြည်နယ် လွှတ်တော် အမတ်)
ထို့နောက် လုပ်ငန်း အကောင်အထည် အမြန်ဖော်ဆောင်ရန် အတွက် အောက်ပါ ဆုံးဖြတ်ချက် (၃)ခုကိုလည်း ချထား ခဲ့သည်။
၁။ Mara Culture Dress ကို ပြည်နယ်အစိုးရထံ သြဂုတ်လ ၂ရက်နေ့တွင် တင်ပြနိုင်ရန်။
၂။ ( ၂ရ) ကြိမ်မြောက် ဆီးဂိမ်းစ်တွင် Mara Dress ဖြင့် ရိုးရာအက တင်ဆက်ကပြရန် ပြည်နယ်အစိုးရက တောင်းဆို လာပါက တင်ဆက် ကပြနိုင်ရန်
၃။ မရာရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန် စသည်တို့ပါဝင်သည်။