အယ်ဒီတာချုပ်ထံ ပေးစာ

0

ကျတော်တို့ မတူပီမြို့နယ် စည်ပင်သာယာရေးဌာနက သောက်သုံးရေ ဖူလှုံရေးလုပ်ငန်းပြီးစီးအောင်မြင်ကြောင်း လိမ် လည် ဖွင့်ပွဲပြု လုပ်ခဲ့တယ်။

 

ချင်းပြည်နယ်မတူပီမြို့နယ်စည်ပင်သာယာရေးအဖွဲ့က စည်ပင်မှူး ဦးလှိုင်ဦးဟာ မတူပီမြို့ပေါ်တွင် တိုးချဲ့ရေပေးဝေ ရေးလုပ်ငန်း အကောင်အထည်ဖော်မှုလုပ်ငန်း ပြီးစီးအောင်မြင်သည့် ဖွင့်ပွဲကို ပြီးခဲ့တဲ့ မေလ (၁၇) ရက်နေ့မှာ ဌာနဆိုင်ရာ အကြီးအကဲ၊ မြို့မိမြို့ဖ၊ အသင်းတော်လူကြီးတွေကို ဖိတ်ကြားပြီး ရေလှောင်ကန် တည်ဆောက်တဲ့ မတူပီမြို့ကနေ (၂) မိုင်လောက်ဝေးတဲ့ ThinglawngCeng နေရာမှာ ပြုလုပ်ခဲ့တာပါ။

 

ဖွင့်ပွဲမှာ စည်ပင်မှူးက အများရှေ့မှောက်မှာ ရေပိုက်ခလုတ်ကို ဖွင့်ပေးခဲ့ရာ ရေလုံးဝ မလာတဲ့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာနဆိုင်ရာလူကြီးတွေဟာ မျက်စိမျက်နှာပျက်စွာ နောက်ပြန်ခေါက်ခဲ့ကြရတယ်၊ မြို့ နယ် ဒုတိယရဲမှူးကတော့ မနေနိုင်တော့လို့ စည်ပင်မှူးကို ဆဲဆိုရတော့တာပဲ။

 

ဒီလုပ်ငန်းကို စည်ပင်မှူးနဲ့ စည်ပင်အင်ဂျင်နီယာ ဦးနေအောင်တို့က ပူးပေါင်းအကောင်အထည်ဖော်တာပါ၊  လူထုကို ဒီတခါပဲ လိမ်ဒါမဟုတ်ဘူး၊ ယခင်အုပ်ချုပ်ရေးမှူး Gosuankhai  ထံမှာလည်း လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံခဲ့တယ်။ အဲဒီ အတွက် မတူပီမြို့မိမြို့ဖတွေက လက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွေးထံ တင်ပြတဲ့အတွက် ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး လေ့လာစုံစမ်းခိုင်းခဲ့ပါတယ်၊

 

စုံစမ်းစစ်ဆေးရေးအဖွဲ့က ၄င်းတို့တွေ့ရှိချက်ကို မေလ ၁၅ ရက်နေ့မှာ  အထွေထွေအုပ်ချုပ်ရေးမှူးထံ ပြန်လည်တင်ပြ သည်ကို စည်ပင်မှူးက မျက်နှာပြောင်တိုက်ပြီး ယခုလို  ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်တာပါ။ ၀မ်းနည်းစရာတခုက စည်ပင် မှူး လုပ်ရပ်ကို သိသိရက်နဲ့  အထက်လူကြီးတွေက တစုံတရာအရေးယူးပေးခြင်း မရှိတာကိုပါ။

 

မတူပီမြို့ပေါ်တိုးချဲ့ရေပေးစီမံကိန်းအတွက် နိုင်ငံတော်အစိုးရမှ သိန်းပေါင်း(၄၆၀)ခန့်ကို ၂၀၁၂ ဘဏ္ဍာနှစ်အတွက် ချ ပေးပြီး ၂၀၁၃ခုနှစ်မတ်လကုန် လုပ်ငန်းပြီးစီးရန်ဖြစ်ပါတယ်။ ထို့အပြင် မတူပီမြို့ပေါ် အိမ်ထောင်မိသားစုတခုလျှင် ကျပ်ငွေ(၅၀၀၀)စီ  စုစုပေါင်းကျပ်ငွေ(၅၀)သိန်းခန့်ဖြင့် အကုန်အကျခံပြီးပြုလုပ်ခဲ့တယ်၊ အဲဒီထဲက မြို့ပေါ်မှ (၆)မိုင် လောက်ဝေး သည့် ရေသွယ်မြောင်းကိုတော့ ပြည်သူလုပ်အားနဲ့တူးယူခဲ့တာပါ။

 

နိုင်ငံတော်က ဘတ်ဂျက်ငွေချမှတ်ပေးပြီးမှ ပြည်သူ့အကျိုးမပြု ၀န်ထမ်းမှန်သမျှကို  ထိထိရောက်ရောက် အရေးယူပေး သင့်တယ်။ ဒီလိုမှမဟုတ်ယင် သက်ဆိုင်ရာကိုယ်တိုင် မသမာမှု၊ နိုင်ငံတော်ဘတ်ဂျက်အလွဲသုံးစားမှုကို  အားပေးရာ ရောက် တယ်လို့ မှတ်ယူရမှာပါ။

 

ဒေသခံတဦး

မတူပီမြို့

Share.

About Author

Comments are closed.