အထူးကု ဆရာဝန်ကုသမှု ပြည်သူတွေ အားရ၀မ်းသာ

0

စစ်ကိုင်းတိုင်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျနေသော နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ဒေါက်တာ ကျော်ထက်ဝင်း၏ ဆေးဝါးကုသမှု၊ ဆက်ဆံရေးပြေပြစ်မှုအပေါ် ဒေသခံပြည်သူ၊ ဝေဒနာရှင်များ နှစ်ထောင်း အားရဖြစ်နေသည်ဟု သိရသည်။

ဒေါက်တာ ကျော်ထက်ဝင်းသည် နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ ဆေးပညာအထူးပြုဘာသာရပ်ကို နိုင်ငံခြားတွင် ဆွတ်ခူးခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ကျလာသည်မှာ ၂ လခန့်သာ ရှိသေးကြောင်း ၄င်း၏ လူနာအပေါ် စေတနာပြည့်ဝမှု၊ ကျွမ်းကျင်မှုတွေကြောင့် လာရောက်ကုသသူ လူနာများ စိတ်လက်ချမ်းသာကြကြောင်း သိရသည်။

“ ဒေါက်တာက အရမ်းကျွမ်းကျင်တယ်။ စိတ်ချရတယ်။ အရင်ဆရာဝန်တွေထက်ကျွမ်းကျင်မယ်ထင်တယ်။ ဘာကြောင့် လည်းဆိုတော့ ခွဲစိတ်ချိန်က ခဏလေးပဲ” ဟု လည်ပင်းကြီးရောဂါ ခွဲစိတ်ခံလူနာတစ်ယောက်က ယနေ့ ပြောသည်။

နောက်ထပ် လူနာတစ်ယောက်ကလည်း “ ဒေါက်တာက စေတနာရှိတယ်၊ ကန်တော့လက်ဆောင်ပေးတာ တစုံတရာ လက်မခံဘူး၊ လူနာကုသစရိတ်တောင် ကုန်နေရတဲ့အထဲ လက်မခံပါရစေနဲ့လို့ပဲ ငြင်းတယ်” ဟု ပြောသည်။

ခွဲစိတ် ကရိယာ မလုံလောက်မှုကြောင့် တပတ်လျှင် (၁) ရက် ကြာသပတေးနေ့တွင် ခွဲစိပ်ပြီး လူနာတစ်ဦးသာ ခွဲစိတ် ခွင့်ရှိကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါသည်များ တနလာင်္နေ့ နှင့် သောကြာနေ့များတွင် ဆရာဝန်ထံ ပြသနိုင် ကြောင်း သိရသည်။

” အခု ဒေါက်တာ ကျော်ထက်ဝင်းက လူနာတွေရဲ့ ခက်ခဲတင်ပြတာတွေကို သေချာစွာနားထောင်ပေးပြီး လူနာရှင်တွေ ကျေနပ်သည့်အထိ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတယ်၊ တကယ့်စေတနာရှိတဲ့ ဆရာဝန်ပါ” ဟု လူနာရှင် တဦးက ပြောသည်။

ယခင် ဆရာဝန်ကြီးများသည် တံစိုးလက်ဆောင်ပေးကမ်းနိုင်သူ ဝေဒနာရှင်များကိုသာ ဂရုစိုက်ကြပြီး ဆင်းရဲသား လူနာ များမှာမူ ဆရာဝန်များ၊ တာဝန်ကျ သူနာပြုများ၏ ဆဲဆိုအော်ငေါက်မှု များကို ကြုံတွေ့ရလေ့ရှိ သည်။

ကုတင် ၂၀၀ ဆန့် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် အကြားအာရုံဝေဒနာရှင်များကိုလည်း ခေတ်မှီ Audio test( နားစမ်းသပ်စက်) ဖြင့် စမ်းသပ်ကုသပေးနေပြီ ဖြစ်သော်လည်း လက်ရှိတွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးကုသ ဆောင်တွင် ကုတင်မလုံမလောက် ဖြစ်နေပါသည်။

Share.

About Author

Comments are closed.